Latest News

Monday, February 13, 2017

တက္ကသိုလ်ဝင်တန်း အမှတ်ပေးစည်းမျဉ်းဆိုင်ရာ အချက်တွေ မျှဝေမည်

တက္ကသိုလ်ဝင်တန်း အမှတ်ပေးစည်းမျဉ်းဆိုင်ရာ အချက်တွေ မျှဝေမည်

တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက် မြင့်မားရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများ အဖွဲ့ချုပ်က အမှတ်ပေးစည်းမျဉ်းဆိုင်ရာ သိထားသင့်တဲ့အချက်တွေကို အခြေခံ ပညာကျောင်းတွေမှာ ဝေမျှမယ်လို့ သိရပါတယ်။

“တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် အမှတ်ပေးစည်းမျဉ်းနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာကျောင်းတွေက ဖိတ်ခေါ်မယ်ဆိုရင် လုပ်ပေးမယ်၊ အဲဒါကတော့ ဆရာ ဆရာမတွေနဲ့ ဆွေးနွေးတာပဲဖြစ်ဖြစ်၊ ကျောင်းသူကျောင်းသားတွေကို ပို့ချတာပဲဖြစ်ဖြစ်ပေါ့၊ အမှတ်ပေး စည်းမျဉ်းအတွေ့အကြုံဖလှယ်တဲ့သဘောပါ”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး (၂) ဒေါက်တာ ဇော်မျိုးလှိုင်က ပြောပါ တယ်။

အခြေခံပညာကျောင်းတွေမှာ အထက်တန်းပြလိုအပ်ချက်အနေနဲ့ အထက်တန်းပြရာထူးထမ်းဆောင်နေရပြီး စာစစ် အတွေ့အကြုံမရှိသေးတဲ့ ဆရာ ဆရာမတွေအတွက်လည်း သိထားသင့်တဲ့အ ကြောင်းအရာတွေကို ပြန်လည်မျှဝေပေး မယ်လို့ သိရပါတယ်။

စာမေးပွဲဖြေတဲ့ကျောင်းသားတွေ မှားလေ့မှားထရှိတဲ့အရာတွေကိုပြောပြပြီး သည်အမှားတွေကို ရှောင်နိုင်ရင် သူတို့ အမှတ်ရမယ်လေ၊ ပြီးတော့အမှတ်ပေးစည်းမျဉ်းမှာမရှင်းမလင်းဖြစ်နေတာတွေကို ရှင်းပြပေးမယ်လို့ ဆိုပါတယ်။

အခြေခံပညာအထက်တန်းကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွေ၊ ကိုယ်ပိုင်ပုဂ္ဂလိကကျောင်းတွေကိုပါ လိုက်လံဆွေးနွေးပေးမှာဖြစ်ပြီး လက်ရှိမှာတော့ ကျောင်းနှစ်ကျောင်းခန့်သာ ဆွေးနွေးမှုပြုလုပ်ရသေးတယ်လို့ သိ ရပါတယ်။

‘ဒီနှစ် စလုပ်တာ နှစ်ကျောင်း လောက်ပဲစရတယ်၊ နည်းနည်းနောက်ကျသွားတယ်၊ ကမ်းလှမ်းထားတာတွေတော့ ရှိတယ်၊  တချို့နေရာတွေကျတော့ အရမ်း ဝေးတော့ သွားဖို့လာဖို့ အခက်အခဲတွေရှိတယ်၊ ပြီးတော့ ဆရာတို့အဖွဲ့လဲ ဝန်ထမ်းတွေဆိုတော့ ရုံးချိန်တွေမှာ ကိုယ့်တာဝန် ကိုယ်ယူနေရတာဆိုတော့ စနေ၊ တနင်္ဂနွေ ရက်မျိုးကို ရွေးပြီးလုပ်ရတယ်”လို့ ဒေါက် တာ ဇော်မျိုးလှိုင်က ပြောပါတယ်။

သူကပဲဆက်ပြီး ‘အထက်တန်းတွေမှာ တချို့အထက်တန်းပြဆရာ ဆရာမတွေ သင်သာသင်နေရတာ အမှတ်ပေး စည်းမျဉ်းအကြောင်း မသိသေးတဲ့ဆရာ ဆရာမတွေ အလွဲအချော်လေးတွေ ဖြစ်မှာစိုးလို့ အတွေ့အကြုံဖလှယ်ပေးတာပါ၊ စာစစ်အတွေ့အကြုံရှိပြီးသားသူတွေက တော့ သိပ် ပြီး ပြဿနာမရှိဘူးပေါ့နော်၊ တချို့ကျ တော့ ကျောင်းပြောင်းရတယ်၊ ကျောင်း သစ်ရောက်တော့ လိုအပ်ချက်အရ ကိုယ်သင်တဲ့ဘာသာရပ်ကနေ တခြား ဘာသာ ပြောင်းသင်ရတာတွေရှိတယ်၊ အဲဒီဘာသာတွေအတွက် အမှတ်ပေးစည်းမျဉ်းနဲ့ ပတ်သက်ပြီး စာစစ်အတွေ့အကြုံ မရှိသေးတဲ့ဆရာ ဆရာမတွေအတွက် သိထားသင့် တာတွေကို ဆွေးနွေးပေးတယ်၊ တချို့ ကျောင်းတွေမှာ စာစစ်အတွေ့အ ကြုံရှိတယ်၊ ဒါပေမဲ့ အခုအငြိမ်းစားယူထားတယ်ဆိုတော့ အငြိမ်းစားယူပြီး နောက်ပိုင်းမှာ စာမစစ်ရတော့ အမှတ်ပေး တဲ့ပုံစံစည်းမျဉ်းတွေ ဆွေးနွေးတယ်၊ နောက်ပြီး တော့ ဘုန်းတော်ကြီးသင်ပညာ ရေး ကျောင်းက ဆရာ ဆရာမတွေနဲ့ ကျောင်းသားတွေအတွက် ဆွေးနွေးတယ်”လို့ ရှင်း ပြပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းမြင့် မားဖို့ တက္ကသိုလ်ဒီဂရီကောလိပ်က ဆရာ ဆရာမတွေကိုခေါ်ယူပြီး အချိန်ပိုနဲ့ အနီး ကပ်သင်ကြားမယ်လို့ အခြေခံပညာဦးစီးဌာန နေပြည်တော်က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ယခင်နှစ်က ထက် အောင်ချက်ရာခိုင် နှုန်းမြင့်မားဖို့ စီမံချက်ရေးဆွဲဆောင်ရွက်မှာဖြစ်ပြီး  အနီးကပ်အချိန်ပိုတွေ သင်ကြားရမယ်လို့ အဲသည်ကြေညာချက်မှာ ရေးသားထားပါတယ်။ အဲသည်လို တက္ကသိုလ် ဆရာဆရာမတွေ ခေါ်ယူသင်ကြားတဲ့အ ခါမှာ အချိန်ကာလသတ်မှတ်ထားတာမရှိ ဘဲ အခြေခံပညာကျောင်းတွေအနေနဲ့ မိမိအစီအစဉ်နဲ့ ခေါ်ယူရမှာဖြစ်တယ်လို့ သိရပါတယ်။

Author မေသော်တာမောင်
Credit: Kumudra

No comments:

Post a Comment