Latest News

Sunday, February 5, 2017

၂၁ ရာစုပင်လုံညီလာခံ ထောက်ခံကြိုဆိုပွဲ

၂၁ ရာစုပင်လုံညီလာခံ ထောက်ခံကြိုဆိုပွဲ

ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ ထောက်ခံကြိုဆိုပွဲကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဦးဆောင်မှုနဲ့ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ဒီနေ့ ကျင်းပနေပါတယ်။

၂၁ ရာစုပင်လုံညီလာခံ လူထုထောက်ခံပွဲကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ၀ိုင်းဝန်းဆောင်ရွက်ပေးတာဟာ ပြည်သူလူထု လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က ပြောပါတယ်။

"စည်ပင်သာယာဆိုတာ ပွင့်ပွင့်လင်းလင်းပြောတာ အခြေခံဖို့ပဲ၊ ပူးပေါင်းဆောင်ရွက်တာ မရှိဘူး၊ ငါတို့ဘယ်လို ပံ့ပိုးရမလဲဆိုတာပဲရှိတယ်၊ အခု ဒါတွေအကုန်လုံးပံ့ပိုးတယ်၊ အရင်တုန်းကဆိုရင် ဒီလိုနေရာမျိုးကြီးဆိုတာ အသုံးပြုခွင့်မပေးဘူး၊ ဒါဟာ ပြည်သူ့အတွက်ဆိုတာ အသုံးပြုခွင့်ပေးရမယ် နောက်ပြီးတော့ ရေ၊ မီးကအစပေါ့လေ လုပ်ပေးရမယ်"

လူထုထောက်ခံပွဲကို မြို့တော်ဝန် ဦးမောင်မောင်စိုးနဲ့ တိုင်းအစိုးရအဖွဲ့ဝင်တွေက ဂျိုးဖြူငှက်တွေ လွှတ်ပြီး ဖွင့်လှစ်ပေးခဲ့ပါတယ်။

အဲဒီထောက်ခံပွဲကို မသန်စွမ်းအဖွဲ့တွေလည်း လာရောက်ပါဝင်ခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးအတွက် ရန်ကုန်က ခ၀ဲခြံမျက်မမြင်ကျောင်းနဲ့ မသန်စွမ်းသူတွေ စုပေါင်းပြီး လာမယ့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ မြစ်ကြီးနားမြို့ကနေ နေပြည်တော်အထိ ချီတက်တောင်းဆိုကြမှာဖြစ်ပါတယ်။

လူထုထောက်ခံပွဲကို ညနေ ၃ နာရီကနေ ၈ နာရီထိကျင်းပမှာဖြစ်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်တို့ တက်ရောက်ဟောပြောမှာဖြစ်ပါတယ်။

အဲဒီပွဲမှာ ပန်းရဲ့လမ်း၊ ရန်ကုန်ခ၀ဲခြံမျက်မမြင်ကျောင်း၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့တချို့ နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေက ငြိမ်းချမ်းရေးတေးသီချင်းတွေ၊ ရိုးရာအကတွေနဲ့ ဖျော်ဖြေကြပါတယ်။

Photo: Kyaw  Zaw Win/ RFA

( ၂၁ ရာစုပင်လုံညီလာခံ ထောက်ခံကြိုဆိုပွဲကို ဖေဖော်ဝါရီလ ၅ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ကျင်းပစဉ် )

RFA

No comments:

Post a Comment