“ပြန်ကိုက်လှည့်ပါ…..”
လူကို ခွေးသတ်လေခြင်းတဲ့……
ခွေးကတော့ မသတ်တတ်…
ခွေးဆိုသည်မှာ ဟောင်သည့်အမျိုး….ခွေးဆိုသည်မှာ ကိုက်သည့်အမျိုး…
ထန်းလျှက်တစ်တုံးကျွေးလျှင် အမြှီးနှံ့ပြီး ဘက်ပြောင်းတတ်သည့်အမျိုး….
ခွေး မှာတောင် ဟောင်သည့်ခွေးသည် မကိုက်တတ်
ကိုက်သည့်ခွေးသည် မဟောင်တတ်….
ခွေးဝဲစား ခွေးသူခိုး ခွေးကလေကချေများသည် ကိုက်ဖို့ထက် အလစ်သုတ်ဖို့လောက်သာစိတ်ဝင်စားသည်….
သူ့ကို ရန်မပြု ရန်မမူ ချောင်ပိတ်မခံရသရွေ့ ကိုက်ရိုးထုံးစံမရှိ…
ဒီလိုခွေးမျိုးတွေသည် ပိုင်ရှင်မရှိသည့် ပိုင်ရှင်မဲ့ ဂျလေဘီခွေး…..
ဒီခွေးသည်ကိုက်သည်…ကိုက်တာမှ အသားဒစ်ထွက်အောင်ကိုကိုက်သည်….သေအောင်ကိုကိုက်သည်…
ချက်ကောင်းကို အားရအောင်ကိုကိုက်သည်…သူ့တာဝန်သူ ကျေပွန်စွာထမ်းဆောင်သည်….
မအေပေးခွေး….
ပိုင်ရှင်ရှိခွေး….အထက်တန်းခွေး……
အို…..ခွေးသခင်….
သင်သည် ဒီခွေးအား မွေးလည်းမွေး ကျွေးလည်းကျွေးခဲ့သည်….
ကိုက်သည့် ခွေး အားလှောင်ချိုင့်တွင်းထည့်ပြီး နောက်နောင်မကိုက်ရန်တားဆီးရလွယ်ကူပါသော်လည်း
အသင် ခွေးသခင်သည် ခွေးပေါင်းများစွာအားတစ်နည်းမဟုတ်တစ်နည်း
မွေးကျွေးနေပါလိမ့်ဦးမည်….
ချောင်ပိတ်မိလျှင် ပြန်ကိုက်ရိုးရှိသည့် ခွေးအစဉ်အလာအတိုင်း
သင်သည် ခွေးသခင်လက်အား ပြန်ကိုက်မည်ဆိုလျှင်ဖြင့်
သင့်ဘ၀သည် ခွေးက ခွေးအဖြစ်ကျန်ရှိနေမည်ဖြစ်ပါသော်လည်း
ခွေးတို့ကိုကယ်တင်သူ ခွေးအရှင်အဖြစ် အဖက်ဆည်နိုင်စရာတော့ကျန်နေသေးသည်……..။
ဇာနည်မောင်မောင်ကျော်
ရုပ်ပုံ။ ။အင်တာနက်……။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment