Latest News

Friday, February 17, 2017

တနင်္သာရီ နယ်လုံဝန်ကြီး အပြောင်းအလဲဖြစ်

တနင်္သာရီ နယ်လုံဝန်ကြီး အပြောင်းအလဲဖြစ်


ထားဝယ်၊ ဖေဖော်ဝါရီ ၁၇

အစိုးရသက်တမ်း နှစ်ဆက်တိုင် ခြောက်နှစ်နီးပါကြာ တာဝန်ထမ်းဆောင်ခဲ့သော တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး နေရာကို အပြောင်းအလဲ ပြုလုပ်ခဲ့သည်။

သမ္မတ ဦးသိန်းစိန် လက်ထက်ကတည်းက တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်မှူးကြီး ဇော်လွင်အစား ဗိုလ်မှူးကြီး ကျော်ဇေယျကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် အစားထိုးခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်မှူးကြီး ကျော်ဇေယျမှာ ထားဝယ်ဇာတိ ဖြစ်ပြီး မိမိဒေသတွင် ပြန်လည် တာဝန်ထမ်းဆောင်ရသဖြင့် ကျေနပ်မိကြောင်း ဝန်ကြီးအသစ် ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောကြားသည်။

ထားဝယ်သား ဖြစ်သဖြင့် ဒေသဖွံ့ဖြိုးရေးနှင့် ဒေသကောင်းကျိုးအတွက် အတူတူ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးများကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်ခွင့် ရှိပြီး သက်ဆိုင်ရာ လွှတ်တော်က အတည်ပြုပေးရသည်။

Dawei Watch

VOICE ADMIN

No comments:

Post a Comment