Latest News

Sunday, February 19, 2017

ပြွန်တန်ဆာမြို့ သီတဂူစက္ခုဒါန ဆေးရုံတော်ဖွင့်ပွဲနှင့် ရေစက်ချ အခမ်းအနား ကျင်းပ

ပြွန်တန်ဆာမြို့ သီတဂူစက္ခုဒါန ဆေးရုံတော်ဖွင့်ပွဲနှင့် ရေစက်ချ

အခမ်းအနား ကျင်းပ

ညောင်လေးပင်   ဖေဖော်ဝါရီ   ၁၉

သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ (D.Litt) (Ph.D) တွဲဖက်ရွှေကျင်သာသနာပိုင် ဆရာတော်ကြီး တည်ထောင်တော်မူသော ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီးဖွင့်ပွဲနှင့် ရေစက်ချအလှူတော် မင်္ဂလာ အခမ်းအနားကို ဖေဖော်ဝါရီ ၁၉ ရက်နံနက် ၈နာရီက အဆိုပါ မျက်စိဆေးရုံဝင်း အတွင်း၌ ကျင်းပသည်။

အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီးနောက် သီတဂူ ဆရာတော်ကြီးက လှူဒါန်းမှုအစုစုအတွက်  အနုမောဒနာပြု၍ ရေစက်သွန်းချ အမျှပေးဝေသည်။ ထို့နောက် သီတဂူ ဆေးရုံတော်ကြီးအား မဒေါက်မြို့  ပန်းငွေရုံ တောရဆရာတော်ကြီးနှင့် သံဃာတော်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ မျက်စိဆေးရုံတော်အား ပြည်ထောင်စုဝန်ကြီးက  စက်ခလုတ်နှိပ်  ဖွင့်လှစ်ပေး သည်။မော်ကွန်းတင် ကျောက်စာကို သီတဂူဆရာတော်ကြီးက စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အောင်ဂါထာကို ရွတ်ဖတ်ချီးမြှင့်ပေးတော်မူကာ နံ့သာရည် ပက်ဖျန်းပေးတော်မူသည်။


အခမ်းအနားသို့ သီတဂူဆရာတော်ကြီး မဒေါက်မြို့ ပန်းငွေရုံတောရဆရာတော်၊ မန္တလေးမြို့ ပါမောက္ခချုပ် ဆရာတော်၊ ပဲခူးမြို့ ကြခတ်ဝိုင်းဆရာတော်၊ ပြွန်တန်ဆာမြို့ ဇမ္ဗူအေးတောရ  (အင်းဝိုင်း) ဆရာတော်၊  အရှေ့ ဇီးကန် ဆရာတော်၊ ပိန်းဇလုပ်တိုက် ကျောင်းဆရာတော်၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယစစ်တိုင်းမှူး ဗိုလ်မှူးချုပ် သိန်းလွင်၊ သီတဂူအပြည်ပြည်ဆိုင်ရာ မျက်စိအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာမြအောင်၊ မတည်အလှူရှင် ဒေါက်တာ ဦးဝင်းမြင့်နှင့် ဇနီးသီဟသုဓမ္မသိင်္ဂီ ဒေါ်ခိုင်ခိုင်တို့နှင့် ဖိတ်ကြားထားသော  သံဃာတော်များ၊ ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။
     
 
(မြို့နယ် ပြန်/ဆက်)

No comments:

Post a Comment