Latest News

Saturday, February 11, 2017

တစ်ကိုယ်တော်အခွေထဲက သီချင်းအများစုကို ကိုယ်တိုင်ရေးထားတဲ့အိမ့်ချစ်

တစ်ကိုယ်တော်အခွေထဲက သီချင်းအများစုကို ကိုယ်တိုင်ရေးထားတဲ့အိမ့်ချစ်

တစ်ကိုယ်တော်အခွေထွက်ရှိဖို့ ပြင်ဆင်နေတဲ့ တေးသံရှင် အိမ့်ချစ်..""အိမ့်ချစ်ရဲ့ တစ်ကိုယ်တော် အခွေဖြစ်တဲ့ "အိမ့်ချစ်
ဟုခေါ်သည်" အခွေကို ဖေ ဖော်ဝါရီ၁၂ ရက်မှာ ထွက် မယ်။ သီချင်းပေါင်း ၁၂ ပုဒ်ပါမယ်။ တေး ရေးကို သားသားက တစ်ပုဒ်ရေးပေးထား တယ်။ ကျန်တဲ့ ၁၁ ပုဒ်ကိုတော့ ကိုယ်တိုင်ပဲရေးထားပါတယ်။ Featuring ကတော့ ကိုဟဲလေး၊ ကို J Me တို့က ဆိုထားပါတယ်။

အရင် အိမ့်ချစ် သီဆိုပုံတွေနဲ့တော့ကွာခြားမှာပါ။ ကိုယ်ရေးတာပဲဖြစ်ဖြစ် သူများရေး ပေးတာကိုဆိုရတာပဲဖြစ်ဖြစ် အိမ့်ချစ်အတွက်ကတော့ ဆိုရတာအဆင် ပြေပါတယ်။

အခုအဆိုပြိုင်ပွဲတွေမှာ ဆိုတဲ့သူတွေကိုပြောရရင်တော့ အနု ပညာရှင်
တစ်ယောက်လုပ်တော့မယ်ဆိုရင် စွယ်စုံရရမယ်။ မရတဲ့အနု ပညာရှင်တွေလည်းရှိပါတယ်။ တန်ဖိုးတွေယှဉ်လိုက်တဲ့အခါမှ ကိုယ်က မရဘူးဆိုရင်တော့ တန်ဖိုးကျတာပေါ့။ အဆိုပြိုင်ပွဲတွေက စွယ်စုံရတဲ့ အနုပညာရှင်တွေဖြစ်စေချင်လို့ သီချင်းမျိုးစုံကိုဆိုခိုင်းတာပါ။ အိမ့်ချစ်က တော့လက်ခံတယ်။ Music တစ်ခုမှာ အသက်ကဘာလဲ ဒါတွေကိုသိဖို့ လိုပါတယ်။

ကိုယ့်အသံကမရရင်တောင် နားလည်ထားဖို့တော့လိုပါတယ်။
စုံတွဲဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုအပေးအယူလုပ် ရမလဲဆိုတဲ့ သဘောတရားတွေသိဖို့ အများကြီးလိုပါတယ်။ မြန်မာသံတွေဆိုရင်လည်း ဆိုရတာခက်ခဲပါတယ်။ ဒါတွေကိုတတ်ထားရင် ကိုယ် ဟာစွယ်စုံရတဲ့အနုပညာရှင်တစ်ယောက်ဖြစ်လာမှာပါ။ သူများထက် လည်း ပိုပြီးတန်ဖိုးရှိမှာပါ။ အိမ့်ချစ်ကတော့ ပြိုင်ပွဲတွေမှာသီချင်းအမျိုး အစားအစုံဆိုခိုင်းတာကို သဘောကျပါတယ်။

နောက်ဖေဖော်ဝါရီ ၁၄ ရက်မှာမြန်မာပလာဇာမှာရှိမယ်။ သီချင်းဆိုမယ်။ ပြီးတော့ ညနေ ၅ နာရီကနေ ၇ နာရီအထိ ထူးထူးခြားခြား အိမ့်ချစ်ရယ်၊ ကိုစည်သူလွင်ရယ် ပြည်သူ့ရင်ပြင်ထဲမှာလည်း ဖျော်ဖြေမှုတွေရှိပါတယ်။ ပရိသတ်တွေလာရောက်ကြည့်ရှုနိုင်ပါတယ်။ အဲဒါကို Facebook နဲ Shwe FMကနေ တိုက်ရိုက်ပြသသွားမှာပါ။""

KZYH

Sources : Democracytoday

No comments:

Post a Comment