ဒီချုပ်အစိုးရသက်တမ်း ဒုတိယနှစ်တွင် ကျပ်ထရီလီယံ ၂၀ ကျော်သုံးစွဲမည်
အစိုးရသစ်သက် တမ်း ဒုတိယနှစ်တွင် အသုံးစရိတ် ကျပ်ထရီလီယံ ၂၀ ကျော် သုံးစွဲမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသော ၂၀၁၇-၁၈ ဘတ်ဂျက်ဥပဒေကြမ်းအရ သိရသည်။
လာမည့်နှစ် ဘတ်ဂျက်တွင် အစိုးရ၏ရသုံးခန့်မှန်းခြေငွေစာ ရင်းအရ ရငွေစုစုပေါင်း ကျပ် ၁၆ ဒသမ ၇၈၆ ထရီလီယံဖြစ်ပြီး သုံး ငွေသည် ကျပ် ၂၀ ဒသမ ၈၉၆ ထရီလီယံဖြစ်၍ လိုငွေပမာဏ ကျပ်၎ ဒသမ ၁၂၈ ထရီလီယံ (ကျပ်ဘီလီယံ လေးထောင်ကျော်) ဖြစ်ကြောင်း ဥပဒေကြမ်း ၌ပါရှိသည်။
လက်ရှိအစိုးရရေးဆွဲထား သော ဘတ်ဂျက်ကို အတည်ပြု ပေးနိုင်ရန် ဇန်နဝါရီ ၃၀ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ် တော်သို့ အစိုရအဖွဲ့က တင်သွင်း ခဲ့ခြင်းဖြစ်ပြီး ပညာရေးကဏ္ဍ၌ ဘတ်ဂျက်တစ်ခုလုံး အသုံးစရိတ် ၏ ၈ ဒသမ ၄၄ ရာခိုင်နှုန်း၊ ကျန်းမာ ရေးနှင့် အားကစားကဏ္ဍအတွက် ၅ ဒသမ ၁၆ ရာခိုင်နှုန်းကို သုံးစွဲ မည်ဖြစ်သည်။
ဝန်ကြီးဌာနများအနက် စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန သည် ဘတ်ဂျက်အသုံးစရိတ်အ များဆုံး သုံးစွဲသည့် ဝန်ကြီးဌာန ဖြစ်ကာ ယင်းနောက်တွင် လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာနနှင့် ကာကွယ် ရေးဝန်ကြီးဌာနတို့ရှိနေသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာနသည် ဘတ်ဂျက်အသုံးစ ရိတ်၏ ၂၃ ဒသမ ၁၈ ရာခိုင်နှုန်း၊ လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာန သည် ၂၁ ဒသမ ၄၂ ရာခိုင်နှုန်း၊ ကာကွယ်ရေး ဝန်ကြီးဌာနသည် ၁၃ ဒသမ ၉၅ ရာခိုင်နှုန်းတို့ကို အသီးသီးသုံးစွဲကြရန် တင်ပြထား ခြင်းဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ ဘတ်ဂျက်အသုံးစရိတ်နှင့်ပတ် သက်၍ ကာကွယ်ရေးဝန်ကြီးဌာ န ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ဇန်နဝါရီ ၃၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ ရှင်းလင်းတင်ပြရာ၌ လာမည့်နှစ် ဘတ်ဂျက်တွင် ဝန်ကြီးဌာန၏အသုံးစရိတ်ကို ယခင်နှစ်ထက် လျှော့ချ တောင်းခံခဲ့သည်ဟု ဆိုသည်။
ဘဏ္ဍာရေးနှစ်အလိုက် ပြည်ထောင်စုဘတ်ဂျက်တွင် ကာ ကွယ်ရေးဝန်ကြီးဌာန၏အသုံးစ ရိတ်ပါဝင်မှုအနေဖြင့် ၂၀၁၁-၁၂ တွင် (အမှန်အသုံး) ၁၄ ဒသမ ၆၂ ရာခိုင်နှုန်း၊ ၂၀၁၂-၁၃ တွင် (အ မှန်အသုံး) ၁၄ ဒသမ ၀၈ ရာခိုင် နှုန်း၊ ၂၀၁၃-၁၄ တွင် (အမှန်အ သုံး) ၁၃ ဒသမ ၂၇ ရာခိုင်နှုန်း၊ ၂၀၁၄-၁၅ တွင် (အမှန်အသုံး) ၁၂ ဒသမ ၇၀ ရာခိုင်နှုန်း၊ ၂၀၁၅-၁၆ တွင် (ရှေ့ပြေးအမှန်) ၁၃ ဒသမ ၆၄ ရာခိုင်နှုန်းနှင့် ၂၀၁၆-၁၇ တွင် (ပြုပြင်ပြီး ခန့်မှန်းခြေ) ၁၄ ဒသမ ၃၀ ရာခိုင်နှုန်းတို့ရှိကြောင်း ဒုဝန်ကြီး၏တင်ပြချက်အရ သိရ သည်။
ဘတ်ဂျက်အနည်းဆုံးသုံးစွဲ သည့် ဝန်ကြီးဌာနသည် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနဖြစ် ကာ အသုံးစရိတ် ၀ ဒသမ ၀၁ ရာခိုင်နှုန်းရှိပြီး ၎င်း၏ရှေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနသည် ဘတ်ဂျက်အ သုံးစရိတ် ၀ ဒသမ ၀၂ ရာခိုင်နှုန်း သုံးစွဲရန် ရှိနေသည်။
လာမည့်နှစ်ဘတ်ဂျက်သည် ယခုနှစ်ဘတ်ဂျက်ထက် ရငွေပိုင်း နှင့် သုံးငွေပိုင်း ပိုမိုများပြားလာခဲ့ ပြီး ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍတွင် အသုံးစရိတ်တိုးမြင့် လာကြောင်း ပြည်ထောင်စုလွှတ် တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီဒုတိယဥက္ကဋ္ဌ ဦးအောင် မင်းက ပြောသည်။
ယခုနှစ်ဘတ်ဂျက်ရငွေကျပ် ၁၆၉၇၈ ဒသမ ၉၉၁ ဘီလီယံရှိရာ သုံးစွဲငွေသည် ကျပ် ၂၀၃၇၆ ဒသမ ၄၉၉ ဘီလီယံဖြစ်ပြီး လိုငွေသည် ကျပ် ၃၇၅၇ ဒသမ ၅၀၈ ဘီလီယံ ဖြစ်၍ လွှတ်တော်သို့ တင်ပြလာ သည့်အခါ သုံးငွေထဲမှ ကျပ်ဘီလီ ယံ ၄၇၀ ခန့်ကို လျှော့ချပြီး လွှတ် တော်က အတည်ပြုပေးခဲ့သည်။
ယင်းနောက် ဖြည့်စွက်ဘတ်ဂျက်တွင် ကျပ်ဘီလီယံ ၁၃၀၀ ကျော် အစိုးရက ထပ်မံတောင်းခံခဲ့သည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment