Latest News

Sunday, February 19, 2017

ဦးကိုနီလုပ်ကြံမှု ကွင်းဆက်တရားခံများ အမြန်ဆုံးဖော်ထုတ်ရန် ဦးတင်ဦးတိုက်တွန်း

ဦးကိုနီလုပ်ကြံမှု ကွင်းဆက်တရားခံများ အမြန်ဆုံးဖော်ထုတ်ရန်

ဦးတင်ဦးတိုက်တွန်း



ဦးကိုနီလုပ်ကြံမှု၏ ကွင်းဆက်တရားခံ မဖမ်းနိုင်သေးသည့်အပေါ် ဘ၀င်မကျကြောင်းနှင့် အမြန်ဆုံးဖော်ထုတ်ရန် လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက တိုက်တွန်းပြောကြားလိုက်သည်။

မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က ဦးစီး၍ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ဖေဖော်ဝါရီ ၁၉ ရက်က ပြုလုပ်သော တရားလွှတ်တော် ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုအတွက် ၀မ်းနည်းခြင်းနှင့် ဦးကိုနီအား ဂုဏ်ပြုခြင်းအခမ်းအနား၌ ဦးတင်ဦးက ပြောကြားခဲ့ခြင်းဖြစ် သည်။
‘‘အမှုက ကြာလာလေ နည်း နည်းသွေးအေးသွားလေဖြစ်မှာ ကို စကားကို ယဉ်ယဉ်ကျေးကျေး ပြောချင်တာက အမြန်ဆုံးအမှုကို မြန်မြန်ဖော်ထုတ်ပါ။ ပါတဲ့အဖွဲ့ က ပတ်သက်တဲ့ လူတွေအားလုံး ကို ဥပဒေရှေ့မှောက်မှာ ပြတ် ပြတ်သားသားထင်ထင်ရှားရှား ဖြစ်အောင် အရေးယူပေးပါ။ အရေးအကြီးဆုံးကတော့ ကွင်းဆက် နဲ့ဖြစ်တဲ့ ပထမဦးဆုံးလူကို လက် ပူးလက်ကြပ်မိထားပြီးသားဖြစ်ပြီး တဲ့အတွက် ဖော်ထုတ်သင့် ဖော်ထုတ်ရမယ့်ဟာတွေကို အမြန် ဆုံးဖော်ထုတ်သင့်တယ်’’ဟု ဒီချုပ် နာယကက ပြောကြားသည်။

အဓိက တရားခံမမိသော မှု ခင်းများတွင်ပင် မှုခင်းဖော်ထုတ် သောပညာဖြင့် တရားခံဖော်ထုတ် နိုင်သော နိုင်ငံ၌ လုပ်ကြံမှု၏ အဓိက တရားခံနှစ်ဦးကို ဖမ်းမိ ထားပြီးဖြစ်သောကြောင့် ကျန် ကွင်းဆက်တရားခံများကို ဖော် ထုတ်ပြီး မည်သူ၊ မည်သည့်အဖွဲ့ အစည်းက ဘာကြောင့်လုပ်ကြံ သည်ဆိုသည်ကို သင်ခန်းစာယူ နိုင်ရန်၊ အနာဂတ်တွင် ထပ်မံမ ဖြစ်ပွားရန်၊ ထိုသို့ပြစ်မှုကျူးလွန် လိုသူများမလုပ်နိုင်ရန်နှင့် အမြန် ဆုံးဟန့်တားနိုင်ရန် ကွင်းဆက် တရားခံများ အမြန်ဖော်ထုတ်နိုင် ရန်လိုကြောင်း ဦးတင်ဦးက ပြောသည်။ ထို့ကြောင့် လုပ်ကြံမှု နောက်ဆက်တွဲသတင်းများ အမြဲ စောင့်ကြည့်နေပြီး လက်ရှိတွင် ဆက်စပ်တရားခံများ ဖမ်းဆီးရေး လျင်မြန်မှုမဖြစ်ခြင်းအပေါ် အားမရကြောင်း ဒီချုပ် နာယကက ပြောကြားသည်။

