မလေးရှားထောက်ပံ့ရေးသင်္ဘော စက်ချို့ယွင်း၍ ဖေဖော်ဝါရီ ၉ရက်မှသာ ရန်ကုန်သို့ ရောက်မည်
ရခိုင်ပြည်နယ်ရှိ နှစ် ဖက်လူ့အဖွဲ့အစည်းအတွက် ထောက်ပံ့ရေးပစ္စည်းများ လာ ရောက်ပို့ဆောင်သော မလေးရှား သင်္ဘောသည် သင်္ဘောစက်ချို့ ယွင်းမှုဖြစ်ပွားခဲ့သောကြောင့် ဖေ ဖော်ဝါရီ ၉ရက်မှသာ ရန်ကုန်မြို့ သီလ၀ါ ဆိပ်ကမ်းသို့ ရောက်ရှိမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
‘‘၉ရက်နေ့ နေ့လယ် ၂နာရီ ၀န်းကျင်လောက်မှာ ဆိုက်မယ်။ သီလ၀ါဆိပ်ကမ်းမှာ ကပ်မှာဖြစ် ပါတယ်။ သူတို့က စက်ကိရိယာ ပိုင်းကိစ္စ ချို့ယွင်းသွားတာကြောင့်ပါ။ သောက်ရေသန့်တို့၊ ခေါက်ဆွဲခြောက်တို့၊ နောက်ဆေးဝါးတွေ ပါလာမယ်ကြားတယ်’’ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ လူမှုဝန်ကြီးဦးစီးဌာနဒုညွှန် ကြားရေးမှူးချုပ်ဦးဝင်းထွဋ်ဦးက ပြောသည်။
Food Flotilla for Myanmar ဟု အမည်ပေးထားသည့် မလေး ရှားနိုင်ငံရှိ အစ္စလာမ်မစ်အဖွဲ့အ စည်းက ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသော Nautical Aliya သင်္ဘောသည် မလေးရှား နိုင်ငံမှ ဖေဖော်ဝါရီ ၃ရက်တွင် ထွက်ခွာလာခြင်းဖြစ်သည်။
ယခင်က ဖေဖော်ဝါရီ ၇ရက် နေ့လယ်တွင် ရန်ကုန်မြို့ဆိပ် ကမ်းသို့ရောက်ရှိလာမည်ဟုသိရှိ ထားကြောင်း ဦးဝင်းထွဋ်ဦး ကပြောသည်။
‘‘ပထမ ဖေဖော်ဝါရီ ၇ရက် မှာရောက်မယ်လို့ ပြောထားတာ။ အခုတော့ ၉ရက်နေ့မှာပဲရောက် တော့မယ်လို့ အကြောင်းပြန်လာ ပါတယ်’’ဟု လူမှုဝန်ထမ်းဦးစီး ဌာန အမြဲတမ်းအတွင်းဝန်ဦးစိုး အောင်က ပြောသည်။
မလေးရှားနိုင်ငံရှိ အစ္စလာမ်မစ်အဖွဲ့အစည်းက ထောက်ပံ့ရေး ပစ္စည်းများကို ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများထံသို့ သင်္ဘောဖြင့် လာရောက်ပို့ဆောင်ရန် နိုင်ငံ တော်သမ္မတဦးထင်ကျော်ထံ တိုက်ရိုက်စာတင်၍ တရားဝင် ခွင့် ပြုချက်ဖြင့် လာရောက်ခြင်းဖြစ် ကြောင်း သမ္မတရုံးပြောရေးဆိုခွင့် ရှိသူဦးဇော်ဌေး ကပြောသည်။
သင်္ဘောပေါ်တွင် လူအများ အပြားလိုက်ပါခွင့်ပြုမည်မဟုတ် လိုက်ပါလာသူများအနက် အချို့ကိုသာ ရန်ကုန်ဆိပ်ကမ်းပေါ်သို့ တက်ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် သင်္ဘောပေါ်တွင် ဆန်မပါလာ၍ ဆန်ကို မြန်မာနိုင်ငံမှ ၀ယ်ယူလိုကြောင်းနှင့် ဆန်ဝယ်ယူပြီး လွှဲပြောင်းလက်ခံပွဲကို ဆိပ်ကမ်းနှင့် မလှမ်းမကမ်းနေရာ၌ ပြုလုပ်ရန်စီစဉ်ထားကြောင်း ၎င်းက ပြော သည်။
Nautical Aliya သင်္ဘော သည် ဆေးဝါးနှင့်အစားအစာတန် ချိန် ၂,၂၀၀ကျော်အထိ တင် ဆောင်လာပြီး သင်္ဘောပေါ်တွင် စေတနာ့ဝန်ထမ်း ၂၃၀လိုက်ပါ လာကြောင်းသိရသည်။
အင်ဒိုနီးရှားအစိုးရကလည်း ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအပါ အ၀င် လူမျိုးစုနှစ်ခုအား ထောက် ပံ့ရေးပစ္စည်းများပေးဝေထား သည်။ ရခိုင်ပြည်နယ်သို့ ထောက် ပံ့ရေးလာရောက်ပို့ဆောင်မည့် နိုင်ငံတကာမှ အဖွဲ့အစည်းများ သည် နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ က ချမှတ်ထားသော မူများဖြင့် ကိုက်ညီမှုရှိမှသာလက်ခံဆောင် ရွက်မည်ဖြစ်ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာန အမြဲတမ်းအ တွင်းဝန်ဦးကျော်ဇေယျကပြော သည်။
အကူအညီများပေးရာတွင် ရခိုင်ပြည်နယ်ရှိ အသိုင်းအ၀ိုင်း နှစ်ခုစလုံးသို့ ခွဲခြားမှုမရှိဘဲပေး အပ်ရန် မြန်မာအစိုးရကသတ်မှတ်ထားသည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment