Latest News

Monday, February 27, 2017

တပ်မတော်ခေါင်းဆောင်များ အစည်းအဝေးတွင် တပ်ချုပ်က အုပ်ချုပ်ရေးပိုင်းဆိုင်ရာများ အလေးထားပြောကြား

တပ်မတော်ခေါင်းဆောင်များ အစည်းအဝေးတွင် တပ်ချုပ်က အုပ်ချုပ်ရေးပိုင်းဆိုင်ရာများ အလေးထားပြောကြား

တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်များ တက်ရောက်သော ဖေဖော်ဝါရီ ၂၇ ရက်အ စည်းအဝေးတွင် အုပ်ချုပ်ရေး မဏ္ဍိုင်ဆိုင်ရာ ကိစ္စရပ်များကိုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အသားပေးပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်သည် ဒုတပ်ချုပ်၊ ကာ ကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ကာကွယ် ရေးဦးစီးချုပ် (ရေ)၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ တိုင်းမှူးများ၊ တပ်မမှူး များနှင့် တနင်္လာနေ့က တွေ့ဆုံခဲ့ သည်။

တပ်မတော်ကာကွယ်ရေးဦး စီးချုပ်ရုံး ထုတ်ပြန်ချက်အရ တပ် ချုပ်သည် ကုန်ဈေးနှုန်း၊ အလုပ် အကိုင်အခွင့်အလမ်း၊ ကုန်ထုတ် လုပ်ငန်း စသည့် စီးပွားရေး ဆိုင် ရာများ၊ ကျန်းမာရေး ကဏ္ဍ၊ ပညာရေးကဏ္ဍ၊ မျိုးချစ်စိတ်နှင့် ဘာသာရေးကိုင်းရှိုင်းမှု၊ နယ်မြေ ဒေသဖွံ့ဖြိုးတိုးတက်ရေး စသည် တို့တွင် တပ်မတော်က ပါဝင်လုပ် ဆောင်မည့် အစီအစဉ်များကို ညွှန်ကြားခဲ့ပြီး တရားမ၀င် သစ်၊ ကျောက်စိမ်းနှင့် မူးယစ်ဆေးဝါး များကို တပ်မတော်က ဖမ်းဆီးခဲ့မှု များလည်း ထည့်သွင်းပြောကြား ခဲ့သည်ကို တပ်မတော်၏ ထုတ် ပြန်ချက်တွင် တွေ့ရသည်။

‘ကာကွယ်ရေးသည် စစ်ရေး တစ်ခုတည်းသာမကဘဲ များစွာ ကျယ်ပြန့်၊ နိုင်ငံတော်ကာကွယ် ရေးတာဝန်များကို ကျယ်ကျယ် ပြန့်ပြန့် စဉ်းစားလုပ်ဆောင်’ဟု တပ်မတော်အရာရှိကြီးများအား တပ်ချုပ်က ညွှန်ကြားခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဒီမိုကရေစီ အသွင်ကူး ပြောင်းမှုတွင် ဦးသိန်းစိန်လက် ထက်နှင့် ယခု အစိုးရလက်ထက် ပထမနှစ်တိုင်အောင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ထင်သလောက် ခရီးမပေါက်သေးသည်ကို တွေ့ရ ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောသည်။ ရွေး ချယ်ခံ အစိုးရများသည် ပါတီ၏ မူဝါဒ၊ ရပ်တည်ချက်၊ ဦးဆောင် မှု၊ လုပ်ဆောင်မှုများဖြင့်  အ ကောင်အထည်ဖော် ဆောင်ရွက် နေပြီး ယင်းအချက်များ မအောင် မြင်ပါက ပြည်သူက လက်ခံမည်မ ဟုတ်ကြောင်းလည်း ၎င်းက ဆို သည်။

တပ်မတော်သည် ကုန်ဈေး နှုန်းထိန်းသိမ်းရေးတွင် ပါဝင်ကူ ညီရမည်။ ပြည်သူလူထု၏ ကုန် ထုတ်လုပ်ငန်းများနှင့် ၀င်ငွေရ မည့်လုပ်ငန်းများ အောင်မြင်ရန် ကူညီရမည်။ ဒေသတွင်း အလုပ် အကိုင်အခွင့်အလမ်းများနှင့် ဒေ သထွက် အရည်အသွေးမြင့် ကုန် ထုတ်လုပ်ငန်းများ ဖန်တီးလုပ် ဆောင်ရမည်ဟု တပ်ချုပ်က ညွှန် ကြားသည်။ ကျန်းမာရေးကဏ္ဍ တွင်လည်း ကျေးလက်ဒေသများ၊ ကျန်းမာရေးလိုအပ်ချက်ရှိသော ဒေသများတွင် တပ်မတော်က ကျန်းမာရေးစောင့်ရှောက်မှုများ ဖြည့်ဆည်းလုပ်ဆောင်ပေးလျက် ရှိသည်ဆိုပြီး ၂၀၁၂ မှ ၂၀၁၆ အတွင်း တပ်မတော်က ကျန်းမာ ရေးစောင့်ရှောက်မှုအောက်တွင် ဆေးဝါးကုသမှုခံယူသည့် ပြည်သူ ၁,၃၃၂,၀၁၂ ဦးရှိခဲ့ပြီး ယင်းအ နက်မှ ၁၃,၄၁၃ ဦးအား တပ်မ တော်ဆေးရုံများသို့ ပြောင်းရွှေ့ တက်ရောက်စေ၍ ဆေးကုသမှု များ လုပ်ပေးခဲ့သည်ဟုဆက်လက်ပြောသည်။

