Latest News

Sunday, February 12, 2017

တာမွေတွင် ဒဏ်ရာများဖြင့် စွန့်ပစ်ထားသည့် မွေးကင်းစ ကလေးအရှင်တွေ့

တာမွေတွင် ဒဏ်ရာများဖြင့် စွန့်ပစ်ထားသည့် မွေးကင်းစ ကလေးအရှင်တွေ့


တာမွေမြို့နယ်၊ မလွှကုန်း ဌေးကြွယ်(က)ရပ်ကွက်၊ ဇောတိကလမ်းနှင့် ဇဋိလလမ်းကြားရှိ နောက်ဖေးလမ်းကြားတွင် ယနေ့ (ဖေဖော်ဝါရီလ ၁၂ ရက်) မွန်းလွဲ ၂ နာရီက ချက်ကြိုးတန်းလန်း ဒဏ်ရာများဖြင့် စွန့်ပစ်ထားသည့် မွေးကင်းစ မိန်းကလေးငယ် တစ်ဦးကို တွေ့ရှိခဲ့ကြောင်း ယင်းရပ်ကွက်နေသူများထံမှ သိရသည်။

“ကလေးငိုသံကြားလို့ ထွက်ကြည့်ရာက ဒဏ်ရာတွေနဲ့ မွေးကင်းစ ကလေးတစ်ယောက်ကို တွေ့ခဲ့တာ၊ ကလေးက အနှီးတောင် မပါရှာဘူး၊ ရပ်ကွက်လူကြီးတွေ အသိပေးပြီး အသက်မဆုံးရှုံးရအောင် နီးစပ်ရာ ဆေးရုံကို ပို့လိုက်တယ်”ဟု ယင်းမွေးကင်းစကလေးကို မြင်တွေ့ခဲ့သည့် အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါ ချက်ကြိုးတန်းလန်းဖြင့် မွေးကလေးငယ်၏ ဦးခေါင်းတွင် ဒဏ်ရာ အနည်းငယ်နှင့် ပါးတွင် သွေးထွက်ဒဏ်ရာ တွေ့ခဲ့ပြီး တာမွေမြို့နယ် ရဲတပ်ဖွဲ့မှ ကလေးစွန့်ပစ်သူကို ဖော်ထုတ် အရေးယူရန် စုံစမ်း ဆောင်ရွက်နေသည်။

Sources : The Voice

No comments:

Post a Comment