နာနတ်သီးကို ဆေးလိုအသုံးပြုနည်း (၃) မျိုး
နာနတ်သီးဟာ အာဟာရဓာတ်ကြွယ်တဲ့ သစ်သီးတစ်မျိုးဖြစ်ပါတယ်။ ချိုချိုချဉ်ချဉ်အရသာရှိပြီး ရင်ထဲကိုအေးသွားစေတဲ့အသီးပါ။ ဗီတာမင်နဲ့ သတ္တုဓာတ်များစွာ ပါဝင်တာကြောင့် အရသာရှိတဲ့နာနတ်ဟာ ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။
နာနတ်သီးကို အိမ်သုံးဆေးအဖြစ်နဲ့လည်း အသုံးပြုလို့ ရနိုင်ပါတယ်။
၁။ အစာကြေစေ
အစာစားပြီးချိန်မှာ နာနတ်သီးစားပေးမယ်ဆို အစာကြေရင်ချောင်သွားပါလိမ့်မယ်။ နာနတ်သီးမှာ ပါဝင်တဲ့ အင်ဇိုင်းဓာတ်က အစာခြေဖို့အတွက် ကောင်းစွာအထောက်အကူဖြစ်စေပါတယ်။ အထူးသဖြင့် အသားတွေ၊ ပရိုတင်းဓာတ် (အသားဓာတ်)ကြွယ်ဝတဲ့ အစားအစာတွေကို စားပြီးချိန်မှာ နာနတ်သီးစားပေးမယ်ဆို အစာမကြေတာ၊ ရင်ပြည့်ရင်ကယ်တာတွေ မဖြစ်တော့ပါဘူး။ အမျှင်ဓာတ်တွေပါတဲ့ နာနတ်သီးက အူမကြီးကိုလည်း သန့်စင်စေတယ်လေ။
၂။ ချောင်းဆိုးသက်သာစေ
ချောင်းဆိုးပျောက်စပ်ဆေးတွေထက် နာနတ်သီးရည်က ပိုပြီး အာနိသင်ထိရောက်ကြောင်း သုတေသနပေါင်းများစွာက သက်သေပြပြီးပါပြီ။ နာနတ်သီးကို ခပ်ပါးပါးလှီးပြီး ပျားရည် လက်ဖက်စားဇွန်း ၁ ဇွန်း၊ ဂျင်းရည် ထမင်းစားဇွန်း ၁ ဇွန်း၊ သံပရိုရည် ထမင်စားဇွန်း ၁ဇွန်းတို့နဲ့ ရောစပ်ကာ Blender (အရည်ဖျော်စက်)ထဲမှာ ထည့်ကြိတ်ရပါမယ်။ ရလာတဲ့အရည်ကို တစ်နေ့ ၃ ကြိမ်/ ၄ ကြိမ် သောက်ပေးရုံနဲ့ ချောင်းဆိုးပျောက်ပါတယ်။
၃။ သွေးပေါင်ကျစေ
ခန္ဓာကိုယ်ထဲက ဆိုဒီယံ (Sodium) နဲ့ ပိုတက်ဆီယံ (Potassium) ဓာတ်ကို မျှတစေဖို့အတွက် နာနတ်သီးမှာ ပိုတက်ဆီယံ အလုံအလောက် ပါဝင်ပါတယ်။ ဆားဓာတ်လို့ခေါ်တဲ့ ဆိုဒီယံတွေ များလာတဲ့အခါ သွေးတိုးပါတော့တယ်။ ပိုတက်ဆီယံက သွေးတိုးတာကို လျော့ကျသွားစေပါတယ်။ နာနတ်သီးနဲ့ Beetroot ကိုသာ ရောပြီးသုံးဆောင်မယ်ဆိုရင် သွေးပေါင်ချိန်က အကောင်းဆုံးအနေအထားမှာ ရှိနေမှာပါ။
Source : Health Remedy
===========
Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment