Latest News

Thursday, February 16, 2017

ရန်ကုန်မြို့အတွင်းရှိ တံတားကိုးစင်းကို ဧပြီလမှစတင်၍ တံတားဖြတ်သန်းခမကောက်တော့ကြောင်း

ရန်ကုန်မြို့အတွင်းရှိ တံတားကိုးစင်းကို ဧပြီလမှစတင်၍ တံတားဖြတ်သန်းခမကောက်တော့ကြောင်း


ရန်ကုန်မြို့အတွင်းရှိ တံတားကိုးစင်းကို ဧပြီလမှစတင်ပြီး တံတားဖြတ်သန်းခကောက်ခံတော့မည် မဟုတ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယာဉ်ဖြတ်သန်းခမကောက်ခံရခြင်းမှာ ကုန်စည်စီးဆင်းမှုလွယ်ကူစေရန်နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လွယ်ကူလျင်မြန်စေရန်အတွက်ဖြစ်ကြောင်းသိရသည်။

ဧပြီလ ၁ ရက်နေ့မှစတင်၍ ရန်ကုန်အတွင်းရှိ တံတားကိုးစင်းတွင် ဖြတ်သန်းခပေးဆောင်စရာ မလိုတော့ကြောင်းသိရသည်။

သို့သော်လက်ရှိခွင့်ပြုပေးထားသော ယာဉ်အမျိုးအစားအလိုက် တန်ချိန်အတိုင်းသာခွင့်ပြုပေးမည်ဖြစ်သည်။

ကုန်တင်ယာဉ်များ တန်ပိုတင်ဆောင်ဖြတ်သန်းမှုအား မတ်လ ၃၁ ရက်နေ့အထိ သိရှိလိုက်နာဆောင်ရွက်ရန် အသိပေးခြင်း၊ ပညာပေးကာလအဖြစ် သတ်မှတ်ခြင်းများဆောင်ရွက်သွားမည် ဖြစ်ကာဧပြီတစ်ရက်မှ စတင်ကာခွဲခြားမရသော ပစ္စည်းများမှအမ(ဥပမာ-စက်ပစ္စည်းများ၊ ထရန်စဖော်များ) အခြားကုန်တင်ယာဉ် များသည်လည်း လမ်းဦးစီးဌာနပိုင်လမ်း၊ တံတားများပေါ်တွင် တန်ပိုတင်ဆောင် ဖြတ်သန်းသွားခွင်မပြုရေး၊ B.O.T လေလံလမ်း၊ တံတားဂိတ်များမှ တန်ပိုတင်ဆောင် တားဆီးရေးများဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

သတ်မှတ်တန်ချိန်အတိုင်းမတင်ပါက တန်ပိုကြေးပေးဆောင်ရမည်မဟုတ်သကဲ့သို့ ဖြတ်သန်းသွားလာ ခွင့်လည်းရရှိမည်မဟုတ်ကြောင်းသိရသည်။

တန်ပိုတင်ဆောင်သည့် ယာဉ်များအား လမ်းမကြီးများ ဥပဒေအ ခန်း (၅) ပြစ်မှုနှင့် ပြစ်ဒဏ်ပုဒ်မ(၈)၊ အပိုဒ်ခွဲ(၁)အရ ထိရောက်စွာ အရေး ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကုန်များကို အာဆီယံနှုန်းအတိုင်းတင်ဆောင်ခွင့်ရမည်ဖြစ်ပြီး ဖြတ်သန်းခမကောက်ခံတော့သော်လည်း တန်ပိုတင်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိပါက အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။

ကုန်ပစ္စည်းတင်ဆောင်မှုမှာ အာဆီယံ သတ်မှတ်စံနှုန်းအရ ဆယ်နှစ်ဘီး ကုန်တင် ယာဉ်တစ်စီးလျှင် တန်ချိန် ၂၅ တန်၊ ၂၂ ဘီး ကုန် တင်ယာဉ်တစ်စီးလျှင် ၅၂ တန်ဖြစ် ကြောင်း သိရသည်။

Source:imyanmarhouse


No comments:

Post a Comment