Latest News

Sunday, February 19, 2017

ပြည်-ပေါက်ခေါင်းလမ်းတွင် သရဲဟန်ဆောင်ခြောက်လှန့်သည့်သတင်း

ပြည်-ပေါက်ခေါင်းလမ်းတွင် သရဲဟန်ဆောင်ခြောက်လှန့်သည့်သတင်း


ပဲခူးတိုင်းဒေသကြီး ပြည်-ပေါက်ခေါင်းလမ်းမကြီးဘေး နဂါးတွန့်တံခါးအနီးတွင် သရဲဟန်ဆောင်ကာ ခြောက်လှန့်သူ ရှိနေသည်ဟု သတင်းထွက်ပေါ် နေ၍ ပြည်မြို့ အမှတ်(၃)ရဲစခန်းက စုံစမ်းနေကြောင်းသတင်းရရှိသည်။

လူမှုကွန်ရက် စာမျက်နှာ တွင် ဖော်ပြထားသော သရဲဟန် ဆောင်ကာ ခြောက်လှန့်နေသည် ဆိုသူ၏ဓာတ်ပုံကို ကူးယူထား ပြီး လိုက်လံစုံစမ်းနေကြောင်း ပြည်မြို့ အမှတ်(၃)ရဲစခန်းမှ နယ် ထိန်းရဲအရာရှိတစ်ဦးက ပြော သည်။

‘‘ကျွန်တော်တို့လည်း ဖေ့စ် ဘွတ်ခ်မှာ ဓာတ်ပုံနှစ်ပုံနဲ့ တက် နေတာတွေ့ရတယ်။ စတင်တွေ့ ရှိသူတွေကလည်း အကြောင်းမ ကြားတော့ ဘာမှန်းမသိရဘဲ နောက်ရက်ကျမှ သိရတာ။ နဂါး တွန့်တံခါးနားမှာလား၊ ဖြစ်ရပ်အ မှန်လားဆိုတာကိုတော့ အတည် ပြုပေးလို့ မရသေးပါဘူး။ ဒါပေမဲ့ အဲဒီနားမှာဖြစ်တယ်ဆိုတဲ့သတင်း အရ သရဲဟန်ဆောင်သူရဲ့ဓာတ် ပုံ၊ ပုံပန်းသဏ္ဌာန်၊ ရုပ်လက္ခဏာ ကို ခန့်မှန်းပြီး သံသယရှိသူကို စုံစမ်းနေပါတယ်’’ဟု ၎င်းက ဆို သည်။

ဖေဖော်ဝါရီ ၁၆ ရက် ည ၁၂နာရီခန့်တွင် ပြည်မြို့၊ နဂါးတွန့် တံခါးနှင့် မှော်ဇာလမ်းဆုံအကြား  ပြည်-ပေါက်ခေါင်းလမ်းမကြီး ပေါ်၌ အမျိုးသားတစ်ဦးက သရဲဟန်ဆောင်ကာ ခရီးသွားယာဉ် များကို ခြောက်လှန့်နေသဖြင့် ခရီး သွားကားတစ်စီးပေါ်မှ အမျိုးသားလေးဦးက ဝိုင်းဝန်းဖမ်းမိခဲ့သည် ဟု လူမှုကွန်ရက်စာမျက်နှာပေါ် တွင် ရေးသားဖော်ပြခဲ့သည်။

နဂါးတွန့်တံခါးအနီး ပြည်- ပေါက်ခေါင်းလမ်းမကြီးတွင် ဖေ ဖော်ဝါရီအတွင်း ဆိုင်ကယ် မ တော်တဆမှုဖြစ်ပွားကာ လူသေ ဆုံးခြင်းများရှိခဲ့ပြီး ခရီးသွားယာဉ် များကို ခြောက်လှန့်နေသည်ဟု သတင်းများထွက်ပေါ်နေသည်။

   အဆိုပါ ဝန်းကျင်တွင် ခြောက်လှန့်ခြင်း များကြောင့်ယာဉ်မောင်းများအထိတ်တလန့် ဖြစ်ကာ ယာဉ်မတော်တဆမှုများပိုမို ဖြစ်ပွားနေကြောင်း၊ သို့သော် အမှန်တကယ် သရဲမဟုတ်ဘဲ ဟန်ဆောင် ခြောက်လှန့်သည့် အမျိုးသားတစ်ဦးသာ ဖြစ်ပြီး ၎င်းကိုဖမ်းမိခဲ့ကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

‘‘ဘယ်လိုရည်ရွယ်ချက်နဲ့ သရဲဟန်ဆောင်ပြီး လုပ်တယ်ဆို တာကိုတော့ တရားခံလည်း မသိ တော့ မသိဘူး။ ခြောက်လှန့်နေ တာကို ဖမ်းမိခဲ့ရင် နောက်ဆုံးမည် မည်ရရ မထွက်ဆိုရင်တောင် ရာဇသတ်ကြီးပုဒ်မ ၃၅(ဃ)၊ မှောင်ရိပ်ခိုမှုနဲ့ အရေးယူလို့ရသလို လက် နက်ပါတွေ့ရင်တော့ လက်နက် ပုဒ်မနဲ့ပါ အရေးယူလို့ ရတယ်’’ ဟုပြည်မြို့အမှတ်(၃)ရဲစခန်းမှ နယ် ထိန်းရဲအရာရှိက ပြောသည်။

 
7Day News Journal

No comments:

Post a Comment