Latest News

Wednesday, February 22, 2017

ဓာတ်တိုင်ပေါ်တက်ပြီး ဓာတ်ကြိုးနှစ်ဖက်ကိုကိုင်ခုန်ချသူ အချိန်မီ ကယ်တင်နိုင်၍ သေဘေးမှလွတ်မြောက်ခဲ့

ဓာတ်တိုင်ပေါ်တက်ပြီး ဓာတ်ကြိုးနှစ်ဖက်ကိုကိုင်ခုန်ချသူ အချိန်မီ

ကယ်တင်နိုင်၍ သေဘေးမှလွတ်မြောက်ခဲ့


တာချီလိတ် ဖေဖော်ဝါရီ ၂၂

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် ဗိုလ်ချုပ်လမ်းမ အာရှစိမ်းလန်း ဖွံ့ဖြိုးမှုဘဏ်(AGD Bank) ရှေ့ရှိ လျှပ်စစ်မီးတိုင် ထရန်စဖော်မာထိပ်သို့ ဖေဖော်ဝါရီ ၂၁ ရက် ည ၈ နာရီခန့်က တက်ရောက်ခဲ့သည့် ဝမ်လုံးကျေး ရွာ၌နေထိုင်သော စိုင်းမောင် (၃၅ နှစ်)သည် မူးယစ်ဆေးဝါးသုံးစွဲပြီး စိတ်ကြောင်နေသည်ဟု ခန့်မှန်းရပြီး နာရီဝက်ကျော်ကြာထိုင်နေခဲ့ပြီးမှ ခုန်ချရာ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိစေဘဲ ကယ်ဆယ်ရေးအဖွဲ့က ၄င်းအား ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ထိုအဖြစ်အပျက်ကို တာဝန်ရှိသူများက သိရှိရသည်နှင့်တစ်ပြိုင်နက် လျှပ်စစ်အ္တရာယ် မဖြစ်ပေါ်စေရေးအတွက် ဓာတ်အားပေးမှု ဖြတ်တောက်လိုက်ရသည်။ ထို့နောက် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပြည်သူများက စုပေါင်းကာ ကယ်ဆယ်ရေး လုပ်ငန်းများအား အလျင်အမြန်ဆောင်ရွက်ခဲ့ကြရာ ဓာတ်တိုင်ပေါ်မှ ခုန်ချချိန်တွင် အောက်မှမွေ့ရာများဖြင့် ¤င်းကျနိုင်သည့် နေရာများသို့ အချိန်မီ ချထားလိုက်နိုင်သည့်အတွက် အသက်ဘေးမှ လွတ်မြောက်သွားခဲ့ ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဓာတ်တိုင်ပေါ်မှခုန်ချသူ စိုင်းမောင်ကို တာချီလိတ်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထား ကြောင်းသိရသည်။

 မောင်ယဉ်ကျေး ( ပြန်/ဆက် )

No comments:

Post a Comment