ပညာရေး ကဏ္ဍတွင်လည်း တပ်မတော်သည် မိမိပတ်ဝန်း ကျင်ရှိ စာသင်ကျောင်းများတွင်ရှိ သည့် ပညာရေးဝန်ထမ်းများ၏ နေရေး၊ စားရေး ကိစ္စရပ်များကို လည်း တတ်စွမ်းသမျှ ကူညီဖြည့် ဆည်းပေးရမည်၊ စာသင်ကျောင်း များ၏ လိုအပ်ချက်များကိုလည်း အမြဲမပြတ်စစ်ဆေးကြပ်မတ်၍ ကူညီအားဖြည့်ပေးရမည် စသည် တို့ကို ပြောခဲ့သည်။

ထို့အပြင် လူငယ်များ ဗလ ငါးတန်နှင့် ပြည့်စုံသည့်အပြင် တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ် နှင့် နိုင်ငံတော်ကို ကာကွယ်လို စိတ်များ ဖြစ်ပေါ်ကိန်းအောင်းနေ စေရေး၊ သက်ဆိုင်ရာဘာသာရေး အရ ရိုသေကိုင်းရှိုင်းမှု၊ ယဉ်ကျေး လိမ္မာမှုရှိရေးတို့ကို သွန်သင်ဆုံး မပြုပြင်ပေးကြရမည်ဟုလည်း တပ်ချုပ်က ပြောသည်။ တပ်မ တော်အနေဖြင့် လူငယ်များအ တွက် ရေကြောင်းလူငယ်၊ လေ ကြောင်းလူငယ်သင်တန်းများ ဖွင့် လှစ်ပေးထားပုံကိုလည်း ၎င်းက ထည့်သွင်းပြောခဲ့သည်။

ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်မြေဒေသအလိုက် ရေအား၊ လေအား၊ ဆိုလာ၊ ဘိုင်အိုဒီဇယ် စသည်ဖြင့် အသေးစားလျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုများ လုပ် ဆောင်နိုင်ရန် ကြိုးစားဆောင်ရွက် ကြရန်လိုသည်ဟု တပ်ချုပ်က ဆို သည်။ လျှပ်စစ်ဓာတ်အား မလုံ လောက်သဖြင့် ချက်ပြုတ်ရေး ကိစ္စရပ်များတွင် ထင်း၊ မီးသွေး များအသုံးပြုနေရ၍ တပ် ဌာန ချုပ်အလိုက် ထင်းစိုက်ခင်းများ စိုက်ပျိုးကြရမည်ဖြစ်ကြောင်း၊ တပ်သာမက တပ်ပတ်ဝန်းကျင် နယ်မြေဒေသတွင်ပါ ထင်းစိုက် ခင်းများ၊ စိုက်ပျိုးရေး သစ်တော ဦးစီးဌာနနှင့် ပေါင်းစပ်၍ စည်းရုံး လုပ်ဆောင်ရန်လိုကြောင်း ၎င်းက ညွှန်ကြားသည်။ ယခုနှစ် မိုးရာသီ တွင် တပ်ဧရိယာ၌ သာမက တပ်ဌာနချုပ်ရှိရာ နယ်မြေအ လိုက် အုပ်ချုပ်ရေးအဖွဲ့အစည်း များ၊ ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများနှင့် ပူးပေါင်း သစ်ပင် စိုက်ပျိုးမှုများ လုပ်ဆောင်ရန် လို သည်ဟု တပ်ချုပ်ကဆိုသည်။

တပ်မတော်သည် ၂၀၁၆ အ တွင်း တရားမ၀င်သစ် ၈၅၄၂ ဒသမ ၃၈ တန်၊ တရားခံ ၃၉၄ ဦး၊ ယာဉ် ၂၆၆ စီး၊ ယန္တရား ၂၄ စီး၊ သစ်စက် ၂၃ ခုနှင့် ချိန်းဆောများ၊ စက်သုံးဆီများ ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီးဌာန တွက်ချက်မှု အရ တန်ဖိုး ကျပ်သိန်းပေါင်း ၄၆,၅၈၀ ခန့်ရှိသည်ဟု တပ်ချုပ် က ပြောသည်။ ပြီးခဲ့သည့်တစ်နှစ်တည်းမှာပင် တပ်မတော်က ဖမ်းဆီးရမိသည့် ကျောက်စိမ်း ၁၃,၇၅၈ ဒသမ ၂၆၄ ကီလိုဂရမ် (၁၃ ဒသမ ၇၅၈ တန်)ရှိပြီး ယခု နှစ် ဖေဖော်ဝါရီ အတွင်းတွင် လည်း ဖားကန့်ဒေသမှ ကျောက် စိမ်း ၂၃,၈၀၂ ဒသမ ၇၄ ကီလို ဂရမ် (၂၃ ဒသမ ၈၀၂ တန်)တို့ကို ဖမ်းဆီးရမိခဲ့ပြီး လွှဲပြောင်းအပ်နှံခဲ့ သည်ဟုဆိုသည်။ ဘိန်းဖြူ ၁,၆၃၃ ဒသမ ၃၆၈ ကီလိုဂရမ်၊ ဘိန်းစိမ်း ၃၇၂ ဒသမ ၂၉၇ ကီလို ဂရမ်၊ ဘိန်းမည်း ၁၀ ဒသမ ၄၅၈ ကီလိုဂရမ်၊ ဆေးခြောက် ၆၅၃ ဒသမ ၅ ကီလိုဂရမ်၊ စိတ်ကြွရူး သွပ်ဆေးပြား ၄၃,၅၃၄,၄၇၀ ပြား တန်ဖိုးအားဖြင့် ကျပ်ငွေ ၁၆၀ ဘီလီယံကျော် တပ်မတော်က ဖမ်းဆီးခဲ့သည်ဟုဆိုသည်။
 
7Day News Journal

No comments:

Post a Comment