Latest News

Tuesday, February 7, 2017

ငြိမ်းချမ်းရေး ခြေလှမ်းတွေတိုးတက်ဖို့ ဆုံးဖြတ်ချက်ပြတ်သားဖို့ တိုက်တွန်း

ငြိမ်းချမ်းရေး ခြေလှမ်းတွေတိုးတက်ဖို့ ဆုံးဖြတ်ချက်ပြတ်သားဖို့ တိုက်တွန်း

ရေစီလိုလားတယ် ဆိုရင် မတူကွဲပြားတဲ့သဘောထားတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်မယ်ဆိုတာ ယုံကြည်ဖို့လိုတယ်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၆

နေပြည်တော်မှာ ယနေ့ကျင်းပနေတဲ့ (UPDJC) အစည်း အဝေးကနေ ငြိမ်းချမ်းရေးအတွက် တိုးတက်စေမယ့် ခြေလှမ်းတွေ လှမ်းနိုင်ဖို့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ကြစေချင်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ UPDJC ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က  ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “ဒီအစည်း အဝေးစတဲ့အချိန်နဲ့ အစည်းအဝေးပြီးတဲ့အ ချိန်မှာ ငြိမ်းချမ်းရေးအတွက် တိုးတက်မှု ဖြစ်စေမယ့် ခြေလှမ်းအချို့ကို တိတိကျကျ ပြတ်ပြတ်သားသားလှမ်းဖို့ ဆုံးဖြတ်ချက်တွေ ချမှတ်ပြီးပြီဆိုတဲ့အဆင့်မျိုး ဖြစ်စေ ချင်ပါတယ်”လို့ အစည်းအဝေးအဖွင့်မှာ ပြောပါတယ်။

သည်ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ အင်မတန်မှ အရေးကြီးပါတယ်။ နိုင်ငံရဲ့ တည်ငြိမ်ရေးအတွက်၊ နိုင်ငံရဲ့ တိုးတက်ရေးအတွက်၊ ပြည်သူပြည်သားများရဲ့ စိတ်လုံခြုံရေး၊ ကိုယ်လုံခြုံရေးအတွက် အင်မတန်မှအရေးကြီးတဲ့ လမ်းစဉ်ဖြစ် တာကြောင့် သည်လို အစည်းအဝေးတွေ လုပ်တဲ့အခါမှာ သည်ဟာကိုတော့ စိတ်ထဲမှာ နှလုံးသွင်းထားစေချင်ပါတယ်လို့ လည်း ဆိုပါတယ်။

ငြိမ်းချမ်းရေးဘာလို့ လိုချင်လဲဆို တော့ နိုင်ငံသူနိုင်ငံသားတွေ စိတ်လုံခြုံဖို့အတွက် စိတ်လုံခြုံမှုမရှိဘဲနဲ့ ဘယ်လိုမှ ချမ်းသာဖို့ မရှိဘူး။ စိတ်မလုံခြုံဘဲ စိတ် ချမ်းသာဖို့ ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပါ။ ငြိမ်းချမ်းရေး ရ ချင်တယ်ဆိုတာဟာ နိုင်ငံသူနိုင် ငံသား များ စိတ်လုံခြုံဖို့အတွက် ဖြစ်ပါ တယ်။ စိတ်လုံခြုံပြီးတော့ ကိုယ့်မှာမ လောက်မငဖြစ်နေရင်လည်း စိတ်ချမ်းသာ မှုဆိုတာ တကယ့်လုံခြုံမှုဆိုတာ မဖြစ်နိုင် ပါဘူး။

စစ် မှန်တဲ့ လုံခြုံမှုဆိုတာ ကိုယ့်ရဲ့ ဘဝအတွက် မလိုအပ်တဲ့ စိုးရိမ်ပူပန်မှုမှ ကင်းဝေးနိုင်ဖို့ ဖြစ်ပါတယ်။ဒီမိုကရေစီစနစ် အောက်မှာ ဆိုရင်တော့ အစိုးရဟာတတ်နိုင်သမျှ အ ခြေခံအားဖြင့် ပြည်သူများရဲ့ စိတ်လုံခြုံမှု ကို ပေးရပါလိမ့်မယ်။ စိတ်လုံ ခြုံမှုကို ထိခိုက်စေတဲ့ ကိစ္စရပ်တွေကို ဖယ် ရှားပေး ဖို့ဟာ အစိုးရရဲ့တာဝန်ဖြစ်ပါတယ် လို့ လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်း ပြောကြားသွားပါတယ်။

အမျိုးသားပြန်လည် သင့်မြတ်ရေးဆို တာလက်နက်ကိုင် ပြီးတော့ တိုက်ခဲ့တဲ့ အဖွဲ့အစည်းတွေနဲ့ပဲ ငြိမ်းချမ်းရေးအလုပ် ဖြစ်ဖို့ မဟုတ်ပါဘူး။  ပို ပြီးတော့ ကျယ်ပြန့် ပါတယ်။ နိုင်ငံတစ်နိုင် ငံလုံးမှာ သင့်မြတ် ရေးဆိုတာ မတူကွဲပြားတဲ့သဘောထား တွေကို သင့်မြတ်စေဖို့၊ မတူကွဲပြားတဲ့ သဘောထားတွေ ဆိုတာဟာ လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ အစိုးရကြားမှာသာ ပြဿနာရှိတာမဟုတ် ပါဘူး။ မတူကွဲပြားတဲ့ သဘောထားတွေ ဆိုတာဟာနိုင်ငံတဝှမ်းမှာရှိပါတယ်။

နိုင် ငံရေး၊ မတူကွဲပြားတဲ့သဘောထားတွေ၊ တိုင်းရင်းသားရေးရာ  မတူကွဲပြားတဲ့ သဘော ထားတွေ၊ ဘာသာရေးအရမတူကွဲပြားတဲ့ သဘောထားတွေ၊ လူမှုရေးအရမတူကွဲပြားတဲ့ သဘောထားတွေ အမျိုးမျိုးရှိပါတယ်။ တကယ်ပဲ ဒီမိုက ရေစီလိုလားတယ် ဆိုရင် မတူကွဲ ပြားတဲ့ သဘောထားတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်မယ်ဆိုတာ ယုံကြည် ဖို့လိုတယ် လို့လည်း ဆိုပါတယ်။ မျှော်မှန်း ချက်က တစ်ခုခုလိုချင်လို့ မဟုတ်ဘဲနဲ့ ယုံကြည် ချက်အရ ကိုယ့်မှာ တတ်နိုင် သလောက် ကိုယ်ကနေပြီးတော့ ပေးဆပ် ချင်လို့ ပံ့ပိုးချင်လို့ဆိုတဲ့ စိတ် ဓာတ်နဲ့ ငြိမ်းချမ်းရေးကို အောင်မြင်အောင် လုပ်ဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အစည်းအဝေးမှာ ပါဝင်ကြတဲ့ ကိုယ်စားပြုသူတွေကို တိုက်တွန်းပြောဆိုခဲ့ပါတယ်။

မိုးမိုး(ကုမုဒြာ)


No comments:

Post a Comment