Latest News

Tuesday, February 14, 2017

ကရင်အမျိုးသားခေါင်းဆောင်တဦးဖြစ်သူ ဖဒို မန်းရှာလာဖန်း အထိမ်း အမှတ်ရုပ်တု ပန်းတနော်မြို့တွင် ဖွင့်လှစ်

ကရင်အမျိုးသားခေါင်းဆောင်တဦးဖြစ်သူ ဖဒို မန်းရှာလာဖန်း အထိမ်း

အမှတ်ရုပ်တု ပန်းတနော်မြို့တွင် ဖွင့်လှစ်


(ပန်းတနော်) ဖေဖော်ဝါရီ ၁၄ ရက်။

ကရင်အမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဖဒို မန်းရှာလာဖန်း အထိမ်းအမှတ်ရုပ်တုဖွင့်လှစ်ပွဲနဲ့
လုပ်ကြံခံရခြင်း ၉ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ဖဒိုမန်းရှာရဲ့ မွေးရပ်ဒေသဖြစ်တဲ့
ပန်းတနော်မြို့နယ် တောကျောင်းကျေးရွာမှာ ဒီကနေ့ နံနက်ပိုင်းက ကျင်ပပြုလုပ်ခဲ့ပါတယ်။

အောက်မေ့ဖွယ် အခမ်းအနားနှင့်အတူ ဖဒိုမန်းရှာရဲ့ သားသမီးတွေ တည်ထောင်ထားတဲ့ ဖန်းဖောင်ဒေးရှင်းကနေ ဖဒိုမန်းရှာလာဖန်း လူငယ်ခေါင်းဆောင်ဆု ပေးအပ်ချီးမြင့်ခဲ့ရာမှာ
ကရင်စာပေ တိုးတက်ထွန်းကားအောင် ကြိုးပမ်း လုပ်ဆောင်ခဲ့တဲ့ စသူလှိုင်ဝင်းကို ပေးအပ်ချီးမြင့် ခဲ့ပါတယ်။

The Ayeyarwaddy Times

ဓာတ်ပုံ - The A Times

No comments:

Post a Comment