Latest News

Wednesday, February 15, 2017

ကချင်အမျိုးသားညီလာခံကို ပြည်နယ်အစိုးရ တားမြစ်

ကချင်အမျိုးသားညီလာခံကို ပြည်နယ်အစိုးရ တားမြစ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်က မနောကွင်းမှာ ဒီကနေ့ ပြုလုပ်မယ့် ကချင်အမျိုးသားညီလာခံကို ကချင်ပြည်နယ် အစိုးရအဖွဲ့က လုံခြုံရေးအကြောင်းပြချက်နဲ့ တားမြစ်လိုက်ပါတယ်။

ညီလာခံအတွက် ကြိုတင်ခွင့်ပြုချက် တောင်းခံထားပေမယ့် ပြည်နယ်အစိုးရက ခွင့်မပြုခဲ့တာ ဖြစ်ပါတယ်။

ခွင့်မပြုဘဲ ကျင်းပမယ်ဆိုရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဥပဒေနဲ့အညီ အရေးယူမှာဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှူးက ညီလာခံကျင်းပရေး တာဝန်ရှိသူတွေကို မနေ့က အကြောင်းကြာစာ ပေးပို့ထားပါတယ်။

လက်ရှိအချိန်မှာတော့ ညီလာခံကျင်းပရေး တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဆွေးနွေးနေတယ်လို့ မနောကွင်းကို ရောက်ရှိနေတဲ့ ကချင် ငြိမ်းချမ်းရေး ကွန်ယက်က ဒေါ်ခွန်ဂျာက ပြောပါတယ်။

Photo credit - Daw Khon Ja (FB)
RFA

No comments:

Post a Comment