Latest News

Wednesday, February 22, 2017

မြန်မာအိုင်ဒေါ မဲပေးစနစ် ပရိသတ်တွေ သဘောမကျ

မြန်မာအိုင်ဒေါ မဲပေးစနစ် ပရိသတ်တွေ သဘောမကျ

မြန်မာအိုင်ဒေါ သီချင်း ဆိုပြိုင်ပွဲမှာ ဒိုင်တွေက ဝေဖန်တာတွေ၊ ထောက်ပြတာတွေကိုသာ ပြုလုပ်ကြပါတယ်။ မြန်မာအိုင်ဒေါ သီချင်း ဆိုပြိုင်ပွဲရဲ့ မဲပေးစနစ်ကို သဘောမကျတဲ့ ပရိသတ်တွေ ရှိနေပါတယ်။

မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေ သီဆိုတဲ့ သီချင်းတွေကို ဒိုင်တွေက ဝေဖန်တာတွေ၊ ထောက်ပြတာတွေကိုသာ ပြုလုပ်ကြပြီး မဲပေးရွေးချယ်မှုတွေကိုတော့ ပရိသတ်တွေရဲ့ မဲအရေအတွက်နဲ့သာ ဆုံးဖြတ်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ သည်လို မဲနဲ့ ဆုံးဖြတ်တဲ့အခါ မှာ ဖေ့စ်ဘုတ်ခ်နဲ့ မဲပေးတာအပြင် message ပို့ပြီး မဲပေးရပါတယ်။ မဲပေးတဲ့စနစ်မှာ အမ်ပီတီဖုန်းနဲ့ စာပို့ပြီး မဲပေးမယ်ဆိုရင်စာကို အကန့်အသတ်မရှိ ပို့ပြီးမဲပေးနိုင် တာဖြစ်ပြီး ဖေ့စ်ဘုတ်ခ်အကောင့်နဲ့ဆိုရင် အကောင့်တစ်ခုကို မဲတစ်ခုသာ ပေးလို့ရ တာ ဖြစ်ပါတယ်။

‘မဲပေးတဲ့စနစ်နဲ့ဆိုတော့ ဒိုင်တွေက ဝေဖန်ရုံ၊ အကြံပေးရုံသက်သက်ပဲ လုပ်နေရတာပေါ့၊ ဒိုင်တွေမှာက ဆုံးဖြတ်ပိုင်ခွင့်မရှိတော့ဘူးလေ၊ မဲစနစ်နဲ့ဆိုရင်လဲ ကောင်းတဲ့သူတွေကိုပဲ ပေးသင့်တယ်၊ မကောင်းတဲ့သူကို လူတွေက သနားပြီး ကြိုက်ကြတယ်၊ မဲတွေဝိုင်းပေးကြတယ်ဆိုရင် ကောင်းတဲ့သူတွေဘက်က နစ်နာတယ်၊ ပထမအစီအစဉ်တုန်းကတော့ ဘာမှ ပြောစရာမရှိပေမဲ့ အခုအစီအစဉ်ကျတော့ တော်တော်ကိုဆိုးရွားတယ်”လို့ ကြည့်ရှုသူ ပရိသတ်တစ်Uီးဖြစ်တဲ့ ကိုရဲ မောင်မောင်က ပြောပါတယ်။

ခံယူချက်မတူညီ

ပရိသတ်ဖြစ်တဲ့ ကိုမျိုးကိုက ‘ပိုးမီနဲ့ ဇင်ကြီးကိုတော့ ကြိုက်တယ်၊ အသံလဲ ကောင်းတယ်၊ ပြီးတော့ အရမ်းအဆင်ပြေတဲ့ မိသားစုက မဟုတ်ဘူးလေ၊ ပိုးမီဆိုလဲ အဖေမရှိတော့ဘူး၊ အမေနဲ့ ညီမလေးကို လုပ်ကျွေးနေတာ၊ ဇင်ကြီးကလဲ ပန်းရန် လုပ်တယ်ပြောတယ်၊ ဟုတ် မဟုတ်တော့ မသိဘူး၊ ဒါပေမဲ့ သူ့ရဲ့အနုပညာကို အားပေးတာပါ၊ ကောင်းတဲ့သူကိုအားပေးမှ နောက်ပိုင်းမှာလဲ အောင်မြင်နိုင်မှာလေ၊ မကောင်းတဲ့သူကို ဝိုင်းပြီး vote ပေး၊ ကောင်းတဲ့သူတွေကျတော့ ပြုတ်သွားတယ်ဆိုတော့ သိပ်တော့ မဟုတ်သေးဘူး၊ ပေးတဲ့ သူတွေက ကောင်းတဲ့သူတွေကိုပဲ ပေးစေချင်ပါတယ်၊ မကောင်းတဲ့သူတွေကို ပေးတယ်ဆိုရင် ရေရှည်အတွက်က မကောင်းနိုင်ဘူးလေ၊ ပေါ်ပင်ပဲ ပြီးပျောက် သွားမှာ”လို့ ပြောပါတယ်။

ပရိသတ်တွေက သီဆိုယှဉ်ပြိုင်တဲ့သူတွေကို ခံယူချက်ကိုယ်စီခံယူပြီး မဲပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။ တချို့သီဆို သူတွေကိုကျတော့ တကယ်ကြိုက်နှစ်သက်လို့ ပေးတာတွေရှိပြီး တချို့သီဆိုသူတွေကိုတော့ သနားတဲ့စိတ်တွေ၊ တစ်ယောက်ယောက်က  အားပေးလို့လိုက်ပြီး အားပေးတာ ဖြစ်ပါတယ်။ ကိုယ်သဘော ကျတဲ့သူ  ကောင်းသည်ဖြစ်စေ၊ မကောင်း သည်ဖြစ်စေ အားပေးပြီး မဲတွေကို သော ကြာ၊ စနေနေ့တွေတိုင်းမှာ ပေးနေကြတာ ဖြစ်ပါတယ်။

READ  မိနစ်ပိုင်းအတွင်း စိတ်နှင့်ဝိညာဉ်ကို တည်ငြိမ်စေမယ့် သီချင်း တစ်ပုဒ် (Weightless)
‘ညီမတို့ကတော့ ကိုရဲနောင်နဲ့ billy လမင်းအေးကို သဘောကျတယ်၊ သူတို့နှစ်ယောက်ယှဉ်ရင်တော့ ကိုရဲနောင်ကို သဘောကျတယ်၊ ဘာလို့လဲဆိုတော့ သူက သနားဖို့ကောင်းတယ်လေ၊ အိပ်မက်ဆုံရာ ပြိုင်တယ်ဆိုရင်လဲ ပြုတ်နေတာပဲ၊ ခဏခဏ ပြီးတော့ တခြားသူတွေနဲ့ယှဉ်ရင် သူကချို့တဲ့တယ်လေ၊  အဲဒါကြောင့် သူ့ကို ဆုရစေချင်တာ၊အမြဲတမ်းသူနဲ့ billy ကိုတော့မဲပေးဖြစ်တယ်၊တခြားသူတွေကိုလဲ ကြိုက်ပါတယ်၊အဲဒီထဲမှာမှသူတို့နှစ်ယောက်ကိုတော့  အကြိုက်ဆုံးပဲ ပေါ့”လို့ ပရိသတ်တစ်ဦးဖြစ်သူ မဇူလိုင်က ပြောပါတယ်။

အခုဆိုရင် ပရိသတ်တွေက ကိုယ်အားပေးတဲ့သူတွေကို We Love တွေ ပြုလုပ်အားပေးတာတွေ၊ We Love တွေ ပြုလုပ်ပြီး အားပေးတာတွေ ရှိလာတာ ဖြစ်ပါတယ်။ We Love ဂရု(ပ်)တွေက  အခုဆိုရင် အများအ ပြားရှိနေပြီး သီဆိုသူတစ်ယောက်မှာဆို ရင် ဂရု(ပ်)လေးခုလောက်နဲ့ ပရိသတ်တွေက အားပေးနေတာ ဖြစ်ပါတယ်။ ကိုယ် ကြိုက်တဲ့သူတွေရဲ့ပုံတွေကို ပရိုဖိုင်တွေ ချိန်းတာတွေ၊ ကာဗာတွေ ချိန်းတာတွေကိုပါ ပြုလုပ်ပြီး အားပေးနေကြတာ ဖြစ်ပါ တယ်။

အချင်းချင်း အဆင်မပြေကြ

မြန်မာအိုင်ဒေါမှာ သီဆိုယှဉ်ပြိုင်သူတွေကို အားပေးတဲ့ သူတွေအချင်းချင်းမှာ အဆင်မပြေအမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ သူငယ်ချင်း အချင်းချင်းတွေမှာတောင် votting စနစ်တွေကြောင့် စကားများတာတွေ ရှိနေပြီး အချင်းချင်း block သွားတာတွေ၊ ဖုန်းတွေမှာဆိုရင်လည်း blacklist စာရင်းသွင်းတာတွေ အထိရှိလာပြီး ခင်မင်မှုတေ∑ပျက်တဲ့အထိ ရှိလာတယ်လို့ သိရပါတယ်။ တချို့အားပေး သူတွေကကျတော့ အစပိုင်းမှာတော့ အားပေးနေကြပြီး နောက်ပိုင်းမှာ ကိုးကွယ်တဲ့ ဘာသာတွေ၊ လူမျိုးရေးရာတွေကြောင့် အားမပေးတော့တာတွေ၊ votting မပေး တော့တာတွေ ဖြစ်လာတာ ဖြစ်ပါတယ်။

