Latest News

Saturday, February 4, 2017

ဈေးချိုဝန်းကျင် ယာဉ်ကြောပိတ်ဆို့မှုများ စီမံချက်ရေးဆွဲ ဖြေရှင်းမည်ဟုဆို

ဈေးချိုဝန်းကျင် ယာဉ်ကြောပိတ်ဆို့မှုများ စီမံချက်ရေးဆွဲ ဖြေရှင်းမည်ဟုဆို


ယာဉ်ကြောမကြာခဏပိတ်ဆို့တတ်သော ဈေးချိုတော်ရှေ့ ၈၄လမ်းမတစ်နေရာအားတွေ့ရစဉ် (ဓာတ်ပုံ-ညီညီဇော်)
မန္တလေးဈေးချိုတော် ၀န်းကျင်တွင် ယာဉ်ကြောပိတ်ဆို့ မှုများဖြစ်ပေါ်နေသဖြင့် စီမံချက်ရေးဆွဲကာ ဖြေရှင်းမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိ သည်။

မန္တလေးဈေးချိုတော်ဝန်း ကျင်တွင် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရန် အဆင့်မြင့်ဈေး ချိုတော်ရှေ့ ၈၄ လမ်းမတစ်လျှောက် ၂၆ လမ်းမှ ၂၈ လမ်းအထိ လာရောက်သည့်တစ်တန်အောက်မော်တော် ယာဉ်များကို ၈၄ လမ်း အရှေ့ဘက်ခြမ်းမြောက်ဘက်တိုက်တန်းကြီးနှင့် တောင် ဘက်တိုက်တန်းကြီး ကပ်လျက်တွင် ၀င်ပေါက်များ လုံလောက်စွာချန်၍ စနစ်တကျအပ်နှံခြင်း၊ ကုန်တင်ကုန်ချလုပ် ရန် ၈၄ လမ်း အနောက်ဘက်ခြမ်းကပ်လျက် အဆင့်မြင့်ဈေးချို တော်ရှေ့နှင့် မန်းမြန်မာပလာဇာ ရှေ့တို့တွင် ခြောက်နေရာခွဲကာ သီးသန့်သတ်မှတ်ပေးခြင်း၊ ကုန်ပို့ ကုန်သယ်အလုပ်သမားများ၏ ဆိုင်ကယ်များ၊ ဈေးထဲသို့ခေတ္တအ၀င်အထွက်ပြုမည့် ဆိုင်ကယ် များကိုလည်း ခေတ္တရပ်နားရန် နေရာများသတ်မှတ်ပေးခြင်းများ ဆောင်ရွက်ရန် ဈေးချိုတော်ဈေး အကျိုးတော်အဖွဲ့နှင့် တိုင်ပင်ညှိ နှိုင်းထားကြောင်း မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မ တီဝင်ဦးကျော်ဆန်းမြင့်က ပြော ကြားသည်။

‘‘ဈေးချို   ဈေးသူ၊ ဈေး သားတွေကို အရောင်းအ၀ယ် ကောင်းစေချင်တာပါ။ အဲဒီလို ကောင်းဖို့အတွက်ဆိုရင် ဈေးထဲ မှာဝင်လမ်း၊ ထွက်လမ်းတွေ ပိတ် နေတာကို ရှင်းချင်တယ်။ အခုစရှင်း နေပြီ။ ရုံထဲပြီးသွားရင် ဒုတိယ၀င် လမ်း၊ ထွက်လမ်းတွေကို လုပ် ချင်တယ်။ အဲဒီနှစ်ခုကောင်းသွား ရင် ပါကင်တွေလည်း အဆင်ပြေ တယ်၊ မပိတ်တော့ဘူးဆိုရင် တခြားအစီအမံတွေလည်း လာ မှာပါ’’ဟု ကော်မတီဝင်ဦးကျော် ဆန်းမြင့်က ပြောသည်။

ဈေးချိုတော်တွင် ယာဉ် ကြောကျပ်တည်းမှုကြောင့် ဈေးသည်၊ ဈေးဝယ်သူများ လာရောက်ရာတွင် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း၊      နေ့စဉ် ဈေးလာချိန် နံနက် ၈ နာရီခန့် နှင့် ညနေဈေးသိမ်းချိန် ၄ နာရီခန့်တွင် ယာဉ်ကြောကျပ်တည်းမှုများ ဖြစ်ပေါ်နေကြောင်း    မန္တလေး ဈေးချိုတော်မှ ဆိုင်ရှင်အချို့က ပြောသည်။

‘‘ကားနဲ့လာတဲ့သူတွေဆို ဈေးကိုမလာရဲအောင် ဖြစ်နေ တယ်။ ကားပါကင်ကလည်း အ ဝေးကြီးသွားထားရတော့ ဘယ် လိုမှ အဆင်မပြေဘူး။ ကားနဲ့လာ ဖို့က ဘယ်လိုမှအဆင်မပြေတော့ ဘူး’’ဟု မန္တလေးဈေးချိုတော် မန်း မြန်မာပလာဇာမှ အထည်ဆိုင် ရှင် မမို့မို့သွယ်က ဆိုသည်။

ဈေးချိုတော်သို့လာသော ယာဉ်များစနစ်တကျဝင်ထွက် ရပ်နားနိုင်ရန် စည်ပင်ဝန်ထမ်း၊ ကျွမ်းကျင်ဝန်ထမ်းနှင့် ယာဉ်ထိန်းရဲများ လိုအပ်မည်ဖြစ်ကြောင်း၊ အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေးအ ကျိုးတော်ဆောင် အဖွဲ့က မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီထံ တင်ပြထားသည်။

7Day News


No comments:

Post a Comment