Latest News

Sunday, February 12, 2017

ငြိမ်းချမ်းခြင်းကို ထမ်းပိုးခဲ့ပါ ပင်လုံ

ငြိမ်းချမ်းခြင်းကို ထမ်းပိုးခဲ့ပါ ပင်လုံ

နှစ်ပေါင်း ၇၀။ ပြည်ထောင်စုနေ့ကို မွေးထုတ်ပေးခဲ့တဲ့ကာလဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်ဖေဖော် ၀ါရီ ၁၂ ရက်နေ့မှာ ပင်လုံစာချုပ် နဲ့အတူ ပေါ်ထွက်ခဲ့တာဖြစ်ပါ တယ်။

အဲဒီနေ့ဟာ မြန်မာနိုင်ငံကို တောင်တန်းနဲ့ ပြည်မဆိုပြီးပိုင်း ခြားစိတ်ဖြာသွေးခွဲအုပ်ချုပ်ဖို့ အင်္ဂ လိပ်နယ်ချဲ့ရဲ့ အကြံအစည်ကို တွန်းလှန်နိုင်ခဲ့တဲ့နေ့။ တိုင်းရင်း သားညီအစ်ကိုမောင်နှမများသွေး စည်းညီညွတ်ခြင်းကို ပြသခဲ့ကြတဲ့ နေ့။ တစ်နိုင်ငံလုံး လွတ်လပ်ရေး ရဖို့အတွက် အာမခံနိုင်ခဲ့တဲ့နေ့ ဖြစ်ပါတယ်။ အခုဆိုရင်နှစ်ပေါင်း ၇၀ သို့တိုင် ရောက်ရှိခဲ့ပါပြီ။

ဒီလိုဖြတ်သန်းခဲ့ပြီးတဲ့ နှစ် ပေါင်း ၇၀ ဆိုတဲ့အတိတ်ကာလ ကို ပြန်ပြောင်းကြည့်မယ်ဆိုရင် တော့ ပြည်တွင်းစစ်ဆိုတဲ့ အရိပ် မည်းကြီးသာ ထင်ထင်ရှားရှား တွေ့မြင်ရမှာဖြစ်ပါတယ်။ စိတ် မကောင်းစရာသမိုင်းမှတ်တမ်း ဆိုးကြီးအဖြစ် ထင်ကျန်နေပါ တယ်။ ဒီအရိပ်မည်းကြီးဟာဖြင့် ဒီကနေ့ကာလအထိတိုင်လည်း ဆက်လက် အုပ်မိုးထားဆဲပဲ ဆို တာဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေက သက်သေထူနေ ပါတယ်။

 ဒီလိုလက်နက်ကိုင်ပဋိပက္ခ တွေ ချုပ်ငြိမ်းစေဖို့အတွက် သမ္မ တဟောင်း ဦးသိန်းစိန်အစိုးရ လက်ထက်ကစပြီး တစိုက်မတ် မတ် ပြန်လည်ကြိုးပမ်းခဲ့ပါတယ်။ ဒီလိုကြိုးပမ်းခဲ့တဲ့ ငြိမ်းချမ်းရေး ခရီးလေးနှစ်တာအတွင်း တစ် နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ် စဲရေးသဘောတူစာချုပ်(NCA) မှာ တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့ပါဝင်လက်မှတ်ရေးထိုးနိုင် ခဲ့သလို ပထမအကြိမ် ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံကို လည်း ကျင်းပနိုင်ခဲ့ပါတယ်။

အဲဒီကနေ ၂၀၁၆ မတ်လ ၃၁ ရက်မှာ ဒီချုပ်အစိုးရတက်လာ ခဲ့ပါတယ်။ ငြိမ်းချမ်းရေးအတွက် အားသွန်ကြိုးပမ်းလာခဲ့တာကို လည်းတွေ့ရပါတယ်။ အစိုးရဖွဲ့ ပြီး ငါးလအကြာမှာပဲ ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံညီလာခံ ပထမအစည်းဝေးကို ကျင်းပခဲ့ပါတယ်။

ဒီလို အချိန်တိုတိုအတွင်း မြန်မြန်ကျင်းပရခြင်းနဲ့ပတ်သက် ပြီး ရှိတဲ့အချိန်ကိုလုပြီး လုပ်နေ ရတာဖြစ်ကြောင်း၊ ပြည်သူလူထု ထောက်ခံမှုမရှိရင် ဘယ်အဖွဲ့အ စည်းဖြစ်ဖြစ်၊ ဘယ်ကိစ္စဖြစ်ဖြစ် အောင်မြင်အောင် လုပ်နိုင်မှာ မဟုတ်ကြောင်း၊ ပြည်သူလူထုရဲ့ ယုံကြည်မှု၊ ထောက်ခံမှု၊လေးစား မှုရဖို့ ညီလာခံကိုဖြစ်မြောက် အောင် အားလုံးဝိုင်းဝန်းကြိုးစား ဖို့လိုကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ညီလာခံပိတ်ပွဲနေ့ ကျေး ဇူးတင်စကားမှာ ထည့်သွင်းပြော ဆိုခဲ့ပါတယ်။

‘‘ကျွန်မတို့ဟာ ဒီလောက ကြီးထဲကို လာသွားရတာဟာတစ် ခဏလေးပါ။ ကျွန်မတို့အသက် ဘယ်လောက် ရှည်နိုင်မလဲ။ ကျွန်မသိသလောက် ကမ္ဘာ့အ သက်ရှည်ဆုံးပုဂ္ဂိုလ်ဟာ ၁၂၀ လောက်ဖြစ်ပါတယ်။ ၁၂၀ ဆို တာ ဘာမှမဟုတ်ပါဘူး။ နိုင်ငံ တစ်နိုင်ငံရဲ့ သက်တမ်းနဲ့စာလို့ရှိ ရင် ကမ္ဘာကြီးရဲ့သက်တမ်းနဲ့စာလို့ ရှိရင် ၁၂၀ ဆိုတာ ဘာမှမဟုတ်ပါ ဘူး။ ကျွန်မတို့တွေကံကောင်းလို့၊ ကျန်းမာရေးကောင်းလို့ ၁၂၀ အ ထိနေနိုင်တယ်ပဲဆိုပါဦးစို့။ ဒီ ၁၂၀ ဆိုတာ တစ်ခဏလေးပါပဲ။ ကျွန်မတို့လို အသက်ရောက်နေ တဲ့သူတွေဆိုရင် ၁၂၀ ထိနေဖို့ ဆိုတာ သိပ်တော့မကျန်တော့ပါ ဘူး။ ဒီတော့ကျွန်မတို့ဟာ ကိုယ်ရှိ တဲ့အချိန်လေးကို တန်ဖိုးရှိအောင် သုံးကြပါစို့။ ကိုယ်ရှိတဲ့အချိန်လေး ကို အရင်တုန်းကဖြစ်ခဲ့တဲ့ကိစ္စ တွေကို ပြန်လှည့်ကြည့်ပြီး အာ ဃာတတွေပွားနေမယ့်အစား၊တစ် ဦးအပေါ်တစ်ဦး သံသယတွေပွား နေမယ့်အစား ကျန်တဲ့အချိန် အတွင်းမှာ ဘယ်လိုအာဃာတ တွေ ပျောက်အောင် လုပ်မလဲ၊ ဘယ်လိုဒီသံသယတွေကင်းစင် အောင်လုပ်မလဲ၊ ဘယ်လိုကောင်း မွန်တဲ့ အမွေအနှစ်တစ်ခုကို ချန် ထားခဲ့မလဲဆိုတာကို စဉ်းစားကြ ပါစို့လို့ ကျွန်မက နေပြီးတော့ တိုက်တွန်းချင်ပါတယ်’’ဆိုပြီး တော့လည်း ကျေးဇူးတင်စကား မှာ ထည့်သွင်းပြောဆိုခဲ့ပါသေး တယ်။

အဲဒီ ၂၁ ရာစုပင်လုံပထမ အစည်းအဝေးကို ၂၀၁၆ သြဂုတ် ၃၁ရက်ကနေစက်တင်ဘာ ၃ ရက်အထိ လေးရက်ကြာကျင်းပခဲ့ ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မ တော်၊ တိုင်းရင်းသားလက်နက် ကိုင်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်း သားကိုယ်စားလှယ်၊ ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့ခုနစ် ဖွဲ့မှ ၇၅၀ ဦးတက်ရောက်ခဲ့ကြပြီး အစုအဖွဲ့အသီးသီးမှ တက်ရောက် သူ ၇၂ ဦးကသက်ဆိုင်ရာအဖွဲ့ အစည်းအသီးသီးရဲ့ သဘောထား အမြင်တွေကို ၁၀ မိနစ်စီစာတမ်း ဖတ်ကြားခဲ့ပါတယ်။

‘‘၁၀ မိနစ်စကားပြောဖို့အ တွက် နှစ်ပေါင်း ၆၀ စောင့်ရ တယ်’’ဆိုပြီးတော့လည်း ညီလာ ခံ ကျင်းပရေး ပူးတွဲကော်မတီဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာ ခေါင်းက ပြောဆိုခဲ့ပါတယ်။ တန်ဖိုးရှိတဲ့ ၁၀ မိနစ်ဆိုတာကို ပြဆိုသွားတာဖြစ်ပါတယ်။

