Latest News

Friday, February 17, 2017

တောင်ကိုရီယား ဆမ်းဆောင်ကုမ္မဏီအကြီးအကဲ ဖမ်းဆီးခံရ


လာဘ်စားမှု အရှုပ်တော်ပုံအတွက် ဆမ်းဆောင်းကုမ္မဏီ ဒုတိယ ဥက္ကဌအဖမ်းခံရ
တောင်ကိုရီယားတရားရုံးတစ်ရုံး ဟာဆမ်းဆောင်းကုမ္မဏီအကြီးအကဲ ဂျေရမ်လီကိုဖမ်းဆီးဖို့ အမိန့်ထုတ်လိုက်လိုက်ပါတယ်။
ဂျေရမ်လီဟာ စွပ်စွဲပြစ်တင်ခံရတဲ့ သမ္မတပတ်ဂွန်ဟေးရဲ့ အကျင့်ပျက်ခြစားမှုနဲ့ ဆက်နွယ်မှု အရှုပ်ထွေးနဲ့ပက်သက်ပြီး လဘ်ငွေပေးမှုအပြင်အခြားစွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဂျေရမ်လီ ဟာ သူရဲ့ဆမ်းဆောင်းကုမ္မဏီအတွက် ကူညီထောက်ပံမှုတွေရဖို့ အပြန်လှန် အနေနဲ့ သမ္မတ ပတ်ဂွန်းဟေးရဲ့ အရင်းနှီးဆုံးမိတ်ဆွေ ချိုဆွန်ဆီ တည်ထောင်ထားတဲ့ဖောင်ဒေးရှင်းကို ၀မ် ၃၄ ဘီလီယံ ထည့်ဝင်ခဲ့တယ်လို့ တောင်ကိုရီယား အထူးစုံစမ်းရေး ရှေ့နေတွေကစွပ်စွဲထားပါတယ်။

ဆမ်းဆောင်ကုမ္မဏီကို အကြီးအကဲကို အစောပိုင်းတည်းက ဖမ်းဆီးဖို့ စီစဉ်ခဲ့ပေမယ့်   ထိုစဉ်အချိန်က လက်တွေဖမ်းဆီးတာတွေမလုပ်ခဲ့ဘဲ စုံစမ်းစစ်ဆေးတာတွေ သာလုပ်ခဲ့ပါတယ်။
 ဆမ်းဆောင်ကုမ္မဏီ နဲ့ ကုမ္မဏီအကြီးအကဲဖြစ်သူ လီဂျေရမ်ကတော့ အမှားအယွင်းတစ်စုံတရာမလုပ်ခဲ့ဘူးလို့ တုံပြန်ထားပါတယ်။

 ဒါအပြင်ဆမ်းဆောင်းကုမ္မဏီ တာဝန်ရှိသူတွေက ကုမ္မဏီအကြီးအကဲ လီဂျေရမ် ဖမ်းဆီးခံရပေမယ့် ဆမ်းဆောင် စီးပွားရေးလုပ်ငန်းစုကို ထိခိုက်မှု မရှိဘူးလို့ ပြောပါတယ်။
 တောင်ကိုရီယား အထူးစုံစမ်းရေးရှေနေ့တွေ ဟာ ဇန်န၀ါရီက လီဂျေရမ်ကို စုံစမ်းမေးမြန်းတာတွေလုပ်ခဲ့ပြီးအခုသီတင်းပတ်ထဲ ထပ်မံမေးမြန်းမှုတွေလုပ်မှာဖြစ်ပါတယ်။
ref can
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်

No comments:

Post a Comment