Latest News

Sunday, February 19, 2017

ဘဏ်တိုးရငွေအပေါ် အခွန်ကောက်မည်မဟုတ်

ဘဏ်တိုးရငွေအပေါ် အခွန်ကောက်မည်မဟုတ်


ဘဏ်အပ်ငွေမှရရှိသည့် အတိုးအပေါ်တွင် ၀င်ငွေခွန် ကောက်ခံမည့် အစီအစဉ်ကို ယခုအစိုးရလက်ထက်၌ လုံးဝ ဆောင်ရွက်မည်မဟုတ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦး အောင်နိုင်ဦးက 7Day Daily သ တင်းစာအား ပြောကြားသည်။
ဘဏ်အပ်ငွေမှရရှိသည့် အ တိုးအပေါ်တွင် ၀င်ငွေခွန်ကောက် ခံမည်ဟု ပြည်တွင်းသတင်းမီဒီ ယာအချို့၌ ဖော်ပြပြီး ပြည်သူ လူထုအကြား ဝေဖန်မှုများထွက် ပေါ်လာပြီးနောက် ၎င်းကအထက် ပါအတိုင်း ပြောကြားသည်။

‘‘၀န်ကြီးဌာနအနေနဲ့ ပြန် လည်ရှင်းလင်းတင်ပြလိုတာက အစိုးရအနေနဲ့ ပြည်သူလူထုရဲ့ အကျိုးကို ရှေးရှုပြီးတော့၊ နောက် တစ်ခုက နိုင်ငံတော်ရဲ့စီးပွားရေး တည်ငြိမ်မှုရှိအောင် ဘဏ်တွေမှာ အပ်တဲ့ငွေရဲ့ အတိုးအပေါ်မှာ ၀င် ငွေခွန်ကောက်ခံဖို့ လုံးဝလုပ်ဖို့မရှိ ပါဘူး’’ဟု ဦးအောင်နိုင်ဦးက ပြောသည်။

ဝင်ငွေခွန်ဥပဒေအရ ဘဏ် အပ်နှံငွေအတိုးအပေါ်တွင် အခွန် ကောက်ခံနိုင်သော်လည်း နိုင်ငံ့ စီးပွားရေးတည်ငြိမ်စေရန်နှင့် ငွေ ကြေးဈေးကွက် လှုပ်ခတ်မှုဖြစ်လာ နိုင်၍ အဆိုပါအတိုးကို ကောက်ခံ မည်မဟုတ်ကြောင်း ၎င်းကရှင်းပြ သည်။

‘‘အခွန်ကောက်လိုက်ရင် သူ့ ရဲ့ဟာက အခွန်ရတာတစ်ခုတည်း မဟုတ်ဘဲ Negative Impact (အဆိုးသက်ရောက်မှု)တွေ အ များကြီးရှိတယ်။ ဖြစ်လာနိုင်တဲ့ တခြားအခြေအနေတွေပေါ့။ ဥပ မာပြောပြရရင် ဘဏ်မှာသွားအပ်  ရင်အခွန်ကောက်ခံရမယ်ဆို တော့ အခွန်မဆောင်ချင်တဲ့သူက ဘဏ်မှာ ဘယ်သွားအပ်တော့ မ လဲ။ တခြားကိစ္စတွေ ဥပမာ အိမ် ခြံမြေတွေမှာ သွားရင်းနှီးမြှုပ်နှံ တာတွေ ဒါမျိုးတွေဖြစ်သွားနိုင် တယ်။ ဖြစ်တော့ ငွေကြေးဈေး ကွက်ကြီးပါ လှုပ်သွားနိုင်တာပေါ့။ ဖြစ်နိုင်တာတွေ အများကြီးပေါ့။ ချဲ့ရင်ချဲ့သလောက်ဖြစ်သွားနိုင် တာပေါ့’’ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

ထို့အပြင် နိုင်ငံပိုင်မြန်မာ့အ သံနှင့် ရုပ်မြင်သံကြား (MRTV) ကလည်း ဖေဖော်ဝါရီ ၁၉ ရက်က ဘဏ်များတွင် အပ်နှံထားသည့် ငွေမှရရှိသည့်အတိုးအပေါ် အ ခွန်ပေးဆောင်ရန် ၀င်ငွေခွန်ဥပ ဒေအရ ပြဋ္ဌာန်းထားသော်လည်း ပြည်တွင်းအခွန်များဦးစီးဌာနအ နေဖြင့် လက်ရှိအခြေအနေ၌ အတိုးရငွေမှ အခွန်ကောက်ခံရန် အစီအစဉ်မရှိကြောင်း ကြေညာ သည်။

ဖေဖော်ဝါရီ ၁၈ ရက်ထုတ် The Voice Daily သတင်းစာနှင့် ဖေဖော်ဝါရီ ၁၉ ရက်ထုတ် Daily Eleven သတင်းစာတို့တွင် ပြည် တွင်းအခွန်များဦးစီးဌာန ကို ကိုး ကား၍ ဘဏ်တွင်ငွေကြေးပမာ ဏ များစွာအပ်နှံထားသူများ ရရှိသည့် အတိုးနှုန်းအပေါ်တွင် ၀င်ငွေခွန်ကောက်ရန် စီစဉ်နေ  ကြောင်းဖော်ပြခဲ့သည်။

7Day News Journal

No comments:

Post a Comment