အကြမ်းဖက်တိုက်ခိုက်မသူ ဟာ အလာဟူ အက်ကဘာဆိုတဲ့အသံ အော်ဟစ်ပြီး အကြမ်းဖက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဈေးဝယ်စင်တာနားရှိ လုံခြုံရေးတပ်ဖွဲဝင် ဟာ ပြင်းထန်တဲ့ ဒဏ်ရာရခဲ့ပြီး အခြား စစ်သားတစ်ဦး ဦးခေါင်းဒဏ်ရာရခဲ့ပါတယ်။ အကြမ်းဖက်တိုက်ခိုက်သူ ကိုဆေးရုံကိုတင်ပို့ခဲ့ရတယ်လို့ သိရပါတယ်။
အကြမ်းဖက် တိုက်ခိုက်သူဟာ louvre ကဈေးဝယ်စင်တာ ထဲကို ၀င်ရောက်ဖို့ ကြိုးပမ်းရာကနေ ပစ်ခတ်မှုတွေဖြစ်ခဲ့တာပါ၊
အခုအကြမ်းဖက်တိုက်ခိုက်မှု ဟာ တိုတောင်းတဲ့အချိန်အတွင်းလျှပ်တစ်ပြက်ဖြစ်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က ဈေးဝယ်စင်တာထဲမှာ နိုင်ငံခြားသား အ များပြား ရှိနေတယ်လို့ ပြင်သစ်အစိုးရအဖွဲ့ တာဝန်ရှိသူကပြောပါတယ်။
ပြင်သစ် နိုင်ငံ ဟာ ပဲရစ်မြို့မှာ ၂၀၁၅ ခုနှစ်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီးနောက် ပိုင်း လုံခြုံရေး ကိုအမြင့်ဆုံးတပ်လှန့်ထားပြီး လမ်းမတွေပေါ်မှာ စစ်သားတွေကင်းလှည့်မှုတွေရှိနေပါတယ်။
Ref france news
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်
No comments:
Post a Comment