Latest News

Thursday, February 2, 2017

အစားအသောက်များ ဘေးကင်း လုံခြုံရေး နိုင်ငံတော် အဆင့် စီမံချက်ချ လုပ်ဆောင်တော့မည်

အစားအသောက်များ ဘေးကင်း လုံခြုံရေး နိုင်ငံတော် အဆင့် စီမံချက်ချ လုပ်ဆောင်တော့မည်

2 February 2017

နိုင်ငံတ၀န်း အစားအသောက်များ ဘေးကင်း လုံခြုံစေဖို့ နိုင်ငံတော် အဆင့် စီမံချက်တရပ် ရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက်ပေးရေး အဆိုကို ပြည်သူ့ လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေဇင်လတ်ရဲ့ အဆိုကို လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးက ဒီနေ့မှာ ထောက်ခံ ဆွေးနွေးခဲ့ကြပြီး ကျန်းမာရေး ၀န်ကြီးကလည်း ထောက်ခံ ဆွေးနွေးခဲ့တာကြောင့် လွှတ်တော်က ကန့်ကွက်သူ မရှိ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

အဆိုရှင်က ကျောင်းမုန့်ဈေးတန်းမှာ ရောင်းတဲ့ အစားအသောက် တွေနဲ့ ဆိုးဆေးပါတဲ့ အစားအသောက် များကို စီမံချက်ချ လုပ်ဆောင်ဖို့ တင်ပြခဲ့ပေမယ့် ကျန်းမာရေး ၀န်ကြီးက တနိုင်ငံလုံးမှာရှိတဲ့ အစား အသောက်တွေ အားလုံး ဘေးကင်း လုံခြုံအောင် လုပ်ဆောင်မယ် လို့ လွှတ်တော်ထဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီး ဒေါက်တာ မြင့်ထွေးက “အစားအသောက်မှာ ဆိုးဆေး တခုတည်း မဟုတ်ဘူး။ အများကြီး ပါနိုင်ပါသေးတယ်။ ကျနော် ဆိုလိုတာက နိုင်ငံတော်အဆင့် လုပ်မယ်ဆိုရင် ဆိုးဆေး တစ်ခုတည်းကို အထူးမပြုဘဲနဲ့ ကျန်တဲ့ဟာတွေ အကုန်ပါပြီးတော့ Food Safety issue အနေနဲ့ လုပ်မယ်ဆိုရင် ငွေကုန်ရကျိုးလည်း နပ်မယ်။ အရမ်းလည်း ကောင်းပါတယ်” လို့ လွှတ်တော်ထဲ ပြောခဲ့ပါတယ်။

နိုင်ငံတော်အဆင့် စီမံချက် ရေးဆွဲပြီး ပြည်နယ် /  တိုင်းများမှာပါ တပါတည်း လုပ်ဆောင် သွားမှာလည်း ဖြစ်ပါတယ်။

ကျန်းမာရေး ၀န်ကြီးက ဘေးမကင်းတဲ့ အစားအသောက် ထုတ်လုပ် ဖြန့်ဖြူး ရောင်းချသူများကို အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေးဌာနက အရေးယူလို့ မရဘူး လို့လည်း ပြောသွားပါတယ်။

ဘေးမကင်းတဲ့ အစားအသောက်များကို စီမံချက် ရေးဆွဲပြီး လုပ်ဆောင်ရာမှာ အဓိက ပညာပေး လုပ်ဆောင် သွားမှာလည်း ဖြစ်ပါတယ်။

DVB

No comments:

Post a Comment