Latest News

Tuesday, February 14, 2017

စုဒ္ဒသမ ရွှေကျင်သာသနာပိုင် ဝါဆိုကျောင်းဆရာတော်ဘုရားကြီး ဘဝနတ်ထံ ပျံလွန်တော်မူ

စုဒ္ဒသမ ရွှေကျင်သာသနာပိုင် ဝါဆိုကျောင်းဆရာတော်ဘုရားကြီး ဘဝနတ်ထံ ပျံလွန်တော်မူ


မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေခဲ့သည့် စုဒ္ဒသမ ရွှေကျင်သာသနာပိုင်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဒ ဓမ္မဇောတိကဓဇ၊ မဟာအောင်မြေမြို့နယ်၊ မဟာဝိသုဒ္ဓာရုံကျောင်းတိုက်၊ ဇယမေဒနီဝါဆိုကျောင်း ဆရာတော်ဘုရားကြီး ဘဒ္ဒန္တအဂ္ဃိယသည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၁နာရီ ၃၀ မိနစ် အချိန်က ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့ကြောင်း ပြည်သူ့ဆေးရုံကြီး ဆေးလှုမှုဆက်ဆံရေး ဌာနထံမှ သိရသည်။

ဆရာတော်ဘုရားကြီးသည် သက်တော် ၁၀၀၊ ဝါတော် ၈၁ ဝါရှိပြီ ဖြစ်ကြောင်းနှင့် သက်ကြီးရောဂါဖြင့် ပြီးခဲ့သော ဇန်နဝါရီလအတွင်းက မန္တလေးပြည့်သူ့ဆေးရုံကြီး အထူးကြပ်မတ်ဆောင်တွင် ဆေးကုသမှု ခံယူနေခဲ့ခြင်း ဖြစ်သည်။
ဆရာတော်ဘုရားကြီး ပျံလွန်တော်မူသွားသည်နှင့် ဆရာတော်ကြီး၏ ဒါယကာ ဒါယကာမများက သီတင်းသုံးရာကျောင်းသို့ ပြန်လည်ပင့်ဆောင်သွားခဲ့ကြောင်းလည်း သိရသည်။

ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သာဓုကီဠနပူဇော်ပွဲ ကျင်းပနိုင်ရေးကို ၎င်း၏ ဒါယကာ ဒါယကာမများက ယနေ့ နေ့လည် ၂ နာရီတွင် စည်းဝေးတိုင်ပင်ကြမည် ဖြစ်သည်။

Photo - ရွှေကျင်နိကာယဗဟိုဌာန မဟာဝိသုဒ္ဓါရုံတိုက်သစ်



The Voice

No comments:

Post a Comment