ဒီညီလာခံကို NCA မှာ လက်မှတ်ရေးထိုးထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအပြင် NCA လက်မှတ်ရေး ထိုးခြင်းမရှိသေးတဲ့ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့အစည်းများလည်း တက်ရောက် ခဲ့ကြပါတယ်။ NCA မှာ လက် မှတ်ရေးထိုးမထားတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များနဲ့ စု စည်းထားတဲ့ UNFC ရဲ့ဥက္ကဋ္ဌဖြစ် သူ ဗိုလ်ချုပ်ကြီးအင်ဘန်လလည်း တက်ရောက် မိန့်ခွန်းပြောခဲ့ပါ တယ်။ သူ့ရဲ့မိန့်ခွန်းထဲမှာ လက် နက်ကိုင်တိုက်ပွဲများနဲ့ပတ်သက် ပြီး အခုလိုထုတ်ဖော်ပြောဆိုခဲ့ပါ တယ်။

‘‘ဗမာမဟုတ်တဲ့ကျွန်တော် တို့တိုင်းရင်းသားတစ်တွေ လက် နက်ကိုင်စွဲကိုင်ပြီး တော်လှန်မှု တွေ ပြုလုပ်နေကြတာဟာ ဘာ ကြောင့်လဲလို့ မေးချင်ကြပါလိမ့် မယ်။ ကျွန်တော်တို့ဟာ ပင်လုံမှာ ပြုခဲ့ကြတဲ့ ကတိ၊ ချုပ်ခဲ့ကြတဲ့ စာချုပ်ပါ သဘောတူညီချက်တွေ ကို ပြီးပြည့်စုံအောင် အကောင်အ ထည်မဖော်ခဲ့ကြလို့ကျွန်တော်တို့ လိုလားတောင့်တတဲ့ ဒီမိုကရေစီ ရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံ တဲ့ အခွင့်အရေးတွေဆုံးရှုံးနေရလို့ ပဲဆိုတာကို ပြောလိုပါတယ်’’

မိမိတို့ပြောတဲ့ ဖက်ဒရယ် ဒီ မိုကရေစီ ပြည်ထောင်စုဟာ ခွဲ ထွက်ရေးမဟုတ်ကြောင်း၊ တန်း တူရည်တူ၊ အေးအတူပူအမျှ ယှဉ် တွဲနေထိုင်ဖို့ တစ်ယောက်နဲ့တစ် ယောက်၊ လူမျိုးတစ်မျိုးနဲ့တစ်မျိုး အပြန်အလှန် အသိအမှတ်ပြုကြ ပြီး မျှဝေခံစားမယ်၊ ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုတဲ့သာစေ၊ နာစေ မဟုတ်တဲ့ ညီအစ်ကိုမောင် နှမစိတ်ဓာတ် (သို့မဟုတ်)ပြည် ထောင်စုစိတ်ဓာတ်ကို မွေးမြူကြ ဖို့တော့ အလွန်အရေးကြီးတယ်လို့ လည်း ဗိုလ်ချုပ်ကြီးအင်ဘန်လက ဆိုပါတယ်။

အခုတော့ ပင်လုံစာချုပ်နဲ့အ တူ မွေးဖွားလာခဲ့တဲ့ ပြည်ထောင် စုနေ့ဟာ နှစ်ပေါင်း ၇၀ သို့တိုင် ရောက်ခဲ့ပါပြီ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ က ဗိုလ်ချုပ်အောင်ဆန်း သွားရောက်ဆွေးနွေးခဲ့ပြီး ပင်လုံ စာချုပ်ကို သဘောတူလက်မှတ် ရေးထိုးခဲ့၊ တိုင်းရင်းသားညီအစ် ကိုမောင်နှမတွေနဲ့သွေးစည်းညီ ညွတ်ခဲ့တဲ့နေရာဖြစ်တဲ့ ရှမ်းပြည် နယ် ပင်လုံမြို့မှာကျင်းပမယ့် ပြည်ထောင်စုနေ့အခမ်းအနား (ပင်လုံ)ကို ဒေါ်အောင်ဆန်းစု  ကြည်ကိုယ်တိုင် တက်ရောက် မှာဖြစ်သလို ပင်လုံငြိမ်းချမ်းရေး စကားဝိုင်းကိုလည်း တိုင်းရင်း သားလူငယ်များနဲ့အတူ ကျင်းပ တော့မှာဖြစ်ပါတယ်။

