Latest News

Wednesday, February 8, 2017

ဈေးမြင့်တက်ခြင်းကြောင့် အိန္ဒိယ ကြက်သွန်နီကို စမ်းသပ်တင်သွင်း

ဈေးမြင့်တက်ခြင်းကြောင့် အိန္ဒိယ ကြက်သွန်နီကို စမ်းသပ်တင်သွင်း


ပြည်တွင်း၌ ကြက်သွန် နီ၊ ကြက်သွန်ဖြူ ဈေးနှုန်းများ မြင့် တက်နေသောကြောင့် အိန္ဒိယ- မြန်မာနယ်စပ် တမူးမြို့မှတစ်ဆင့်နယ်စပ်မှ ကြက်သွန်ကားငါးစီး စမ်းသပ်တင်သွင်းခဲ့ရကြောင်း ကုန်သည်များထံမှ သတင်းရရှိသည်။

ဇန်နဝါရီအတွင်း ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ အဝင်လျော့ နည်းခြင်းကြောင့် တစ်ပိဿာ လျှင် ၂,၅၀၀ ကျပ်ကျော် ဈေးနှုန်းမြင့်တက်ခဲ့သည်။ ရုတ်တရက် ဈေးနှုန်း မြင့်တက်မှုကြောင့် မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့် စားဖိုဆောင်သုံး သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းက တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ ကြက်သွန်နီနှင့် ကြက်သွန်ဖြူများ တင်သွင်းခွင့်ပြုရန် စဉ်းစား နေပြီး စမ်းသပ်မှုအနေဖြင့် ဇန်န ဝါရီအတွင်း တမူးနယ်စပ်မှ ကား ငါးစီးဖြင့် တင်သွင်းခြင်းဖြစ်သည်ဟုကုန်သည်များက ဆိုသည်။

ထိုသို့ နယ်စပ်မှ ကြက်သွန် နီနှင့် ကြက်သွန်ဖြူ စမ်းသပ်တင် သွင်းပြီးနောက်ပိုင်းတွင် ကြက် သွန်နီ ဈေးနှုန်းပြန်လည်ကျဆင်း လာခြင်းကြောင့် ကုန်သည်များ အခက်အခဲဖြစ်ရကြောင်း မြန်မာ နိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့် စားဖိုဆောင်သုံး သီးနှံစိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိ ဘုရင့်နောင် ကုန် စည်ဒိုင်တွင် ကြက်သွန်နီ လက် ကားဈေးသည် တစ်ပိဿာလျှင်ကျပ် ၁,၅၀၀ ခန့် အများဆုံးရှိနေ ပြီး ဇန်နဝါရီနှင့် နှိုင်းယှဉ်ပါကတစ်ပိဿာလျှင် ကျပ် ၁,၀၀၀ ခန့်ဈေးကျလာကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်ကုန်သည်တစ်ဦးက ပြောသည်။

ဇန်နဝါရီအတွင်းက ရန်ကုန်မြို့တွင် ကြက်သွန်နီ၊ ကြက်သွန် ဖြူ ဈေးနှုန်းများ မြင့်တက်လာ၍ ဆောင်းကြက်သွန်စိုက်ပျိုးသည့် တောင်သူများက စိုက်ပျိုးထားသည့် ကြက်သွန်များ ဈေးကွက် အတွင်း အလျင်အမြန် ရောင်းချခြင်းကြောင့် ယင်းကာလက ဘုရင့်နောင် ကုန်စည်ဒိုင်သို့ နေ့စဉ် ကြက်သွန်ကားအစီးရေ ၃၀ ကျော်ဝင်ရောက်ခဲ့သည်။ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ နေ့စဉ် ကားအစီးရေ ၂၀ ရှိလျှင် ရန်ကုန်လူဦးရေ စားသုံးမှုအတွက် လောက်ငမှုရှိခြင်းကြောင့် ဝယ်လိုအားထက် ဈေးကွက်အတွင်းသို့ ကြက်သွန်များ ဝင်ရောက်လာသဖြင့် ဈေးကျဆင်းခြင်းဟု ကြက်သွန်ကုန်သည်များက ပြောကြားသည်။

=============
7Day News Journal

No comments:

Post a Comment