Latest News

Thursday, February 23, 2017

ဗိုလ်ချုပ်လမ်း အက်ဖ်အမ်အိုင်စင်တာရုံးခန်းတွေ ဇွန်လမတိုင်ခင် ပြောင်းရွှေ့ရမည်

ဗိုလ်ချုပ်လမ်း အက်ဖ်အမ်အိုင်စင်တာရုံးခန်းတွေ ဇွန်လမတိုင်ခင်

ပြောင်းရွှေ့ရမည်


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ - ပန်းပဲတန်း မြို့နယ် ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတဲ့ အက်ဖ်အမ်အိုင်စင်တာက ရုံးခန်းတွေနဲ့ ဈေးဆိုင်ခန်းတွေကို လာမယ့် ဇွန်လမတိုင်မီပြောင်းရွှေ့ပေးရမှာဖြစ်တယ်လို့ First Myanmar Investment(FMI) ဘဏ္ဍာရေး အမှုဆောင်အရာရှိချုပ် ဦးထွန်းထွန်းက ပြောပါတယ်။

First Myanmar Investment(FMI) ရဲ့ဆောက်လုပ်ရေးလုပ်ငန်းဖြစ်တဲ့ Landmart  Development အဆင့်မြင့် အ ဆောက်အအုံ စီမံကိန်းဧရိယာထဲပါဝင်တာကြောင့် အက်ဖ်အမ်အိုင်စင်တာကို လာမယ့်ဇူလိုင်လလောက်မှာ အပြီးသတ် ဖြိုချဖို့အတွက်စီစဉ်ထားတာ ဖြစ်ပါတယ်။

အက်ဖ်အမ်အိုင်စင်တာမှာ ရုံးခန်းတွေ၊ ဈေးအရောင်းဆိုင်တွေနဲ့ စီးတီးမတ်စူပါမားကက်စတာတွေကို ဆိုင်ခန်းငှားရမ်း ထားတာဖြစ်ပါတယ်။ အက်ဖ်အမ်အိုင်စင်တာ အပါဝင်ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်က မြန်မာ့မီးရထား ရုံးချုပ်အ ဆောက်အအုံနေရာ မြေ ၁၀ ဧကခန့်မှာ အဆင့်မြင့် ဟိုတယ်၊ ရုံးခန်း၊ ကွန်ဒိုစတဲ့ဆောက်လုပ်ရေး စီမံကိန်းတွေတည် ဆောက်မှာဖြစ်ပါတယ်။

သည်အဆင့်မြင့် အိမ်ရာစီမံကိန်းမှာ၁၈၈၀ ပြည့်နှစ်ဝန်းကျင်က တည်ဆောက်ထားတဲ့ မြန်မာ့မီးရထားရုံးချုပ်အဆောက် အအုံကိုရှေးမူမပျက် ပြန်လည်ပြုပြင်ပြီး Peninsula Hotel Yangon ဟိုတယ်အဖြစ် ပြင်ဆင်မွမ်းမံပြီး တည်ဆောက်မှာ ဖြစ်ပါတယ်။ ဘေးမှာရှိတဲ့ အက်က်ဖ်အမ်အိုင်စင်တာကိုဖြိုချပြီး  တိုက်သစ်လေးလုံးတည်ဆောက်မှာဖြစ်ပါတယ်။ ဇိမ် ခံကွန်ဒိုမီနီယံအဆောက် အအုံနှစ်လုံး၊ စီးပွားရေးလုပ်ငန်းသုံး ဟိုတယ်တစ်လုံး၊ ဝန်ဆောင်မှုပါဝင်မယ့် လူနေတိုက်ခန်းတွေ Greate A အဆင့်ရှိတဲ့ ရုံးခန်းတွေပါရှိတဲ့ တာဝါတွေနဲ့ လက်လီအရောင်းဆိုင်တွေကို တည်ဆောက်မှာဖြစ်ပါတယ်။
Landmart Development အဆင့်မြင့်အဆောက်အအုံစီမံကိန်းက အမေရိကန်ဒေါ်လာ သန်း  ၆၀ဝ ကျော်ရင်းနှီးမြှုပ်နှံ တဲ့လုပ်ငန်းဖြစ်ပါတယ်။

ဆောက်လုပ်ရေးစီမံကိန်းကို The Hongkong and Shanghai Hotels,  Mitsubishi Corp-oration, Mitsubishi Estate, IFC, ADB တို့နဲ့ ပူးပေါင်းတည်ဆောက်မှာ ဖြစ်ပါတယ်။

သည်စီမံကိန်းကိုသည် ဖေဖော်ဝါရီလမှ  စတင်တည်ဆောက်မှာဖြစ်ပြီး စီမံကိန်းကာလ သုံးနှစ်နဲ့ ၂၀၂၀ ပြည့်နှစ်ကုန် လောက်မှာအပြီးတည်ဆောက်မှာဖြစ်ပါတယ်။ သည်စီမံကိန်းကအဆောက်အအုံလေးလုံးမှာ တစ်ခုကိုသာရောင်းချမှာဖြစ် ပြီးကျန်တဲ့အဆောက်အအုံတွေကို ငှားရမ်းတာတွေဆောင်ရွက်မှာဖြစ်ပါတယ်။

ပို့ပို့မြင့်မွန်

Kumudra


No comments:

Post a Comment