Latest News

Tuesday, February 14, 2017

နိုင်ပွဲရယူဦးမယ့် မန်ယူ၊ အောင်ပွဲခံဖို့ခက်မယ့် စပါးတို့ရဲ့ ယူရိုပါလိဂ် (၃၂)သင်းအဆင့် ပွဲစဉ်

ယူရိုပါလိဂ် (၃၂)သင်းအဆင့် ပွဲစဉ် သုံးသပ်ချက်

နိုင်ပွဲရယူဦးမယ့် မန်ယူ၊ အောင်ပွဲခံဖို့ခက်မယ့် စပါးတို့ရဲ့

ယူရိုပါလိဂ် (၃၂)သင်းအဆင့် ပွဲစဉ်

ယူရိုပါလိဂ် ၃၂ သင်းအဆင့် ပွဲစဉ်တွေကို ဖေဖော်ဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ ဆက်လက်ကစားမှာဖြစ်ပါ တယ်။ ဒီပွဲစဉ်မှာ အသင်းကြီးတွေဖြစ်တဲ့ မန်ယူ၊ စပါး၊ ရိုးမား စတဲ့ထိပ်တန်းအသင်းတွေရဲ့ အောင်ပွဲရအောင် ကြိုးစားစွမ်းဆောင်မှုတွေကို မြင်တွေ့အားပေးကြရဦး မှာဖြစ်သလို မျှော်မှန်းချက်ကြီးမားနေတဲ့ဆန္ဒတွေ ပြည့်ဝ နိုင်မှု ရှိမရှိဆိုတာလည်း လေ့လာခွင့်ရရှိကြမှာဖြစ်ပါ တယ်။ ဒီနှစ် ယူရိုပါလိဂ်ဖလားရယူရေးအတွက် အရှိန် အဟုန်မြှင့် အားထည့်ကစားလာမယ့် အသင်းတွေများ နေတာမို့ ပွဲတိုင်းမလွတ်တမ်း စောင့်ကြည့်ရဦးမယ့်ပွဲတွေပါပဲ။

မန်ယူနှင့် စိန့်အီတင်း

လက်ရှိအနေအထားအရကတော့ ပရီမီယာလိဂ်မှာ မန်ယူက အဆင့်(၆) နေရာမှာရှိနေပြီး ပြင်သစ် လီဂူး- ၁ မှာတော့ စိန့်အီတင်းက အဆင့် (၅) နေရာမှာ ရပ်တည် နေပါတယ်။ နိုင်ပွဲတွေ ဆက်တိုက်ရရှိနေတဲ့ မန်ယူဟာ ယူရိုပါလိဂ်ဖလားကို ပစ်မှတ်ထားနေတာမို့ ဒီပွဲကို အိမ် ကွင်းလည်းဖြစ်တာမို့ အနိုင်ကစားပါလိမ့်မယ်။ စိန့်အီ တင်းတို့က ခံစစ်ပိုင်းကောင်းမွန်ပေမယ့် တိုက်စစ်မှူးတွေ ရဲ့ ဂိုးသွင်းစွမ်းရည်က ကျဆင်းနေတာမို့ မန်ယူတို့ အခွင့် အရေးကောင်းတွေ ရရှိသွားနိုင်ပါတယ်။ ဒီပွဲမှာ မန်ယူ တို့ပဲ နိုင်ပွဲရသွားပါလိမ့်မယ်။

