Latest News

Sunday, February 26, 2017

ကျပ် ၅၀၀ တန်ထီ အက္ခရာ အလုံး ၃၀ ဖြင့် ရောင်းချ ဖွင့်လှစ်မည်

ကျပ် ၅၀၀ တန်ထီ အက္ခရာ အလုံး ၃၀ ဖြင့် ရောင်းချ ဖွင့်လှစ်မည်

ပထမအကြိမ် ကျပ် ၅၀၀ တန် ထီလက်မှတ်များကို မတ်လ ၁ ရက်က စလို့ ရောင်းချ ပေးသွားမှာ ဖြစ်ပြီး ‘က’ အက္ခရာ ကနေ ‘သ’ အက္ခရာထိ အက္ခရာ အလုံး ၃၀ ပါဝင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ‘ကက’ အက္ခရာနဲ့လည်း အရန်ထီ အဖြစ် ရောင်းချပေးမှာ ဖြစ်ပြီး အမြင့်ဆုံးထီဆု ကျပ်သိန်း ၁၀၀၀၀၊ ကျပ်သိန်း ၅၀၀၀ နဲ့ ကျပ်သိန်း ၁၀၀၀ ဆုများ ပါဝင်ပြီး အနိမ့်ဆုံးဆုက ကျပ် ၅၀၀၀၀ ဖြစ်တယ်လို့ အောင်ဘာလေ သိန်းဆုဌာနခွဲက ကြေညာပါတယ်။

အခု စတင် ဖွင့်လှစ်မယ့် ၅၀၀ တန်ထီကို ဧပြီ ၁ ရက်မှာ ဆုဖွင့်ပေးမှာ ဖြစ်ပါတယ်။

ဖွင့်လက်စ ကျပ် ၂၀၀ တန် ထီကိုလည်း ဆက်လက် ရောင်းချပေးမှာ ဖြစ်ပြီး ‘က’ အက္ခရာကနေ ‘ဂ’ အက္ခရာ အထိသာ ဖွင့်လှစ် ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။

၁၉၃၈ ခုနှစ် ကတည်းက စတင် ဖွင့်လှစ်ရောင်းချခဲ့တဲ့ အောင်ဘာလေ ထီကနေ အစိုးရက အခွန် ၃၁ ရာခိုင်နှုန်းပဲ ရတယ်လို့ မကြာသေးခင်က လုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော် အတွင်း ဘဏ္ဍာအခွန်ဌာနက ရှင်းလင်း ပြောကြားခဲ့ပါတယ်။

DVB

No comments:

Post a Comment