ဒီကနေ့ကျရောက်တဲ့ ပြည် ထောင်စုနေ့ဆိုတာ စစ်အစိုးရ လက်ထက် နှစ်ပေါင်းများစွာ တိမ် မြုပ်ထားခြင်းခံရတဲ့ နေ့ရက်တွေ ထဲက တစ်ခုအပါအ၀င်ဖြစ်ပါ တယ်။ ဒီနေ့ကာလဒီချုပ်အစိုးရ လက်ထက်မှာတော့ နှစ်ပေါင်း များစွာ တိမ်မြုပ်ခြင်းခံထားရတဲ့ နေ့တစ်နေ့ဟာ ပိုမိုပီပြင်တဲ့ အ ထိမ်းအမှတ် နေ့တစ်နေ့အဖြစ် ပြန်လည်ပေါ်ထွက်လာတော့မှာ ဖြစ်ပါတယ်။ နေ့ရက်တစ်ရက်၊ အထိမ်းအမှတ်တစ်ခုအဖြစ်သာ မကဘဲ အဓိပ္ပာယ်ပြည့်ဝတဲ့ နေ့ ရက်တစ်ရက်အဖြစ်လည်းအရှည် တည်ရှိနေဖို့လိုမှာဖြစ်ပါတယ်။

မကြာတော့မယ့် ကာလဖြစ် တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ လည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးကို ကျင်းပသွားဖို့ ရည်မှန်းသတ်မှတ်ထားပါတယ်။ ဒီညီလာခံမှာ တင်ပြဆွေးနွေးဖို့အ တွက် ဒေသအလိုက်၊ လူမျိုးအ လိုက်၊ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေ၊ တခြားသောတွေ့ဆုံ ဆွေးနွေးမှုတွေလည်းပြုခဲ့ကြပြီးဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ့် ပင်လုံမြို့က ပြည်ထောင်စုနေ့အခမ်းအနားနဲ့ တိုင်းရင်းသားလူငယ်များ စကား ၀ိုင်းကရော လာမယ့်ညီလာခံအ ပေါ် ဘယ်လောက်အတိုင်းအတာ အထိ သက်ရောက်မှုတွေရှိလာ စေမလဲ။ ဒီညီလာခံဟာ ပြည်သူ လူထုအတွက် ဘယ်လောက်အ ထိ မျှော်လင့်ချက်တွေကို ရှင်သန် စေမလဲ၊ ဒီညီလာခံမှာ ဘယ်လို တောင်းဆိုမှုတွေ၊ တင်ပြမှုတွေ၊ ညှိနှိုင်းဆွေးနွေးမှုတွေကနေဘယ် လိုရလဒ်တွေ ထွက်ပေါ်လာမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာ ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။

ထိုနည်းတူပဲ ဒီလိုငြိမ်းချမ်း ရေးဆွေးနွေးပွဲကနေ နှစ်ပေါင်း ရှည်ကြာစွာ ဖြစ်ပွားနေတဲ့ တိုင်း ရင်းသား အချင်းချင်းကြား ပဋိ ပက္ခတွေ၊ စစ်ပွဲတွေကိုဘယ်လိုပုံ စံနဲ့ ချုပ်ငြိမ်းသွားစေမလဲ၊ ဆိတ် သုဉ်းသွားစေမလဲဆိုတာကိုလည်း ပြည်သူလူထုက ငံ့လင့်နေကြပါ တယ်။ အထူးသဖြင့် လက်နက် ကိုင်ပဋိပက္ခဖြစ်ပွားရာ ဒေသ များဆီက ပြည်သူလူထုက ပိုလို့ မျှော်လင့်ကြပါတယ်။

သို့အတွက် လွတ်လပ်ရေး ကို ဦးတည်တဲ့ ၂၀ ရာစုပင်လုံညီ လာခံ အောင်မြင်ခဲ့သလိုပဲ ငြိမ်း ချမ်းရေးကိုဦးတည်တဲ့ ၂၁ ရာစု ပင်လုံညီလာခံသည်လည်း ပြည် တွင်းစစ်ချုပ်ငြိမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဖက်ဒ ရယ်ပြည်ထောင်စု ထူထောင်ရေး ဆိုတဲ့ သဘောတူညီချက်တွေကို နိုင်ငံသားတို့ထံ အလျင်အမြန်သယ်ဆောင်လာနိုင်ပါစေကြောင်း ဒီကနေ့ကျရာက်တဲ့ နှစ် (၇၀) ပြည့် ပြည်ထောင်စုနေ့မှာ ဆန္ဒပြုလိုက် ရပါတယ်။

ကိုးကား - ပြည်ထောင်စုငြိမ်းချမ်း ရေး ညီလာခံ-၂၁ ရာစုပင်လုံ ပထမအစည်းအဝေး မိန့်ခွန်းများ၊ သတင်းများ

Sources : 7Day News Journal

No comments:

Post a Comment