Latest News

Thursday, February 9, 2017

ဦးကိုနီနဲ့ ဦးနေ၀င်းတို့အတွက် ဘာသာပေါင်းစုံဆုတောင်းပွဲကျင်းပ

ဦးကိုနီနဲ့ ဦးနေ၀င်းတို့အတွက် ဘာသာပေါင်းစုံဆုတောင်းပွဲကျင်းပ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ရဲ့ ဥပဒေအကြံပေး ဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေဝင်းတို့ကို စံနမူနာကောင်းအဖြစ်မှတ်ယူပြီး ဘာသာပေါင်းစုံက ပြည်သူတွေဟာ မိသားစုသဖွယ် လက်တွဲဆောင်ရွက်ကြဖို့ ကချင်ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးထွန်းတင်က တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သေဆုံးခဲ့ရတဲ့ ဦးကိုနီနဲ့ ဦးနေဝင်းတို့အတွက် မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်က City Park Royal ခန်းမမှာ ဒီကနေ့ ပြုလုပ်တဲ့ ဘာသာပေါင်းစုံ ဝတ်ပြုဆုတောင်းပွဲမှာ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးထွန်းတင်က အဲဒီလိုပြောလိုက်တာပါ။

ဒီကနေ့ဆုတောင်းပွဲမှာ ဦးကိုနီနဲ့ ဦးနေ၀င်းတို့အတွက် ဗုဒ္ဓဘာသာဘုန်းတော်ကြီးနဲ့ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ စတဲ့ဘာသာတွေက ဘာသာရေးဆရာတော်တွေ အပါအဝင် ဘာသာပေါင်းစုံက မေတ္တာပို့ ဆုတောင်းပေးခဲ့ကြပါတယ်။

အခမ်းအနားကို လွှတ်တော် ကိုယ်စားလှယ်တချို့နဲ့ NLD ပါတီဝင်တွေအပါအဝင် မြစ်ကြီးနားမြို့နဲ့ အနီးတဝိုက်မှာနေထိုင်ကြတဲ့ ဘာသာပေါင်းစုံက ပြည်သူတွေတက်ရောက်ခဲ့ကြပါတယ်။

Photo: Kyaw Myo Min/ RFA

(ဦးကိုနီနဲ့ ဦးနေ၀င်းတို့အတွက် ဖေဖော်ဝါရီလ ၉ ရက်နေ့က မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်က City Park Royal ခန်းမမှာ ဘာသာပေါင်းစုံဆုတောင်းပွဲကျင်းပတာကို တွေ့ရစဉ်)
RFA

No comments:

Post a Comment