Latest News

Sunday, February 19, 2017

မုံရွာဝန်ထမ်းအိမ်ယာတွင် ကျည်ထိပ်ဖူးများတွေ့ရှိ

မုံရွာဝန်ထမ်းအိမ်ယာတွင် ကျည်ထိပ်ဖူးများတွေ့ရှိ



မုံရွာမြို့က ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးဟောင်းထိုင်ခဲ့တဲ့ ဝန်ထမ်းအိမ်ယာဝန်းအတွင်း နေအိမ် တအိမ်မှာ  နောက်ပိတ်မပါတဲ့ ကျည်ဖူးတွေကို ဖေဖော်ဝါရီ ၁၉ ရက်က စည်ပင်သာယာ ၀န်ထမ်း တဦးက အမှိုက်ရှင်းလင်းစဉ် တွေ့ရှိခဲ့ပါတယ်။

အဆိုပါ ကျည်ထိပ်ဖူးတွေကို မြို့နယ်စည်ပင်သာယာ အမှိုက်ရှင်းလင်းရေးအဖွဲ့က ဝန်ထမ်း အိမ်ယာအတွင်း အမှိုက်ရှင်းလင်းရာမှ သန့်ရှင်းရေးတာဝန်ကျတဲ့ လူငယ်တဦးက တွေ့ရှိခဲ့တာပါ။

“အမှိုက်ရှင်းတော့ အမှိုက်ထဲမှာ ပလတ်စတိတ်အိတ်ကလေးနဲ့ လာတွေ့တယ်။ ဘာလဲလို့ ဖွင့်ကြည့်မိ လိုက်တော့ ကျည်ဆန်လိုလို ဘာလိုလိုပုံသဏ္ဍာန်ဖြစ်နေလို့ အန္တရာယ်များတဲ့အတွက် ရဲတပ်ဖွဲ့ အပ်ရအောင် ယူလာခဲ့တာ။ အခု ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး အပ်လိုက်ပြီ”လို့ ကျည်ထိပ်ဖူးတွေ တွေ့ရှိခဲ့သူ ကိုဖိုးထူးက ပြောပါတယ်။

အဆိုပါ တွေ့ရှိတဲ့ ကျည်ထိပ်ဖူးတွေဟာ နောက်ပိတ်မပါရှိပဲ ထိပ်ဖူးပုံစံဖြင့် လက်မဝက်အရွယ်ရှိ ထိပ်ဖူး ၇ ထောင့်နဲ့ ဒီထက်သေးငယ်တဲ့ ထိပ်ဖူး ၁ တောင့်ဖြစ်ပြီး ဘယ်လက်နက်အမျိုးအစားမှာသုံးတဲ့  ကျည်ဆန်ဆိုတာ မသိရသေးဘူးလို့  မုံရွာမြို့ နယ်မြေရဲစခန်း စခန်းမှူး ရဲအောင်ကပြောပါတယ်။

“လတ်တလောတော့ ဘယ်လက်နက်အသုံးပြုတဲ့ ကျည်ဆိုတာ စစ်တပ်က အဖြေထုတ်ပေးမှ အတည်ပြုလို့ရမယ်။ ဒါကို အကြောင်းကြားပြီး ပြရအုံးမှာပါ”လို့ ပြောပါတယ်။

ကျည်တွေ တွေ့ရှိရတဲ့ နေရာဟာ ယခင်ခရိုင်အုပ်ချုပ်ဟောင်းရဲ့ လူမနေနဲ့ အိမ်ယာအတွင်းမှာ ဖြစ်ပြီး ကျည်ထိပ်ဖူးလက်ကျန်တွေ အဆိုပါနေရာကို ဘယ်လို ရောက်ရှိနေလဲဆိုတာကိုတော့ ရဲတပ်ဖွဲ့က စုံစမ်းနေဆဲဖြစ်ပါတယ်။

သတင်း - ရန်နိုင်စိုး( DVB )

No comments:

Post a Comment