Friday, February 24, 2017
မတ်လ ၁၅ ရက်မှ ၂၉ ရက်အထိ ကမ္ဘာကြီး အမှောင်ကျမည်ဟု နာဆာ၏ ခန့် မှန်းချက် မှန် မမှန် စောင့်ကြည့်ရမည်
ယခုနှစ် မတ်လ ၁၅ ရက်မှ ၂၉ ရက်အထိ ကမ္ဘာကြီး အမှောင်ကျမည်ဟု နာဆာက ခန့် မှန်းလိုက်ခြင်းမှာ မှန်ကန်ပါမည်လောဟု စောင့်ကြည့်ချင်စရာ ဖြစ်လာသည်။
နာဆာသည် ၂၀၁၆ ခုနှစ်ကလည်းခန့် မှန်းဆခဲ့ဖူးပြီး အထူးသဖြင့်နိုဝင်ဘာလအတွင်း၌ ၁၅ ရက်တိတိ အမှောင်ကျမည်ဟူ၍ဖြစ်ကာ လက်တွေ့ တွင် ယင်းသို့ မဖြစ်ခဲ့သောကြောင့် ၂၀၁၇ ခုနှစ် မတ်လ
၁၅ ရက်မှ ၂၉ ရက်အထိ ၁၅ ရက်တိုင်တိုင် ကမ္ဘာကြီးအမှောင်ကျမည်။
ဆိုသော ကိစ္စမှာလည်း သတိပြုစောင့်ကြည့်ရမည့် အရာဖြစ်လာ
နေသည်။ သို့ သော် ဂူးဂဲလ်၌ " NASA CONFIRMS EARTH WILL EXPERIENCE 15 DAYS OF DARKNESS IN MARCH 2017 "
ဟူသော သတင်းခေါင်းစည်းမှာ ၂၀၁၆ ခုနှစ်ကတည်းက ရှိနေခဲ့ပြီး အချို့ သော သတင်းဝက်ဘ်ဆိုက်များမှာ ယခုနှစ်တွင် ပြန်လည်ဖော်ပြလာကြသည်ကိုလည်းတွေ့ ရသည်။ ကမ္ဘာ့နက္ခဗေဒဆိုင်ရာ တွက်ချက်မှု
အရ ဂျုပီတာနှင့် ဗီးနပ်ဂြိုလ်၏ကြားတွင် ကျရောက်မှုကြောင့်ဟု မှန်းဆထားပြီး မတ်လ ၁၅ ရက် နံနက် ၃ နာရီမှ မတ်လ ၃၀ ရက် ညနေ ၄ နာရီ ၄၅ မိနစ်အတွင်း အမှောင်ကျခြင်းဖြစ်နိုင်သည်ဟု ဆိုထားသည်။
မည်သို့ ပင်ဖြစ်စေ ခန့် မှန်းချက်များသည် မှားယွင်းတတ်သကဲ့သို့ ကမ္ဘာကြီး၏ကြုံတွေ့ လာရနိုင်ခြေကို သိပ္ပံနည်းပညာ အရ တွက်ဆပေးခြင်းသာဖြစ်ပြီး တိတိကျကျဖြစ်လာ မလာကို စောင့်ကြည့်ရမည်
လည်းဖြစ်နေသည်။ ယုတ္တိဗေဒသဘောအရဆိုလျှင် ဖြစ်နိုင်ခြေ နည်းပါးနေသော်လည်း စင်္ကြာဝဠာတွင် မဖြစ်နိုင်ဟု ယူဆသော အရာများ က ဖြစ်ပွားတတ်သည့်သဘောမျိုးလည်း ရှိနေသည်။
သို့ အတွက် မတ်လ ၁၅ ရက်၌ မည်သို့ ဖြစ်လာမည်ကို စောင့်ကြည့်ရုံသာ ရှိတော့သည်။
Credit, AKonThi
မတ်လ ၁၅ ရက်မှ ၂၉ ရက်အထိ ကမ္ဘာကြီး အမှောင်ကျမည်ဟု နာဆာ၏ ခန့် မှန်းချက် မှန် မမှန် စောင့်ကြည့်ရမည်
Reviewed by timeayeyar
on
5:34 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment