Latest News

Monday, February 6, 2017

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူခြင်း အခမ်းအနား

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူခြင်း အခမ်းအနား

ကျုံပျော်မြို့ က ဗိုလ်ချုပ်ကြေးရုပ် ကို ဗိုလ်ချုပ် မွေးနေ့မှာ ဖွင့်လှစ်မည်ဖြစ်ပါသည်။

ကျုံပျော်မြို့ ဧရာဦး ပန်းခြံအတွင်းမှာတည်ဆောက်ထားတဲ့ ရင်ပြင်နဲ့
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဖွင့်ပွဲကို ဖေဖော်ဝါ၇ီလ ၁၃ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ မှာ ဖွင့်လှစ်သွား မှာ ဖြစ်ပါတယ်။

ရင်ပြင်မှာထားရှိမယ့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဟာ ကြေးပိဿာချိန် ၃၀၀ ရှိပြီး အမြင့်ပေ ၉ပေရှိကာ ငွေကျပ်သိန်းပေါင်း ၂၅၀ အကုန်ကျခံကာ သွန်းလုပ်ထားတာဖြစ်တယ်လို့ သိရပါသည်။

အဆိုပါကြေးရုပ်ထု အား ရန်ကုန်မြို့ တောင်ဒဂုန် ရှိ ကြေးရုပ်သွန်းလောင်းသူ ကိုအောင်ကျော်ထွန်း မှာ သွန်းလောင်းပြု လုပ်ခဲ့ပြီး ရန်ကုန်မြို့ မှ ဖော်ဖ၀ါရီလ ၆ ရက်နေ့တွင် သယ်ဆောင်လာကာ ကျုံတနီး ကျေးရွာ တွင် ခေတ္တညအိပ် ရပ်နားမည်ဖြစ်သည်။

ဖော်ဖ၀ါရီလ ၇ ရက်နေ့ နံနက် ၈ နာရီတွင် ကျုံပျော်မြို့မှ ဋ္ဌာနဆိုင်ရာ ၀န်ထမ်းများ ကြေးရုပ်ဖြစ်မြောက်ရေး အဖွဲ့ဝင်များ ကျုံပျော် မြို့သူ/သား သည် ဗိုလ်ချုပ်ကြေးရုပ်အား သွားရောက်ကြိုဆို ၍ ကျုံပျော်မြို့ သို့ နံနက် ၁၁ နာရီ ၀န်းကျင်တွင်ရောက်ရှိလာခဲ့ပြီး ကျေးရွာ လမ်းဘေးဝဲယာ မှ ရွာသူ/သား များနှင့် ကျုံပျော်မြို့ ဒေသခံပြည်သူများ နှင့် ကျောင်းသား/သူလေးများ ကသောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်။

ဖော်ဖ၀ါရီလ ၇ ရက်နေ့တွင် ဗိုလ်ချုပ်ကြေးရုပ်ထားရှိမယ့် ဂုဏ်ပြုစင်မြှင့်ထက်မှာ တပ်ဆင်မှုတွေ ပြုလုပ်မှာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထု အပါဝင် ရင်ပြင်တည်ဆောက်မှု စုစုပေါင်းကုန်ကျငွေ သိန်း ၃၅၀ အကုန်ကျခံကာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ကျုံပျော်မြို့နယ်ဒေသခံပြည်သူများ နှင့်  ကျေးရွာများ မှာရွာ/သူရွာသားများ စီးပွားရေးလုပ်ငန်းရှင်များ ဋ္ဌာနဆိုင်ရာဝန်ထမ်းများ ရဲ့လှုဒါန်းထည့်ဝင်မူများဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲအား ဖော်ဖ၀ါရီလ ၁၃ ရက်နေ့ နံနက် ၉ နာရီတွင် ဖွင့်လှစ်မှာဖြစ်ပေမယ့် ဖော်ဖ၀ါရီလ ၁၀ ရက်နေ့မှစပြီး စာပေဟောပြောပွဲ များ ဆွမ်းကပ်လှုခြင်းများ ပျော်ပွဲရွင်ပွဲ များ ဂုဏ်ပြုအခမ်းအနားများကိုလည်း ဆက်တိုက်ပြုလုပ်မှာ ဖြစ်ပါသည်။

ဖော်ဖ၀ါရီလ ၁၃ ရက်နေ့ ညတွင် အဆိုတော် မနော မှ ကျုံပျော်မြို့
ပြည်သူ့အားကစားကွင်း တွင် ဧည်ခံဖျော်ဖြေမည်ဖြစ်ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင်လုပ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနာမည်ကို နောင်လာနောင်သားတွေ မြင်ရလေအောင်၊ သိရလေအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဗိုလ်ချုပ်ကြေးရုပ်ကို လုပ်ခဲ့တာပါ။

အခုလို ကြေးရုပ်ထုကြီးပြီးစီးသွားပြီး ကျုံပျော်မြို့ ကိုပြန်သယ်ရမှာဖြစ်တဲ့အတွက် ကျုံပျော် သား တစ်ဦး ကြေးရုပ်ဖြစ်မြောက်ရေး အဖွဲ့ အနေဖြင့်အရမ်း ၀မ်းသာပီတိဖြစ်မိပါတယ်

No comments:

Post a Comment