မည်သူက မည်သည့်အ တွက် လုပ်ကြံရသည်ကို နစ်နာသူ မိသားစုနှင့် တိုင်းပြည်အပေါ် ရှင်း ပြရန် တာဝန်ရှိကြောင်းလည်း ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ ရှေ့နေများကွန် ရက် ဦးဆောင်အဖွဲ့ဝင် တရား လွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်က ‘‘ကျွန်တော်တို့က ဦးကိုနီသေဆုံးမှုအတွက် ပြည့်စုံ စွာ စစ်ဆေးမှုကို မြန်မြန်ဆန်ဆန် ပြုလုပ်စေချင်တယ်။ အရင်တုန်း က ဆိုရင် နိုင်ငံရေးအမှုတွေနဲ့ ပတ်သက်ရင် ရက်ပိုင်းအတွင်းမှာ သူတို့စစ်ဆေးပြီးဖော်ထုတ်နိုင် တယ်။ ဒီလိုကြီးမားတဲ့ အကြမ်း ဖက်မှုက အခုဆို ၁၉ ရက်ရှိပြီ။ ဖော်ထုတ်နိုင်စွမ်းမရှိသေးတဲ့အ ပေါ် လူထုက အားမလို အားမရ ဖြစ်နေပြီ’’ဟု ပြောသည်။ ထို့အ ပြင် ဦးရောဘတ်စန်းအောင်က လက်ရှိဖမ်းဆီးထားသော တရားခံ သုံးဦးအနက် နှစ်ဦးသည် တပ်မ တော်အရာရှိဟောင်းများဖြစ်၍ တပ်မတော်အပေါ် အများပြည် သူအထင်အမြင်လွဲမှားမှုဖြစ်ပေါ် နေပြီး ယင်းကဲ့သို့ အထင်အမြင်လွဲ မှားမှုကို ပပျောက်အောင် လုပ် ဆောင်ရန် အထူးလိုအပ်ကြောင်း အကြံပြုပြောကြားသည်။

ဒီချုပ်ဥပဒေအကြံပေး ဦးကို နီသည် ရန်ကုန်လေဆိပ်တွင် ဇန်န၀ါရီ ၂၉ ရက်က သေနတ် ဖြင့် အနီးကပ်လုပ်ကြံသတ်ဖြတ်ခံ ရပြီး သေနတ်သမားကြည်လင်း ကို ရန်ကုန်လေဆိပ်ရှိ တက္ကစီ ယာဉ်မောင်းများနှင့် ရဲတပ်ဖွဲ့ဝင် အချို့က ဖမ်းမိခဲ့သည်။ ကြည် လင်းကို လိုက်၍ဖမ်းသော တက္ကစီ ယာဉ်မောင်း ဦးနေ၀င်းမှာလည်း ကြည်လင်းက သေနတ်ဖြင့်ပစ်၍ သေဆုံးခဲ့သည်။ ကြည်လင်းကို ငွေပေးခိုင်းစေသော အောင်ဝင်း ဇော်ကို ဇန်န၀ါရီ ၃၀ ရက် နံနက် ၌ ဖမ်းဆီးနိုင်ခဲ့သည်။ သို့သော် ၎င်းတို့ကို ငွေပေးစေခိုင်းသူသည် ဒုဗိုလ်မှူးကြီးဟောင်း အောင် ၀င်းခိုင်ဖြစ်ကြောင်း သိရှိပြီးဖြစ် သော်လည်း ယနေ့အထိ ၎င်းကို မဖမ်းဆီးနိုင်သေးပေ။

ဦးကိုနီ လုပ်ကြံခံရမှုအတွက် သေနတ်သမားကြည်လင်း၊ ဗိုလ် ကြီးအဆင့်ဖြင့် တပ်မတော်မှ နုတ်ထွက်ထားသော အောင်ဝင်း ဇော်တို့ကိုဖမ်းဆီးထားကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်း ထုတ်ပြန်ထားသည်။ ဦးကိုနီသေ ဆုံးမှုအတွက် အစိုးရနှင့် ပြည်ထဲ ရေးဝန်ကြီးဌာနက တရားဝင် သ တင်းစာရှင်းလင်းပွဲ မပြုလုပ်သေး ဘဲ သတင်းထုတ်ပြန်မှု သုံးကြိမ် ပြုလုပ်ထားသည်။ သမ္မတရုံး၏ ထုတ်ပြန်ချက်များသည် နှောင့် နှေးနေကြောင်း နယ်ပယ်အသီး သီးက ဝေဖန်နေပြီး သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အမှုကို စစ်ဆေးနေဆဲဖြစ်၍ လို အပ်သည့်အချိန်တွင် သတင်း ထပ်မံထုတ်ပြန်မည်ဖြစ်ကြောင်း ပြောကြားထားသည်။

ဦးကိုနီ၏ သမီး ဒေါက်တာ ယဉ်နွယ်ခိုင်က ၎င်း၏ ဖခင် လုပ် ကြံခံရမှုအတွက် တာဝန်ရှိသူများ အနေဖြင့် ရေဆုံးမြေဆုံးအထိ လိုက်ပြီး အမှုမှန်ပေါ်အောင် ဆောင်ရွက်ရန် တောင်းဆိုထား သည်။

7Day News Journal

No comments:

Post a Comment