Latest News

Thursday, February 2, 2017

ဦးကိုနီကို လုပ်ကြံတာဟာ နိုင်ငံတော်ကိုခြိမ်းခြောက်တာဖြစ်

ဦးကိုနီကို လုပ်ကြံတာဟာ နိုင်ငံတော်ကိုခြိမ်းခြောက်တာဖြစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခဲ့တဲ့ ကိစ္စဟာ နိုင်ငံတော်ကို ခြိမ်းခြောက်တာ ဖြစ်နိုင်တယ်လို့ အမျိုးသားလွှတ်တော် ဥက္ကဌဟောင်း ဦးခင်အောင်မြင့်က ပြောပါတယ်။

ဒီကနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးမှာ ဦးခင်အောင်မြင့်က အဲဒီလို ပြောကြားတာဖြစ်ပါတယ်။

အဲဒီလို ဖြစ်ရပ်တွေ ထပ်မဖြစ်အောင် လွတ်ငြိမ်းချမ်းသာခွင့်ပေးတာမှာ စိစစ်ဖို့နဲ့ ဧည့်စာရင်းကိုလည်းလိုအပ်သလို စစ်ဆေးတာမျိုးဆောင်ရွက်သင့်တယ်လို့လည်း ဦးခင်အောင်မြင့်က အကြံပြုပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာ လုံခြုံရေး အားနည်းတဲ့အကြောင်းနဲ့ နေရာတိုင်းမှာ လုံခြုံရေးတိုးမြှင့်ဖို့ လိုအပ်တဲ့အကြောင်းကိုလည်း ဦးခင်အောင်မြင့်က ထောက်ပြပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး ရန်ကုန်မြို့မှာ သေနတ်တွေ ဘယ်လောက်များနေပြီလဲဆိုတာ စစ်ဆေးဖို့ လိုနေပြီလို့လည်း ဦးခင်အောင်မြင့်က ပြောပါတယ်။

Photo: Win Ko Ko latt/RFA

(အမျိုးသားလွှတ်တော် ဥက္ကဌဟောင်း ဦးခင်အောင်မြင့် ကို ဖေဖော်ဝါရီလ ၂ ရက်နေ့က တွေ့ရစဉ်)

RFA

No comments:

Post a Comment