ချီးကျူးသံကြားရလို့ နေတောင်ကောင်းသွားပြီဆိုတဲ့ ရွှေမှုံရတီ
ဘန်ကောက်မှာ ဆေးကုသမှု ခံယူနေရတဲ့ သရုပ်ဆောင်ရွှေမှုံရတီကတော့ ဇန်နဝါရီ(၃၁)ရက်နေ့ ညနေက မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။ နှလုံးဖောက်လို့ ဇန်နဝါရီ(၂၄)ရက်နေ့ကတည်းက ဆေးကုသမှု ခံယူနေရတဲ့ ရွှေမှုံရတီကတော့ ကျန်းမာရေးကောင်းမွန်လာပြီ ဖြစ်ပါတယ်။
မွေးရာပါနှလုံးရောဂါကကော အစာအိမ်ရောဂါ ရှိနေတယ်လို့လည်း သိရပါတယ်။ ဆေးကုသမှု ခံယူပြီး မြန်မာနိုင်ငံကို ပြန်ရောက်ရောက်ချင်း နောက်နေ့မှာ အလုပ်စဆင်းခဲ့ပါတယ်။
အလုပ်စဝင်တဲ့နေ့မှာပဲ ချီးကျူးသံနဲ့ အလုပ်လုပ်ရတဲ့အတွက် နေတောင်ကောင်းသွားပြီလို့ သူမက ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
"ဒီနေ့အလုပ်စဝင်တယ်။ ချီးကျူးသံနဲ့စအလုပ်လုပ်ရတယ်။ ရင်အေးလိုက်တာ နေတောင်ကောင်းသွားသလိုပဲ။" လို့ ဆိုပါတယ်။
ရွှေမှုံရတီ(Shwe Mhom Yati) ဟာ အနုပညာပျိုးခင်း(၁)ရဲ့ စင်တင်မင်းသမီး တစ်လက်အဖြစ် အနုပညာလောကထဲကို ရောက်ရှိလာသူတစ်ဦးဖြစ်ပြီး အသက်(၁၈)ကျော်သာ ရှိသေးတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ယခုဆိုရင် ရွှေမှုံရတီဟာ ဗီဒီယို ဇာတ်ကားများသာမက ရုပ်ရှင်ဇာတ်ကားတွေကိုပါ လက်ခံရိုက်ကူးလာရတဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်လို့နေရပါပြီ။ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ ရွှေမှုံရတီကတော့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးလည်း ဖြစ်လို့လာပါပြီ။
Sources : ငွေမှုံရတီ၊ ရွှေမှုံရတီဖေ့စ်ဘွတ် : Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment