Latest News

Wednesday, February 15, 2017

ဘိုကလေးမြို့နယ် ပင်လယ်ပြင်၌ လူသတ်မှုဖြစ်ပွား

ဘိုကလေးမြို့နယ် ပင်လယ်ပြင်၌ လူသတ်မှုဖြစ်ပွား

နေပြည်တော် ဖေဖော်ဝါရီ ၁၅

ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၂ နာရီက ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ကဒုံကနိကျေးရွာအရှေ့ဘက် ရေမိုင် ၁ဝဝ ခန့် ရေပြင်တွင်ငါးဖမ်းနေသည့် ငါးဖမ်းစက် လှေပေါ်၌ အလုပ်လုပ်ကိုင်သည့် ဖျာပုံမြို့ (၁၇)ရပ်ကွက်နေ ကျော်မင်းခိုင်(၃၃ နှစ်)၊ တစ်ရပ်ကွက်တည်းနေ မြင့်ဦး(၄၃ နှစ်) နှင့် မြင့်ထူးတို့သည် ငါးဖမ်းပိုက်အား ဆွဲတင်စဉ် အချင်းများပြီး မြင့်ဦးက ပိုက်ဖာသည့် ဓားဖြင့်ထိုးရာ ကျော်မင်းခိုင်တွင် ဒဏ်ရာများ ရရှိသေဆုံးသွား၍ မြင့်ဦးအား ကဒုံကနိနယ်မြေရဲစခန်းက အရေးယူထားကြောင်း သိရသည်။

ကိုရဲ
Myanmaalinn

No comments:

Post a Comment