KAAဂျန့်နှင့် စပါး

ဘယ်လ်ဂျီယံလိဂ်မှာတော့ KAAဂျန့်တို့က ပုံမှန် ခြေစွမ်းရရှိနေတဲ့အသင်း ဖြစ်ပါတယ်။ စပါးတို့က ပရီ မီယာလိဂ်မှာ အခုတလော ခြေစွမ်းအတက်အကျ ရှိနေပြီး ပွဲလည်းပန်းနေပါတယ်။ တိုက်စစ်ပိုင်းမှာတော့ စပါးတို့က အားသာချက်ရှိနေပြီး အဆုံးသတ် ကောင်း မွန်နေတာမို့ KAAဂျန့်တို့ သိပ်တော့မလွယ်ပါဘူး။ ဒီနှစ် မှာ ဖလားလက်မဲ့မဖြစ်ဖို့ ကြိုးစားနေတဲ့ စပါးတို့အတွက် တော့ အဝေးကွင်းဆိုပေမယ့် အနိုင်ရအောင် စွမ်း ဆောင်ပါလိမ့်မယ်။

အယ်လ်ကမာနှင့် လိုင်ယွန်

ပြင်သစ်လီဂူး-၁ မှာတော့ လိုင်ယွန်တို့က ခြေစွမ်း မာကျောပြီး အဝေးကွင်းမှာလည်း နိုင်ပွဲရအောင် ဖော် ဆောင်နိုင်နေပါတယ်။ အယ်လ်ကမာတို့ကတော့ ဟော် လန်လိဂ်မှာ ဒီနှစ်တန်းစီဇယားရဲ့ သတ္တမနေရာမှာရှိနေ တာမို့ အခုပွဲဟာ လိုင်ယွန်တို့ အသာစီးရအောင် ကြိုး စားပြီး ရလဒ်ကောင်းအောင် အားထုတ်ပါလိမ့်မယ်။ အယ်လ်ကမာရဲ့ အားနည်းချက်က ခံစစ်ပိုင်းဖြစ်ပြီး အမှား အယွင်းများတာမို့ အခုပွဲမှာ လိုင်ယွန်တို့ ဂိုးမပြတ် ပေမယ့် နိုင်ပွဲရသွားနိုင်ပါတယ်။

ဗီလာရီးရဲနှင့် ရိုးမား

လာလီဂါမှာ ဗီလာရီးရဲတို့က တန်းစီဇယား ဆဋ္ဌမ နေရာရှိနေပြီး ယူရိုပါလိဂ်နောက်ဆုံးကိုးပွဲ နိုင်ပွဲရထား ရအောင် ကစားနိုင်ခဲ့တဲ့အသင်းဖြစ်ပါတယ်။ ရိုးမားတို့ ကလည်း စီးရီးအေမှာ လောလောဆယ်နိုင်ပွဲတွေဆက် နေတဲ့ အသင်းဖြစ်တာမို့ ဒီပွဲမှာ ခြေရည်တူ နှစ်သင်းတွေ့ ဆုံတဲ့ ပွဲမို့ အကြိတ်အနယ်ရှိပါလိမ့်မယ်။ ဗီလာရီးရဲလ်တို့ က အိမ်ကွင်းအကောင်းဆုံးခြေစွမ်းပြနိုင်ပေမယ့် ရိုးမား ရဲ့ အသင်းလိုက် ကစားအား ကောင်းမွန်မှုကြောင့် သရေ ပွဲဖြစ်သွားနိုင်ပါတယ်။

ဂလာဘတ်နှင့် ဖီအိုရင်တီးနား

ဒီနှစ် ဘွန်ဒက်လီဂါမှာ ဂလာဘတ်တို့ တန်းစီဇယား အဆင့် (၁၁)နေရာမှာရှိနေပြီး ဖီအိုရင်တီးနားတို့က တော့ စီးရီးအေမှာအဆင့် (၈)နေရာမှာရှိနေပါတယ်။ ဖီအိုရင်တီးနားတို့ကတော့ လက်ရှိခြေစွမ်းအရ အတက် အကျမြန်နေပေမယ့် ယူရိုပါလိဂ်ပွဲစဉ်တွေဆိုရင် သေသေ ချာချာပြင်ဆင်ကစားတတ်တဲ့အပြင် အနိုင်ရအောင် လည်း စွမ်းဆောင်နိုင်ပါတယ်။ ဂလာဘတ်တို့ရဲ့ အား နည်းချက်က တိုက်စစ်ပိုင်းဖြစ်ပြီး တိုက်စစ်မှူးတွေ အဆုံးသတ် မသေချာတာမို့ ဒီပွဲမှာ အနိုင်ဆိုရင် ဖီအို ရင်တီးနားတို့ ဖြစ်နိုင်ပေမယ့် သရေပွဲလည်း ဖြစ်သွား နိုင်ပါတယ်။

