Latest News

Friday, February 3, 2017

မန်စီးတီး တိုက်စစ်မှူး အဂူရို ရီးရဲလ်မက်ဒရစ် ရောက်ဖွယ်ရှိ

မန်စီးတီး တိုက်စစ်မှူး အဂူရို ရီးရဲလ်မက်ဒရစ် ရောက်ဖွယ်ရှိ


မန်စီးတီးမှာ ပုံမှန်ပွဲထွက်ခွင့် မရတော့လို့ ဖြစ်ပါတယ်။
အသင်းမှာပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးလာတဲ့မန်စီးတီးတိုက်စစ်မှူး အဂူရိုကို ရီးရဲလ်မက်ဒရစ်အသင်းက ကမ်းလှမ်းဖို့ ချဉ်းကပ်နေကြောင်း ဗြိတိန်သတင်းတစ်ရပ်မှာ ဖော်ပြလာပါတယ်။

ဂွါဒီယိုလာလက်ထက် နောက်ပိုင်းပွဲစဉ်တွေမှာ ပွဲထွက်ခွင့်ပျောက်ဆုံးလာတဲ့အပြင် အသင်းရဲ့ တိုက်စစ်မှူးသစ် ဂါဘရီရယ်ဂျီးဆပ်ကလည်းက ခြေစွမ်းပြကာ ဂိုးတွေသွင်းနေတာကြောင့် အဂူရိုရဲ့အနာဂတ်ဟာ စိုးရိမ်စရာဖြစ်လာခဲ့တာပါ။ အဂူရိုကို ရောင်းချမှာမဟုတ်ဘူးလို့ အစောပိုင်းမှာ နည်းပြဂွါဒီယိုလာက ပြောထားပေမယ့် ပွဲထွက်ခွင့်ပျောက်ဆုံးလာခဲ့ရင် အဂူရိုက အသင်းပြောင်းဖို့ စဉ်းစားမှာဖြစ်တယ်လို့ သတင်းတွေက ခန့်မှန်းထားပါတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာ

ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်နွေရာသီမှာ အသင်းတိုက်စစ်မှူး ဘန်ဇီမားနဲ့ မိုရာတာတို့ကို ဆုံးရှုံးရဖို့ ရာနှုန်းများလျှက်ရှိပါတယ်။ ဘန်ဇီမားနဲ့ မိုရာတာတို့ကို ဆုံးရှုံးရမယ်ဆိုရင် အစားထိုးဖို့အတွက် ရီးရဲလ်မက်ဒရစ်က အဂူရိုကို ချဉ်းကပ်နေတာဖြစ်ပါတယ်။ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ အဂူရိုဟာ မန်စီးတီးအသင်းနဲ့အတူ ၂၀၂၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ကြောင်း သိရပါတယ်။ အဂူရိုကို သူ့ရဲ့အသင်းဟောင်း အသလက်တီကိုအသင်းဘက်ကလည်း ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ အတည်မပြုနိုင်သေးတဲ့ ဗြိတိန်သတင်းတွေက ဖော်ပြထားပါတယ်။

အသင်းမှာခြေစွမ်းပြနေတဲ့ ဂျီးဆပ်

အဂူရိုပါအဝင် ဥရောပအသင်းကြီးတွေက ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ဂရိဇ်မန်း၊ ဘန်ဇီးမား၊ မိုရာတာ၊ ဒိုင်ဘာလာ စတဲ့ကစားသမားတွေအားလုံး လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အသင်းပြောင်းကြဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

အသင်းပြောင်းတော့မယ် အဂူရို

အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး အဂူရိုဟာ အာဂျင်တီးနားကလပ် အင်ဒီပန့်ဒီယန်တေးအသင်းမှာ ကစားခဲ့သူဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ အသလ်ကတီကိုအသင်းကို ရောက်ရှိလာသူဖြစ်ပါတယ်။ အဲဒီနောက်၂၀၁၁ ခုနှစ်မှာ မန်စီးတီးအသင်းကို ပြောင်းရွှေ့လာခဲ့တာပါ။ မန်စီးတီးအသင်းမှာ ၁၆၄ ပွဲ ကစားပြီး ၁၁၃ ဂိုးသွင်းယူထားပါတယ်။

Source : Mirror : Duwun


No comments:

Post a Comment