ပုသိမ်မြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်အတွင်း တရားမ၀င်နွားများ
သယ်ဆောင်လာသည့် စက်လှေတစ်စင်း ဖမ်းဆီးရမိ
နေပြည်တော် ဖေဖော်ဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်အတွင်း တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့် ပင်လယ်ပြင်လုံခြုံရေးဆောင်ရွက် စဉ် ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် ပုသိမ်မြို့၏တောင် ဘက် ရေမိုင် ၁၈ မိုင်ခန့်အကွာရှိ မြန်မာ့ရေပိုင်နက်အတွင်း၌ မသင်္ကာဖွယ်လှေတစ်စင်းအား တွေ့ရှိစစ်ဆေးရာ တရားမ၀င်စက်လှေပေါ်မှ ဦးဇော်ထွေး(ဘ)ဦးပျော့၊ ဦးသန်းထွန်း(ဘ)ဦးသောင်းကျော်၊ ဦးရွှေဝင်း(ဘ) ဦးကြည်ဝင်းနှင့် ဦးချစ်ကောင်း(ဘ)ဦးကြည်မြင့်တို့ကိုတရားမ၀င် သယ်ဆောင်လာသည့် နွားရှစ်ကောင်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများ၊ လှေနှင့် နွားများအား ဟိုင်းကြီးကျွန်းမြို့နယ်ရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Monday, February 27, 2017
ပုသိမ်မြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်အတွင်း တရားမ၀င်နွားများ သယ်ဆောင်လာသည့် စက်လှေတစ်စင်း ဖမ်းဆီးရမိ
ပုသိမ်မြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်အတွင်း တရားမ၀င်နွားများ သယ်ဆောင်လာသည့် စက်လှေတစ်စင်း ဖမ်းဆီးရမိ
Reviewed by Ar Ti
on
8:05 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment