Latest News

Sunday, February 5, 2017

ပင်လုံတွင် ကျင်းပမည့် နှစ်(၇၀)ပြည့် ပြည်ထောင်စုနေ့ အခမ်းအနား၌ ဒရုန်းကင်မရာများ ပျံသန်းခွင့်တားမြစ်

ပင်လုံတွင် ကျင်းပမည့် နှစ်(၇၀)ပြည့် ပြည်ထောင်စုနေ့ အခမ်းအနား၌

ဒရုန်းကင်မရာများ ပျံသန်းခွင့်တားမြစ်


ရှမ်းပြည်နယ်တောင် ပိုင်း ပင်လုံမြို့၌ ကျင်းပရန် စီစဉ်ထားသည့် နှစ်(၇၀)ပြည့် ပြည် ထောင်စုနေ့ အခမ်းအနားတွင် ဒရုန်းကင်မရာများ ပျံသန်းခွင့်ပြု မည်မဟုတ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိ သည်။

 အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက် ရောက်ရန်ရှိနေပြီး လတ်တလော အခြေအနေတွင် လုံခြုံရေးအခြေ အနေအရ ဒရုန်းကင်မရာများဖြင့် ရိုက်ကူးခြင်းကို ခွင့်မပြုကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမှူးကြီး ဆန်းလွင်ကပြောသည်။

‘‘ဒရုန်းတွေ ပျံသန်းခွင့်မပြု ဘူးဆိုတာ ဟုတ်ပါတယ်။ အဓိက ကတော့ လုံခြုံရေးအခြေအနေအရ ဒရုန်းပျံသန်းခွင့်မပြုဘူးဆို တာကို လုံခြုံရေးကော်မတီကနေ သတင်းထုတ်ပြန်ပေးထားတာ ပါ’’ဟု ဒုတိယရဲမှူးကြီးဆန်းလွင် ကပြောသည်။

ဒရုန်းကင်မရာများဖြင့် ရိုက် ကူးပျံသန်းခွင့် ပိတ်ပင်ခြင်းသည် သတင်းမီဒီယာသမားများ၊ အခြားပြင်ပရိုက်ကူးသူများအားလုံး အ ကျုံးဝင်သက်ရောက်မည်ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် လာရောက်ရန်ရှိသည့် ပင်လုံမြို့ ကျောက်တိုင်ကွင်းတွင် ကျင်းပမည့် ပြည်ထောင်စုနေ့အ ခမ်းအနား ပြင်ဆင်နေခြင်းနှင့် လုံ ခြုံရေးအခြေအနေကို ရှမ်းပြည် နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများက ဖေဖော်ဝါရီ ပထမပတ်အတွင်း ကွင်း ဆင်းစစ်ဆေးထားသည်။



7Day News Journal

No comments:

Post a Comment