Latest News

Monday, February 6, 2017

ရုရှ စွပ်စွဲခံထားရတဲ့ သတ်ဖြတ်မှုတွေ အတွက် ထရမ့် ကာကွယ်

ရုရှ စွပ်စွဲခံထားရတဲ့ သတ်ဖြတ်မှုတွေ အတွက် ထရမ့် ကာကွယ်

ရုရှနိုင်ငံက ပြုလုပ်ခဲ့တယ် ဆိုပြီး စွပ်စွဲခံထားရတဲ့ လူသတ်မှုတွေ အကြောင်း မေးမြန်းရာမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ရုရှ သမ္မတ ဗလာဒီမီယာပူတင် ဘက်က ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။

Fox သတင်းဌာနနဲ့ တွေ့ဆုံးမေးမြန်းခန်း တခုမှာ “လူသတ်သမားတွေဆိုတာ အများကြီး ရှိပါတယ်၊ ကျွန်တော်တို့မှာလည်း လူသတ်သမားတွေ ရှိပါတယ်၊ ခင်ဗျားတို့ ဘယ်လို ထင်ထားလို့လဲ၊ ကျွန်တော်တို့ နိုင်ငံ ကကော သိပ် အပြစ်ကင်းနေလား” ဆိုပြီး ထရမ့်က ပြောသွားခဲ့ပါတယ်။

ထရမ့်က သူဟာ ရုရှ သမ္မတ ပူတင်ကို လေးစားမှု ရှိကြောင်း၊ ပူတင်နဲ့ ဆက်ဆံရေး ပြေလည်လိုကြောင်း ပြောခဲ့ပါတယ်။

အစ္စာလာမ်မစ် အစွန်းရောက် အဖွဲ့ကို တိုက်ခိုက်ရာမှာ ရုရှရဲ့ အကူအညီကို လိုချင်ကြောင်းလည်း Fox သတင်းဌာနနဲ့ အင်တာဗျူးမှာ ဆိုသွားခဲ့ပါတယ်။

ထရမ့်နဲ့ ပူတင် ဟာ စနေနေ့တုန်းက ဖုန်းနဲ့ ဆက်သွယ် စကားပြောဆိုခဲ့ကြပြီး၊ နောင်မှာလည်း ထိတွေ့ဆက်ဆံသွားဖို့ သဘောတူညီခဲ့ပါတယ်။  ဒါပေမယ့် နှစ်နိုင်ငံ ခေါင်းဆောင် နှစ်ယောက် လူချင်းတွေ့ဆုံ ဆွေးနွေးဖို့ ရက်ကိုတော့ သတ်မှတ်ထားခြင်း မရှိသေးပါဘူး။

ဘီဘီစီမြန်မာပိုင်း

No comments:

Post a Comment