Latest News

Thursday, February 9, 2017

ပါကစ္စတန် မှ မှာယူထားသော နောက်ဆုံးပေါ် တိုက်လေယာဉ်များ ရောက်ရှိတော့မည် ဖြစ်

ပါကစ္စတန် မှ မှာယူထားသော နောက်ဆုံးပေါ် တိုက်လေယာဉ်များ ရောက်ရှိတော့မည် ဖြစ်


မြန်မာ့လေတပ်မှ ပါကစ္စတန် နိုင်ငံလုပ် JF-17 Thunder ဂျက် တိုက်လေယာဉ် အသစ် ၁၆ စီး ၀ယ်ယူရန် ၂၀၁၅ ခုနှစ်ကတည်းက မှာယူထားခဲ့ရာမှ ယခုအခါ ပထမသုတ် အဖြစ် စတင်ရောက်ရှိလာတော့မှာ ဖြစ်ပြီး ယခုနှစ်အကုန်တွင် စတင်အသုံးပြုနိုင်တော့မှာ ဖြစ်သည်ဟု  IHS  Janes Defense Weekly စာစောင်တွင် ယနေ့ရေးသားထားခဲ့ပါတယ်။

ရောက်ရှိလာမည့် လေယာဉ်များသည် JF-17 Thunder Block II အမျိုးအစားတွင်ပါဝင်ပြီး ဝေဟင်ထဲတွင် ဆီ ဖြည့်တင်းနိုင်မည့်အပြင် ဘက်စုံ တိုက်ခိုက်နိုင်စွမ်း ရှိမယ်လို့ သိရပါတယ်။

ထို့အပြင် Block III ကို ပါကစ္စတန် မှ လိုင်စင်ခံပြီး ပြည်တွင်းတွင်  ပါကစ္စတန် နှင့် တရုတ် ကုမ္ပဏီများ နှင့် ပူးပေါင်းပြီး ထုတ်လုပ်သွားရန် ညှိနှိုင်းဆွေးနွေးလျက် ရှိနေပါတယ်။

မြန်မာ တပ်မတော် (လေ) မှ ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက ၀ယ်ယူ အသုံးပြုခဲ့သည့် တရုတ်ပြည်လုပ် F-7M Airguard  နှင့် A-5C တိုက်လေယာဉ်များကို တဖြေးဖြေး နှင့် အသုံးပြုခြင်းမှ ရပ်ဆိုင်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပါကစ္စတန် လေတပ်တွင် အဆိုပါ JF-17 အမျိုးအစားကို ၂၀၀၉ ခုနှစ်မှ စ၍ တွင်ကျယ်စွာ အသုံးပြုလျက်ရှိနေပြီး ယခု အခါ အစီးရေ ၇၀ ခန့်ရှိနေပြီ ဖြစ်ပါတယ်။ နောက်ထက် အစီးရေ ၁၅၀ ခန့်အထိ တိုးချဲ့ ထုတ်လုပ်သွားရန် ရှိနေပါတယ်။

တစီးကို မည်မျှ အထိ ပေးခဲ့ရသည်ကိုမူ သတင်းတွင် ဖေါ်ပြထားခြင်း မရှိပေ။

HSW
Brain Wave

No comments:

Post a Comment