အိုလံပီယာကို့စ်နှင့် အိုစမန်လီစပါး

ဂရိလိဂ်မှာတော့ ဒီနှစ်မှာ အိုလံပီယာကို့စ်တို့က ထိပ် ဆုံးက ဦးဆောင်နေပါတယ်။ အကောင်းဆုံး ခြေစွမ်းရရှိ နေပြီး ပွဲတိုင်း နိုင်ပွဲရအောင် ကစားနိုင်နေတာမို့ ဒီပွဲမှာ လည်း ရလဒ်ကောင်းကို ဆောင်ကြဉ်းပါဦးမယ်။ တူရကီ လိဂ်မှာ အိုစမန်လီစပါးတို့က တန်းစီဇယား ဆဋ္ဌမနေရာ မှာ ရှိနေပြီး အဝေးကွင်းမှာတော့ ရလဒ်မကောင်းတတ် ပါဘူး။ တိုက်စစ်မှူးတွေရဲ့ ဂိုးသွင်းစွမ်းရည်ထက်မြက် သလို ခံစစ်ကလည်း သိပ်သည်းကျစ်လျစ်နေတဲ့ အိုလံ ပီယာကို့စ်တို့ပဲ အောင်ပွဲခံသွားပါလိမ့်မယ်။

ခရက်နိုဒါနှင့် ဖီနာဘာချီ

ရုရှားလိဂ်မှာ ခရက်နိုဒါတို့ ပုံမှန်ခြေစွမ်းရရှိနေပြီး ရလဒ်တွေလည်း ကောင်းနေပါတယ်။ တူရကီလိဂ်မှာ ဖီနာဘာချီတို့က တန်းစီဇယား စတုတ္ထနေရာမှာ ရပ်တည် နေပြီး တိုက်စစ်၊ ခံစစ် ဟန်ချက်ညီအောင် ကြိုးစားနေ ရတဲ့ အသင်းဖြစ်ပါတယ်။ လက်ရှိခြေစွမ်းအရ နှစ်သင်း စလုံး ခြေစွမ်းတူညီနေပြီး တစ်ဦးချင်း စွမ်းရည်လည်း ကွာဟမှု မရှိပါဘူး။ ဒီပွဲဟာ အမှတ်ခွဲယူရမယ့်ကိန်းဆိုက် သွားနိုင်ပါတယ်။

ဘီလ်ဘာအိုနှင့် အေပိုး

ဆိုက်ပရပ်စ်လိဂ်မှာတော့ အေပိုးတို့က တန်းစီဇယား ကို ဦးဆောင်နေပြီး နိုင်ပွဲတွေဆက်တိုက်ရယူကာ ခြေ စွမ်းပြသနေပါတယ်။ လာလီဂါမှာတော့ ဘီလ်ဘာအိုတို့ က ပုံမှန်ခြေစွမ်းမရသေးပါဘူး။ ဘီလ်ဘာအိုရဲ့ ကွင်းလယ် ကစားအားကလည်း အားရစရာမရှိဘဲ တိုက်စစ်ကို ပံ့ပိုး ရာမှာ အပို၊ အလိုတွေဖြစ်ပေါ်နေတာမို့ အေပိုးခံစစ်ကို ကျော်ဖြတ်ဖို့ မလွယ်ပါဘူး။ ဒီပွဲဟာ အေပိုးရဲ့ ပွဲပါပဲ။

မိုးမြင့်လင်းလက် ( ပြန်/ဆက် )

No comments:

Post a Comment