Latest News

Wednesday, February 15, 2017

ကင်ဂျုံနမ်အသတ်ခံရမှုတွင် ဖမ်းဆီးထားသူမှာ ဗီယက်နမ်ပတ်စ် ပို့ကိုင်ဆောင်သူဟု မလေးရဲ ထုတ်ပြန်

ကင်ဂျုံနမ်အသတ်ခံရမှုတွင် ဖမ်းဆီးထားသူမှာ ဗီယက်နမ်ပတ်စ်

ပို့ကိုင်ဆောင်သူဟု မလေးရဲ ထုတ်ပြန်


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အစ်ကိုဖြစ်သူ ကင်ဂျုံနမ်ကို မလေးရှားလေဆိပ်မှာ လုပ်ကြံသတ်ဖြတ်သူမှာ မြန်မာအမျိုးသမီးလို့ မလေးရှာအစိုးရပိုင် Bernama သတင်းဌာနက ကနေဦး သတင်းထုတ်ပေမယ့် မလေးရှားရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ ဗီယက်နမ် ပတ်စ်ပို့ကိုင်ဆောင်သူလို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့ မနက် ၈ နာရီ ၂၀ မိနစ် ၀န်းကျင်မှာ ကင်ဂျုံအန်းရဲ့ အစ်ကိုဖြစ်သူ ကင်ဂျုံနမ် သေဆုံးမှုနဲ့ ပတ်သက်ပြီး ဗီယက်နမ်ပတ်စ်ပို့ကိုင်ဆောင်သူ Doan Thi Huong ကို ကွာလာလမ်ပူလေဆိပ် ၂ မှာ မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ထုတ်ပ်ြချက်မှာ ဖော်ပြထားပါတယ်။

ကင်ဂျုံနမ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မလေးရှားနိုင်ငံ၊ ကွာလာ လမ်ပူလေဆိပ်ထဲမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး သူဟာ မကာအိုကို ထွက်ခွာမယ့် လေယာဉ်ကို စောင့်ဆိုင်း နေချိန်မှာ အမျိုးသမီး ၂ ဦးက နောက်က ဖမ်းချုပ်ပြီး အဆိပ်ခပ် ခံခဲ့ရပြီး သေဆုံးသွားခဲ့ရတာလို့ အစောပိုင်းသတင်းတွေမှာ ဖော်ပြခဲ့တာပါ။

လက်ရှိ ဖမ်းဆီးခံထားရတဲ့ မြန်မာအမျိုးသမီးရဲ့ နာမည်ကိုတော့ ဖော်ပြမထားပဲ သတင်းပေးချက်တွေအရ ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ် ၂ အတွင်းမှာပဲ ဖမ်းဆီးနိုင်ခဲ့တယ်လို့ မလေးရှားရဲဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး တန်ဆရီနော် ရာရှစ်အီဘရာဟင်က အတည်ပြုပြောဆိုပါတယ်။

ကင်ဂျုံနမ်သေဆုံးမှုနဲ့ ဆက်စပ်ပြီး သံသယရှိတဲ့ အမျိုးသမီးတဦးကို ဖမ်းဆီးထားတယ်လို့ ဘီဘီစီ ကမ္ဘာ့သတင်းမှာလည်း အတည်ပြုထုတ်ပြန်ထားပါတယ်။


DVB TV News

No comments:

Post a Comment