သူရဲကောင်း ဦးနေဝင်း သား / သမီးများ၏ အနာဂတ် ပညာရေး၊ ကျန်းမာရေး အတွက် လှူဒါန်းမှု
၂၀၁၇ ဖေဖော်ဝါရီ(၅)
ရန်ကုန်မြို့ AGTI SOCIETY အသင်းဝင်များနှင့် မိတ်ဆွေများ စုပေါင်း၍ သူရဲကောင်း ဦးနေဝင်း၏ သား/သမီးများ၏ အနာဂတ် ပညာရေးနှင့် ကျန်းမာရေး အတွက် အလှူငွေ - ၄,၁၄၀,၀၀၀ိ/- (လေးဆယ့် တစ်သိန်း လေးသောင်းကျပ် တိတိ) အား နာရေးကူညီမှု အသင်း (ရန်ကုန်) သို့ လာရောက် လှူဒါန်းခဲ့ပါသည်။
အလှူရှင် မိသားစုများ စိတ်ချမ်းသာခြင်း၊ ကိုယ် ကျန်းမာခြင်း များဖြင့် ပြည့်စုံနိုင်ကြပါစေကြောင်း ... နာရေးကူညီမှု အသင်း (ရန်ကုန်) မှ ဆုတောင်း မေတ္တာ ပို့သအပ်ပါသည်။
နာရေးကူညီမှု အသင်း (ရန်ကုန်) မှ နာရေးကူညီမှု အပြင်
ကျန်းမာရေးနှင့် ပညာရေး၊ အရေးပေါ် ကယ်ဆယ်ရေး၊ သီးသန့် မီးသတ်တပ်ဖွဲ့ ဖွဲ့စည်း၍ မီးဘေး ကူညီ စောင့်ရှောက်မှုများ၊ သဘာဝဘေး၊ စစ်ဘေးများနှင့် လိုအပ်သော နေရာများတွင် ကူညီ စောင့်ရှောက် လှူဒါန်း ပေးမှုများကို အများပြည်သူ အတွက် အများပြည်သူ ကောင်းမှု အဖြစ် လှူဒါန်းပေးလျက် ရှိပါသည်။
သူရဲကောင်း ဦးနေဝင်း ၏ သား/သမီးများ အတွက်
အလှူငွေများ လှူဒါန်းလိုပါက အလှူခံဌာန ဖုန်း - ၀၉ - ၄၂၁၀၁၁၉၁၅ သို့ ဆက်သွယ်ပြီး
Account name -FREE FUNERAL SERVICE SOCIETY (YGN)
Bank Account No - 208 503 20800159401
(KBZ BANK-NORTH-DAGON-2) သို့လှူဒါန်းနိုင်ပြီး
အမှတ်( ၁၃/က )၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ် သို့ လည်း လာရောက် လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
သတင်း/ဓါတ်ပုံ - ပြန်ကြားရေးဌာန(FFSS)
နာရေးကူညီမှု အသင်း (ရန်ကုန်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment