Latest News

Wednesday, February 1, 2017

အဆိုဝါသနာပါသူတွေအတွက် အခမဲ့ အသံသွင်းပေးမယ့် စတူဒီယို

အဆိုဝါသနာပါသူတွေအတွက် အခမဲ့ အသံသွင်းပေးမယ့် စတူဒီယို

သီချင်းဆိုတာကို ဝါသနာပါသူတွေအတွက် အခမဲ့အသံသွင်းနိုင်တဲ့ အစီအစဉ်တစ်ခုကို Max Studioမှာ ပြုလုပ်ပေးနေပါတယ်။

သည်အခမဲ့အသံသွင်းနိုင်တဲ့ စတူဒီ ယိုမှာ ဖေဖော်ဝါရီလအထိ ရုံးဖွင့်ချိန်အတွင်း  အခမဲ့အသံသွင်းနိုင်မှာ ဖြစ်တယ်။

အခမဲ့အသံသွင်းပေးနေတာ တစ်ရက်ကို အယောက် ၃၀ ကျော် ၄၀ နီးပါး ရှိပါတယ်။

အခမဲ့အသံသွင်းတာ မဟုတ်ဘဲ ပုံမှန်အသံသွင်းမယ်ဆိုရင် ဈေးနှုန်းတွေက နှစ် နာရီကို ကျပ် ၁၁,ဝ၀ဝ ၊ လေးနာရီကို ကျပ် ၁၈,၅၀ဝ နဲ့ ရှစ်နာရီ သွင်းမယ်ဆိုရင်တော့ ကျပ် ၃၅,ဝ၀ဝ သာ ကျသင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

သည်ဈေးနှုန်းတွေက အပြီးအစီးသွင်းခ ဖြစ်ပြီး အင်ဂျင်နီယာစရိတ်၊ စားစရိတ်၊ စီဒီ ကူးစရိတ်တွေ ထပ်ပေးစရာမလိုတော့ဘူးလို့ သိရပါတယ်။

သည် Max Studio နေရာက အမှတ် (၈၆) ၁၂၄ လမ်း၊ မင်္ဂလာဈေးကျောဘက်မှာ တည်ရှိပါတယ်။

အသံသွင်းချင်သူတွေက ဖုန်းကြိုဆက်ရမှာပါ။ ဖုန်းနံပတ် ဝ၉၇၃၄၅၃၄၅၆ ကို ဆက်သွယ်လို့ ရပါ တယ်။

Author လိမ္မာ

Kumudra

No comments:

Post a Comment