အမှုကြီးဖြစ်စဉ် ၃၉ မှု ဖြစ်ပွားခဲ့ပါတယ်။
Photo - Yangon Police
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ရှေ့နေဦးကိုနီသေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရမှုအပါအ၀င် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ ၃၁ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးထဲမှာ တစ်လအတွင်း လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှုတွေပါဝင်တဲ့ အမှုကြီးဖြစ်စဉ် ၃၉ မှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
ဒီအမှုကြီးတွေမှာ လူသတ်မှု၁၁ မှုပါဝင်ခဲ့ပြီး ဖြစ်စဉ်တချို့မှတရားခံတွေက ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ အခင်းဖြစ်ပွားရာ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေကနေ သိရပါတယ်။
ဒါ့အပြင် မုဒိမ်းမှုတွေက တစ်လအတွင်း ၂၅ မှုအထိ ဖြစ်ပွားခဲ့ကာ သက်ငယ်မုဒိမ်းမှုဖြစ်စဉ်အများစု ပါဝင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူလို့ တိုင်ကြားခံရသူတွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
အမှုကြီးဖြစ်စဉ်တွေအပြင် ဇန်နဝါရီလထဲမှာ ခိုးမှုပေါင်း ၉၇ မှုဖြစ်ပွားခဲ့ရာမှာ လမ်းပေါ်သွားလာနေသူတွေဆီကနေ လက်ကိုင်ဖုန်း၊ ပိုက်ဆံအိတ်တွေဆွဲလုယူခဲ့ရတဲ့ ခိုးမှုပုဒ်မ ၃၈၂ အမှု ၁၀ မှုပါဝင်ခဲ့ပြီး ယာဉ်တိုက်မှုကြောင့်နာကျင်စေမှု ၂၅၁ မှု၊ ခိုက်ရန်ဖြစ်ပွားမှုကြောင့် နာကျင်စေမှု ၂၁၄ မှုနဲ့ ကျန်အခြားအမှု ၈၀၇ မှု ဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
ပြည်တွင်းမှာ မှုခင်းဖြစ်ပွားမှုအများဆုံး မြို့တော်ဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ မှုခင်းကျဆင်းရေးအတွက် ရဲတပ်ဖွဲ့နဲ့ ပြည်သူပူးပေါင်းပြီး နေရာအနှံ့ယာဉ်ကြောပိတ်ဆို့စစ်ဆေးမှု၊ လှည့်ကင်းဆောင်ရွက်မှုတို့ကြောင ဇန်နဝါရီလအတွင်း လက်နက်ပုန်းမှု၊ လောင်းကစားမှု၊ မူးယစ်ဆေးဝါးမှု၊ ပြည့်တန်ဆာမှု၊ ယစ်မျိုးမှု၊ ဆင်ဆာမဲ့ဗီဒီယိုဖမ်းဆီးမှု၊ ခြေချုပ်ဖောက်ဖျက်မှုတွေ အပါအဝင်အမှုပေါင်း ၁၀ မှုပါဝင်တဲ့ ကြိုတင်ကာကွယ်မှု ၂၆၂၇ မှုကို ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Source : The Voice
No comments:
Post a Comment