Latest News

Wednesday, February 15, 2017

ကျောက်စိမ်းတွေနဲ့ လုပ်ထားတဲ့ နှစ်ယောက်အိပ်ခုတင်တစ်လုံး အနည်းဆုံးကျပ် ၇၅ သိန်းကနေ စတင်ဝယ်ယူနိုင်

ကျောက်စိမ်းတွေနဲ့ လုပ်ထားတဲ့ နှစ်ယောက်အိပ်ခုတင်တစ်လုံး အနည်းဆုံးကျပ် ၇၅ သိန်းကနေ စတင်ဝယ်ယူနိုင်


မန္တလေး၊ ဖေဖော်ဝါရီ ၁၅ – ဖားကန့်ဒေသထွက် ကျောက်စိမ်းတွေနဲ့ အလှဆင်ပြုလုပ်ထားတဲ့ နှစ်ယောက်အိပ်ခုတင် တွေကို တန်ဖိုးအနည်းဆုံး ကျပ် ၇၅ သိန်းကနေ စတင်ပြုလုပ်နိုင်တယ်လို့ မန္တလေးမြို့က ရွှေနဒီဦးကျောက်မျက် ကုမ္မဏီ က သိရပါတယ်။

‘ခုတင်တစ်လုံးမှာ ပုတီးအလုံးရေ ၂၀,ဝ၀ဝ ပါတဲ့ အိပ်ရာခင်းပါတယ်၊ ပုတီးအလုံးရေ ၁၈၀ဝ ပါတဲ့ခေါင်းအုံးပါတယ်၊ ပုတီးအလုံးရေ ၃၈၀ဝ နဲ့လုပ်ထားတဲ့ ဖက်လုံးပါတယ်၊ တန်ဖိုးကတော့ ကျောက်သားပေါ်မူတည်ပြီး ဈေးနှုန်းပြောင်း လဲသလို သုံးစွဲတဲ့သူက လိုချင်တဲ့ဈေးနှုန်းနဲ့ ကိုက်ညီတဲ့ကျောက်ကြောင့်လဲ ဈေးနှုန်းပြောင်းလဲတယ်လို့ ရွှေနဒီဦးကျောက်မျက် ကုမ္မဏီမှ ဦးမောင်လွင်က ပြောပါတယ်။


သိန်း ၁၅၀ တန်နှစ်ယောက်အိပ် ခုတင်တစ်လုံးမှာဆိုရင် အလျားခြောက်ပေခွဲ၊ အနံခြောက်ပေ ရှိပြီးတော့ ခုတင်ပြုလုပ်ချိန် တစ်လခန့်ကြာမြင့်တယ်လို့ သိရပါတယ်။

ကွန်ကရစ်ပေါ်မှာ ကျောက်ကပ်ပြီးအသားကွပ်ထားတဲ့ ကျောက်စိမ်းခုတင်တစ်လုံးဟာ အနည်းဆုံးတန်ဖိုး ကျပ် ၇၅ သိန်း ကနေအများဆုံး တန်ဖိုးသိန်းထောင်ဂဏန်းအထိရှိပြီး ပြည်တွင်းကအသုံးပြုတာများတယ်။ လူကြီးမိဘတွေကို ကန်တော့ဖို့ ဝယ်ယူကြတာများတယ်လို့ ဆိုပါတယ်။

‘ကျောက်စိမ်းနဲ့လုပ်ထားတော့ ကျန်းမာရေးအတွက်သင့်တော်တာပေါ့၊ သဘာဝအေးဆိုတော့ ခန္ဓာကိုယ်က အပူတွေကို စုပ်ယူသွားတော့ ကောင်းတယ်လို့ ဦးမောင်လွင်ကပြောပါတယ်။

ခေမဏီ (ကုမုဒြာ)


No comments:

Post a Comment