Latest News

Wednesday, February 15, 2017

မြောက်ကိုရီယား ခေါင်းဆောင်၏ အကို ဖြစ်သူအား သတ်ဖြတ်မှု နှင့် စပ်လျင်းပြီး မြန်မာ အမျိုးသမီး တဦး ဖမ်းဆီးခံရ

မြောက်ကိုရီယား ခေါင်းဆောင်၏ အကို ဖြစ်သူအား သတ်ဖြတ်မှု နှင့် စပ်လျင်းပြီး မြန်မာ အမျိုးသမီး တဦး ဖမ်းဆီးခံရ
====
=========================>

မြောက်ကိုရီယား ခေါင်းဆောင် ကင်ဂျောင်အန်း၏ ဖအေတူ မအေကွဲ အကို ဖြစ်သူ ကင်ဂျောင်နန် သေဆုံးမှုတွင် မြန်မာနိုင်ငံမှ အမျိုးသမီး တဦးကို ကွာလာလမ်ပူရှိ နိုင်ငံတကာ လေဆိပ်တွင် မလေးရှား ရဲအဖွဲ့ က ဖမ်းဆီး ထိမ်းသိမ်း လိုက်ကြောင်း ရိုက်တာ သတင်းဌာန က ဖေါ်ပြထားပါတယ်။

အသေးစိတ် အချက်အလက်များကို မသိရှိရသေးပဲ မလေးရှား ရဲအဖွဲ့ မှလည်း အဆိုပါ သတင်းကို ထင်မြင်ချက် ပေးရန် ဆက်သွယ်၍ မရသေးလို့ သိရပါတယ်။

သေမှု သေခင်း စစ်ဆေးသူများက အလောင်းကို စစ်ဆေးလျက် ရှိနေပါတယ်။

တောင်ကိုရီယား ထောက်လှမ်းရေး အေဂျင်စီ အကြီးအကဲက  မြောက်ကိုရီယား အေးဂျင့် အမျိုးသမီး နှစ်ဦးက ၎င်းတို့ ၏ ခေါင်းဆောင်နှင့် စိတ်ဝမ်းကွဲနေသော အကို ဖြစ်သူကို အဆိပ်ခတ်၍ လုပ်ကြံ သတ်ဖြတ်လိုက်သည်ဟု သံသယ ရှိနေကြောင်း ၎င်းနိုင်ငံရှိ လွှတ်တော်အမတ်များကို ပြောခဲ့ကြောင်း သိရပါတယ်။

ကင်ဂျောင်နန်သည် ကင်ဂျောင်အန်းနှင့် စိတ်သဘောထားချင်း မတိုက်ဆိုင်သဖြင့် မကာအို တွင် နေထိုင်ခဲ့ပါတယ်။

ယခု ကွာလာလမ်ပူမှ မကာအို သို့ ပြန်လည် ထွက်ခွာရန် လေဆိပ်ရှိ deoarture hall အတွင်း လမ်းလျောက်လာစဉ် အခုလို အတိုက်ခိုက် ခံလိုက်ရတာ ဖြစ်ပါတယ်။

ထိုနောက် ကင်ဂျောင်နန်း မှ လေဆိပ်ကြို ဆိုရေး ကောင်တာ မှ ၀န်ထမ်းအား အမျိုးသမီး ၂ ဦးမှ သူ့အား နောက်မှ ဖမ်းဆွဲပြီး မျက်နှာကို အရည်တမျိုး နှစ် ပက်လိုက်တယ်လို့ ပြောသွားနိုင်ခဲ့ပါတယ်။

အချို့ သော သတင်းများကလည်း မြန်မာပြည်မှ ပြန်လာသော ဗီယက်နမ် အမျိုးသမီး လို့ ဆိုနေပါတယ်။

ကိုးကား။  ။ South China Morning Post / Reuters

HSW

No comments:

Post a Comment