Latest News

Monday, February 20, 2017

ချင်းလူမျိုးများ၏ ပညာရေးနှင့် ပြည်ထောင်စုစိတ်ဓာတ်အပေါ် အလေး ထားမှုများကို ဒေါ်အောင်ဆန်းစုကြည် အသိအမှတ်ပြု

ချင်းလူမျိုးများ၏ ပညာရေးနှင့် ပြည်ထောင်စုစိတ်ဓာတ်အပေါ် အလေး

ထားမှုများကို ဒေါ်အောင်ဆန်းစုကြည် အသိအမှတ်ပြု


(၆၉)နှစ်မြောက် ချင်းအမျိုးသားနေ့တွင် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ချင်းလူမျိုးများ၏ ပညာရေးနှင့် ပြည်ထောင်စုစိတ် ဓာတ်အပေါ် အလေးထားမှုများ ကို အဓိကထားပြောကြားခဲ့သည်။

‘‘ချင်းလူမျိုးများရဲ့ ပညာ ရေးနဲ့ ပြည်ထောင်စုစိတ်ဓာတ် အ လေးထားမှုအပေါ် ပြောချင်ပါ တယ်။ ဒီလို ပညာရေးကိုအလေး ထားတယ်ဆိုတာဟာ ကျွန်မတို့ရဲ့ ပြည်ထောင်စုရဲ့ အနာဂတ်အ တွက် အင်မတန်မှ မျှော်လင့်ချက် တွေ ပြည့်စေပါတယ်။ ၁၀၀ ရာ ခိုင်နှုန်းတာဝန်ယူနိုင်တဲ့ လူကြီး တွေ ဖြစ်လာမယ်ဆိုတာ စိတ်ချ လို့ရပါတယ်’’ဟု ဒေါ်အောင်ဆန်း စုကြည်က နေပြည်တော် မြန်မာ ကွန်ဗင်းရှင်းစင်တာ-၂ (MICC-II) တွင် ဖေဖော်ဝါရီ ၂၀ ရက် ညက ကျင်းပခဲ့သော(၆၉) နှစ် မြောက် ချင်းအမျိုးသားနေ့အခမ်း အနား၌ ပြောကြားသည်။

ထို့အပြင် ချင်းလူမျိုးများ၏ လူငယ်များအပေါ် ယုံကြည်မှုနှင့် နေရာပေးမှုကိုလည်း နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့် သွင်းပြောကြားခဲ့သည်။

‘‘ဘယ်သွားသွား မိန့်ခွန်း ပြောတဲ့အခါမှာ ရှေ့တန်းကနေ ချင်းကလေးတွေ ထိုင်ထိုင်နေတာ တွေ့ရတယ်။ ကလေးတွေဟာ လူကြီးတွေနဲ့တန်းတူ သိချင်တတ် ချင်တဲ့စိတ် အင်မတန်မှ ရှိပါ တယ်။ သိချင်တတ်ချင်တဲ့ စိတ်ရှိ တာကို လူကြီးတွေကလည်း ကလေးတွေရှေ့ကနေ နေရာယူ တာကို အားလုံးလက်ခံထားတာ တွေ့ပါတယ်။ ဒီလိုမျိုး တစ်နေရာ မှ မတွေ့ခဲ့ဖူးပါဘူး’’ဟု ၎င်းက ပြောကြားသည်။

စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ်နှင့်ပတ်သက်၍ အနာ ဂတ်အတွက် ဥပဒေပြဋ္ဌာန်းချက် များဖြင့်လည်း အာမခံ၍မရ ကြောင်းလည်း ဆက်လက်ပြော ကြားသည်။

‘‘ကျွန်မတို့ ဘယ်နိုင်ငံရေး စနစ်နဲ့မှလည်း အာမခံချက်ပေး နိုင်မှာမဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ ပြည်ထောင်စုကြီး တိုးတက်စေဖို့ ဆိုရင် ကျွန်မတို့အားလုံးဟာ သ ဘောထားကြီးဖို့လိုပါတယ်။ သ ဘောထားကြီးစေတဲ့ အင်မတန် အဓိကကျတဲ့ အခြေခံအရာတစ်ခု ကတော့ ပညာတတ်ခြင်းပါပဲ’’ဟု ၎င်းက ဆိုသည်။

‘‘အခုဆိုလို့ရှိရင်လည်း ကျွန်မတို့ ဒုတိယပင်လုံဦးတည်နေ တဲ့အချိန်ကာလမှာ ချင်းတိုင်းရင်း သားများဟာ တက်တက်ကြွကြွနဲ့ ငြိမ်းချမ်းရေးရဖို့အတွက်ကို ၀ိုင်း ၀န်းပြီးတော့ ကူညီခဲ့တယ်။ ကူညီ ဆဲလည်းဖြစ်တယ်’’ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

(၆၉)နှစ်မြောက် ချင်းအမျိုး သားနေ့အခမ်းအနားသို့ ဒေါ် အောင်ဆန်းစုကြည်အပါအ၀င် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီး ယူ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည် ထောင်စုဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ချင်းတိုင်း ရင်းသားများ တက်ရောက်ပြီး အားကစား၊ ပညာရေးတို့၌ ထူး ချွန်သော ချင်းတိုင်းရင်းသားများ အား ဆုများ ချီးမြှင့်ခဲ့သည်။



7Day News Journal

No comments:

Post a Comment