“ညီမတို့ သူငယ်ချင်းတွေမှာကျတော့ ကိုရဲနောင်ကို မကြိုက်ကြဘူးလေ၊ ညီမ တစ်ယောက်ရယ်၊ တခြားသူငယ်ချင်းတစ် ယောက်ရယ်ပဲ အားပေးကြတာ၊ အဲဒီတော့ တခြားသူတွေက ဒီကောင်မကောင်း တာကို အားပေးနေတာလား၊ ဒီတစ်ပတ် သူ့ကို  vote ပေးရင် နင်တို့ကို block မယ် တို့ မခေါ်တော့ဘူးတို့ ပြောလာကြတယ်၊ တကယ်လဲ ကိုရဲနောင်ကို vote ပေးတော့ block သွားတယ်၊ သူငယ်ချင်းတွေက ဘာ မဟုတ်တာလေးနဲ့ကို စိတ်ဝမ်းကွဲသွားကြ တာ”လို့ ပရိသတ်ဖြစ်တဲ့ မဇူလိုင်က ဆက်ပြောပါတယ်။



သည်လို votting စနစ်တွေကြောင့်  အားပေးတဲ့ ပရိသတ်တွေကလည်း အပတ်စဉ် ကြာသပတေးနေ့နဲ့ သောကြာနေ့တွေမှာ ဖုန်းတွေကနေရော၊ ဖေ့စ်ဘုတ်ခ်က နေရော votting ပေးတာတွေကို ပြုလုပ် နေတာ  ဖြစ်ပါတယ်။ တစ်ပတ်ကို  အနည်းဆုံးနာရီ ၂၀ အထိ vote ပေးနိုင်တာဖြစ်ပြီး တစ်ဦးကို အနည်းဆုံး ၁၀ဝ၀ ကနေ အများဆုံး ၅၀ဝ၀ ကျော် ၁၀,ဝ၀ဝ နီးပါးအ ထိ vote ပေးနေကြတာ ဖြစ်ပါတယ်။ ဖေ့စ်ဘုတ်ခ်မှာက အကောင့်တစ်ခုကို တစ် ခါပဲ ပေးနိုင်တယ်ဆိုပေမဲ့ ဖုန်းတွေမှာတော့ အမ်ပီတီနဲ့ အကန့်အသတ်မရှိ ပေးနိုင်တာ ကြောင့် ပိုပြီးတော့ ကုန်ကျနေတာဖြစ်တယ်လို့ သိရပါတယ်။

‘အမှန်တော့ အမ်ပီတီလုပ်စားသွားတာပါ၊ ပရိသတ်တွေဆီကနေ စားသွားပြီး ပြီ တစ်ပတ်တစ်ပတ်ကို၊ ပြီးရင် အဲဒီပိုက်ဆံတွေနဲ့ ပြန်ပြီးဆုပေးတယ်ဆိုပြီး လုပ်ကြတာ၊ အဲဒါကို လူတွေက မသိဘူး၊  အမ်ပီတီက စပွန်ဆာပေးတယ်ဆိုပြီး အထင်ကြီး နေကြတာ၊ ကောင်းတဲ့သူရသွားရင်တော့အကြောင်း မဟုတ်ပေမဲ့ မကောင်းတဲ့သူ ရသွားရင်တော့ ပိုက်ဆံတွေပဲ ဆုံးရှုံးရမှာ၊ ဒါတွေကတော့ အမှန်တကယ်တော့ မဖြစ်သင့်ပါဘူး၊ လူတွေကို  နှစ်ပေါက်  တစ်ပေါက် ရိုက်သွားတာပဲ”လို့ ပရိသတ်ကိုမျိုးကိုက ပြောပါတယ်။

မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲကို  အပတ်စဉ် ကြာသပတေးနေ့နဲ့ သောကြာနေ့တွေမှာ ပြသနေတာဖြစ်ပြီး ကြာသပ တေးနေ့မှာ သီဆိုယှဉ်ပြိုင်တာတွေကို ပြု လုပ်ပြီး သောကြာနေ့မှာဆိုရင်တော့ တစ်ဦးကို ဖြုတ်လိုက်တာ ဖြစ်ပါတယ်။ သည်လိုနေ့ဆိုရင် ညဘက် ၁၀းဝ၀ နာရီ ကျော်ကနေ နောက်နေ့ ညဘက် ၉းဝ၀ နာရီအထိကို မဲပေးလို့ရတာ ဖြစ်ပါတယ်။ ဆန်ခါတင် ၁၀ ယောက်မှာ  တစ်ပတ်ကို တစ်ယောက်စီကို ဖြုတ်တာ ဖြစ်ပါတယ်။

ပထမဆုံးအပတ်မှာ အေမီစံ၊ ဒုတိယအပတ်မှာ ဖြူလေးပြုတ်သွားပါတယ်။ တတိယပတ်မှာတော့ ပိုးမီပြုတ်တာကို  ဒိုင်တွေက ပြန်ဆေ့လိုက်တယ်။ စတုတ္ထပတ်မှာ ချမ်းငြိမ်းနဲ့ ယွန်းတို့ ပြုတ်သွား ပါတယ်။ ကျန်တဲ့ ခြောက်ဦး ဘယ်သူ ပြုတ်မလဲဆိုတာကိုတော့ မသိနိုင်သေးပါဘူး။

လိမ္မာ

Kumudra

No comments:

Post a Comment