Latest News

Thursday, February 9, 2017

မူလတန်း၊ အလယ်တန်းနှင့် န၀မတန်း အတန်းတင်စာမေးပွဲများကို တစ်ရက်နောက်ဆုတ်ကျင်းပမည်

မူလတန်း၊ အလယ်တန်းနှင့် န၀မတန်း အတန်းတင်စာမေးပွဲများကို

တစ်ရက်နောက်ဆုတ်ကျင်းပမည်



အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် န၀မတန်း အ တန်းတင်စာမေးပွဲများကို မူလက ဖေဖော်ဝါရီ ၁၃ ရက်တွင် စတင် ကျင်းပရန် သတ်မှတ်ထားသော် လည်း ယခုအခါ သတ်မှတ်ရက် ထက် တစ်ရက်နောက်ဆုတ်၍ ဖေဖော်ဝါရီ ၁၄ ရက်၌ ကျင်းပမည်ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သတင်းရရှိသည်။

အစိုးရစစ်စာမေးပွဲစနစ်ဖြင့် ဖြေဆိုရမည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်းအဆင့် အတန်းတင် စာမေးပွဲများကို ဖေဖော်ဝါရီ ၂၂ ရက်တွင် စတင်ဖြေဆိုရမည်ဖြစ် သည်။

‘‘န၀မတန်းအပါအ၀င် မူလ တန်း၊ အလယ်တန်းတွေ အရင် ဖြေရမယ်။ ၁၄ ရက်ကနေ ၁၉ ရက်အထိ တစ်ရက်ကို တစ်ဘာ သာနှုန်းနဲ့၊ သူတို့ပြီးတာနဲ့ စတုတ္ထ တန်းနဲ့ အဋ္ဌမတန်းတွေဖြေရမယ်။  အကုန်လုံး တစ်ရက်တစ်ဘာသာ နှုန်း ဖြေဆိုရမှာပါ။ ဘာကြောင့် နောက်ဆုတ်တာလဲ ဆိုတာတော့ မသိဘူး’’ဟု အမှတ်(၃) အခြေခံ ပညာဦးစီးဌာန အဆင့်မြင့်အရာ ရှိတစ်ဦးကပြောသည်။

 အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများ၏ အတန်းတင်စာမေးပွဲများကို ဖေ ဖော်ဝါရီ ၁၃ ရက်တွင် ဖြေဆိုရန် မူလ စီစဉ်ထားမှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၁၃ ရက်သည် ဗိုလ်  ချုပ်အောင်ဆန်း မွေးနေ့ဖြစ်ပြီး ယင်းနေ့သည် ကလေးများနေ့ဖြစ် နေရာ ပညာရေးဝန်ကြီးဌာနအနေ ဖြင့် ဗိုလ်ချုပ်မွေးနေ့၌ ကလေး ငယ်များအား စာမေးပွဲဖြေဆိုစေ ခြင်းကို ပြန်လည်စဉ်းစားသုံးသပ် ရန် လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်ပြောကြားမှုများရှိခဲ့သည်။

ယခင်နှစ်များက အတန်း တင်စာမေးပွဲများကို ဖေဖော်ဝါရီ လဆန်း (သို့) လလယ်ပိုင်း၌ ကျင်းပလေ့ရှိသည်။

တက္ကသိုလ်ဝင်တန်း (သို့မ ဟုတ်) ဒသမတန်း ဒုတိယနှစ်ဝက် ဆုံးစစ်ဆေးခြင်းကို ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၉ ရက်အတွင်း မွန်း လွဲပိုင်းတွင် တစ်ဘာသာလျှင် ဖြေဆိုချိန်သုံးနာရီ သတ်မှတ်၍ တစ်ရက်လျှင် တစ်ဘာသာနှုန်း စစ်ဆေးမည်ဖြစ်သည်။

တက္ကသိုလ်ဝင်တန်း အတန်းတင်စာမေးပွဲကို မတ်လ ၈ရက်တွင် စတင်ကျင်းပမည်ဖြစ် ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။
7Day News Journal

No comments:

Post a Comment